《 Chapter 29 》

2.1K 414 23
                                    

{Unicode}

အခန်း (၂၉) - သေရေးရှင်ရေးကာလ သတိပေးချက်

ထိုလူက ရှန်မုအန်းကို စိုက်ကြည့်နေရင်းကနေ မတ်တပ်ထရပ်ပြီး ရှန်မုအန်းဆီ လျှောက်လာကာ သူ့အား အပေါ်တပြန် အောက်တပြန် စိုက်ကြည့်လို့နေတယ်။

"ဒီဖက်က နှင်းဆီအတန်းက မစ္စတာရှန်မုအန်းပါ။ ကလေးတွေကတော့ သူ့ကို ဆရာအန်းအန်းလို့ ခေါ်ကြပါတယ်" လေထုက အနည်းငယ် ဆိုးဝါးနေပုံရတာကြောင့် ကျောင်းအုပ်ကြီးက ကြားဖြတ်ဝင်ပြောကာ သူတို့အချင်းချင်းကို မိတ်ဆက်ပေး‌လိုက်တယ်၊ "ဒီဖက်ကတော့ ရှန်းလျန်၊ မစ္စတာရှန်းပါ၊ သူကတော့ ရှန်းခယ်ခယ်ဆိုတဲ့ ဒီကလေးအသစ်ရဲ့အဖေပေါ့"

ရှန်မုအန်းကိုကြည့်နေတဲ့ သူ့အကြည့်တွေကနေ လေဆာအလင်းတန်းတွေ ထွက်လာတော့မယောင်ပင်၊ "ခင်ဗျားရဲ့အကို ရှန်ဖန်းချီကို ကျုပ်သိတယ်" ရှန်းလျန်က ပြတ်ပြတ်သားသား ပြောလာတယ်။

ရှန်မုအန်းက အမှားအယွင်းတစုံတရာကို သတိမထားမိသလိုနဲ့ ခေါင်းညိတ်ပြလိုက်ရင်း၊ "ဟုတ်ကဲ့"

ရှန်းလျန်က ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး ရှန်မုအန်းပုခုံးကို ပုတ်လိုက်တယ်၊ "ခင်ဗျားနဲ့ ခင်ဗျားအကိုက တော်တော်တူတာပဲ၊ ကျုပ် တခြားသူတွေကိုကြည့်လိုက်ရင် သူတို့ခမျာ အကြောက်လွန်ပြီးတော့ သေတော့မတတ်ဖြစ်နေကြတာ"

"အပြင်ပန်းကြည့်ရုံလောက်နဲ့ လူတွေကို အကဲဖြတ်လို့မရပါဘူး" ရှန်မုအန်းက ရှန်းလျန်ရဲ့လက်ကို အသာလှည့်ရှောင်လိုက်တယ်။ တဖက်လူက ကြောက်စရာကောင်းတယ်လို့ သူ မထင်ပေမဲ့ သူ့အပေါ် သုံးထားတဲ့အားက မနာကျင်ရဘူးလို့ မဆိုလိုဘူး။

ရှန်းလျန်ရဲ့လက်တွေက အားကောင်းလွန်းလှတယ်။

ရှန်းလျန်ကလည်း ဒါကို သတိထားမိသွားပြီး အဲ့ဒီအစား ရှန်မုအန်းကျောကို သူ့လက်တွေနဲ့ ပုတ်လိုက်ကာ သူ့သမီးလေးကို ကောက်ချီလိုက်တယ်၊ "ခယ်ခယ်၊ ဒီကိုလာ၊ ဆရာအန်းအန်းလို့နှုတ်ဆက်လိုက်"

"မင်္ဂလာပါ၊ ဆရာအန်းအန်း" ရှန်းခယ်ခယ်က သူ့မျက်လုံးလေးတွေကို တဖျတ်ဖျတ်ခတ်နေတယ်။ ရှန်မုအန်းကိုကြည့်လိုက်ချိန်မှာ သူမက အနည်းငယ် ရှက်နေပုံပေါ်နေပေမဲ့ အရမ်းကြီးလန့်နေတာမျိုးတော့ မဟုတ်ဘူး။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now