《 Chapter 35 》

1.9K 337 5
                                    

{Unicode}

အခန်း (၃၅) - Lollipop

ကလေးတွေအားလုံးက သူတို့ရဲ့ထိုင်ခုံတွေမှာ ထိုင်နေကြပြီး ကလေးနှစ်ယောက်၊ သုံးယောက်လောက်က ပူးကပ်ထိုင်ကာ မနေ့က အဖြစ်အပျက်တွေအကြောင်း ပြောဆိုနေကြတယ်။

သူတို့က နေ့စဉ်နေ့တိုင်း အိမ်မှာဖြစ်ပျက်သမျှ ကိစ္စတွေကို မျှဝေတတ်ကြပြီး မူကြိုကျောင်းက ကိစ္စတွေကိုလည်း အိမ်မှာ ပြန်ပြောပြတတ်ကြတယ်။

အတန်းတက်ရမဲ့အချိန်ရောက်ပြီ။

ရှန်မုအန်းလက်ခုပ်တီးပြီး ကလေးအားလုံးရဲ့အာရုံကို အရယူလိုက်တယ်။ သိသိကြီးနဲ့ သူမေးလိုက်တယ်၊ "ဒီနေ့ ပုံပြင်ပြောပြရမှာ ဘယ်သူ့အလှည့်လဲ?"

"သမီးအလှည့်ပါ!" လက်တဖက်မှာ ပုံပြင်စာအုပ်ကိုကိုင်ပြီး နောက်တဖက်ကို ခပ်မြင့်မြင့်လေး မြှောက်ထားတဲ့ ခယ်ခယ်က ထရပ်လိုက်တယ်။ သူ့မျက်လုံးတွေထဲမှာ ကြယ်လေးတွေ ရှိနေသလိုမျိုး တောက်ပလို့နေတယ်။

ခယ်ခယ်က ဒီလိုနေ့မျိုးကို အချိန်အကြာကြီး စောင့်စားလာခဲ့ရတာ။ ဒီနေ့အတွက် သူ့ရဲ့စာအုပ်စင်ကနေ စာအုပ်တွေကို အကြိမ်ပေါင်းမြောက်များစွာ လှန်လှောရှာဖွေခဲ့ရတယ်။ သူက ဖေဖေပြောပြတဲ့ နတ်သမီးပုံပြင်တွေကို နားထောင်ရတာ အကြိုက်ဆုံးပါပဲ။ ညစဉ်ညတိုင်း ဖေဖေက သူ့ကို အိပ်ယာဝင်ပုံပြင်လေးတွေ ပြောပြလေ့ရှိတယ်၊ အဲ့ဒါကြောင့် ဒီနေ့မှာ သူကလည်း လူတိုင်းကို အိပ်ယာဝင်ပုံပြင်လေးတွေ ပြောပြပေးတော့မှာလေ!

ခယ်ခယ်က သူ့ဖေဖေ သူ့ကို ပြောပြထားတဲ့အရာတွေကို လူတိုင်းထံ ဝေမျှပေးချင်ခဲ့တယ်။

သူ့ဖေဖေက နည်းနည်းကြောက်စရာကောင်းတဲ့ပုံပေါက်ပေမဲ့ တကယ်တော့ သူက အရမ်းကြင်နာတတ်တဲ့သူဆိုတာ လူတိုင်းကို သိစေချင်‌တယ်။

"ကဲ... ဒီနေ့ ဆရာတို့ကို ပုံပြင်ပြောပြပေးမဲ့ ခယ်ခယ့်ကို ဖိတ်ခေါ်လိုက်ကြရအောင်" ရှန်မုအန်းအသံက အေးဆေးပြီး နှစ်လိုဖွယ်ကောင်းတာကြောင့် လူတိုင်းရဲ့အာရုံကို အလွယ်တကူ ဖမ်းစားနိုင်တယ်။

"ဟုတ်~" ကလေးတွေက တညီတညွတ်တည်းပြောရင်း သူတို့ရဲ့အကြည့်တွေက ခယ်ခယ်ပေါ် ကျရောက်ကုန်ကြတယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now