《 Chapter 50 》

1.6K 323 11
                                    

{Unicode}

အခန်း (၅၀) - သူ ရေချိုးနေတယ်

"ကိုကိုတို့ ရန်ဖြစ်ကြတာလားဟင်?"

ဒီစကားကိုကြားတော့ ရှန်ဖန်းချီခမျာ သူ့မျက်နှာကို မကွယ်ဘဲ မနေနိုင်တော့ဘူး။

ချူယီက ဒီအကြောင်းနဲ့ပတ်သတ်ပြီး ခဏလောက် တွေးလိုက်မိပေမဲ့ ဒီညီအကိုနှစ်ယောက်က ဘယ်လောက်တောင် အဆင်ပြေပြေရှိကြတယ်ဆိုတာကို သတိရသွားပြီး ရန်ဖြစ်သတ်ပုတ်ကြတယ်ဆိုတာမျိုး မဖြစ်နိုင်ဘူးလို့ တွေးမိလိုက်တယ်။ မထင်မှတ်ဘဲ ဒီကောင်လေးက တိုက်ရိုက်ကြီး ထုတ်မေးရဲတယ်ပေါ့။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကွာ?" ရှန်မုအန်းခမျာ မထိန်းချုပ်တော့ဘဲ ရယ်ချလိုက်ရင်းကနေ သူ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ပြည့်နှက်နေတဲ့ ယွေ့ယွေ့ရဲ့မျက်နှာလေးကို ဖျစ်ညှစ်လိုက်မိတယ်။ ဒီကောင်လေးခမျာ သူတို့နှစ်ယောက်ရန်ဖြစ်ကြတယ်လို့ ဘယ်လိုတောင်တွေးချလိုက်သလဲဆိုတာ သူ မသိတော့ဘူး၊ "ငါတို့နှစ်ယောက်က ရန်ဘယ်တော့မှမဖြစ်ဘူးလေ"

"ဒါပေမဲ့ သား မနေ့ညတုန်းက အသံအကျယ်ကြီး ကြားလိုက်ရတာ" ယွေ့ယွေ့က သူ့အင်္ကျီအစွန်းလေးကို ဆွဲဆုပ်ထားခဲ့တယ်။ မနေ့ညက သူအသံကျယ်ကြီးကို တကယ်ကြားခဲ့တာ။ နောက်ပြီး သူအိပ်ရာထတဲ့အချိန်မှာ ရှန်မုအန်းနဲ့ ရှန်ဖန်းချီတို့ ဒဏ်ရာရထားကြတာကို တွေ့လိုက်ရတယ်။ သူ့အလိုလိုသိစိတ်က နှစ်ယောက်သား ရန်ဖြစ်ကြတယ်လို့ပဲ တွေးလိုက်မိတယ်။

ချူစစ်ယွမ်က သူ့ခေါင်းလေးကို ကုတ်လိုက်တယ်။ သူလည်း အိပ်မက်ထဲမှာ အသံတသံ ကြားလိုက်ရသလိုပဲ၊ သူတို့တွေ တကယ်ကြီး ရန်ဖြစ်နေကြတာများလား?

"ဆရာအန်းအန်း၊ ဆရာနိုင်သွားလားဟင်?" ချူစစ်ယွမ်က မေးလာတယ်၊ သူ့အာရုံတွေက ရန်ဖြစ်တဲ့အပေါ်မှာ မရှိဘဲ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးတယ်ဆိုတာပေါ်မှာသာ ရှိနေခဲ့တယ်။

"... ရန်ဖြစ်တာမဟုတ်ပါဘူးလို့ ပြောပြီးပြီလေ" ရှန်မုအန်း ကူကယ်ရာမဲ့သလို ခံစားနေရတယ်၊ သူ့အကြည့်တွေကို ရှောင်လွှဲနေပြီး ဘာမှမဖြစ်ထားသလို ဟန်ဆောင်နေတဲ့ သူ့အကိုကြီးကို တချက်လှမ်းကြည့်လိုက်တယ်။ သူက ဘာမှလည်းမသိသလို ဝင်လည်းမပါဘူးလို့ မင်းတို့တွေ တွေးနေကြမှာပေါ့။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now