《 Chapter 27.1 》

2.5K 424 12
                                    

{Unicode}

အခန်း (၂၇) - Three in One (အပိုင်း ၁)

"ကျွန်တော် ခင်ဗျားကို ပြန်ပို့ပေးမယ်နော်" ချူယီက ခရီးသည်ထိုင်ခုံနေရာမှာ ထိုင်နေတဲ့ ရှန်မုအန်းကို ပြောလာတယ်။

"ကျေးဇူးတင်ပါတယ်ဗျာ၊ ဒီနေ့တော့ ကျွန်တော် ခင်ဗျားကို ဒုက္ခတွေပေးနေမိပြီ" ရှန်မုအန်း ရယ်ချင်နေပေမဲ့ မရယ်နိုင်တာကို သိလိုက်ရတယ်။

ချူယီက ရှန်မုအန်းတယောက် ပြတင်းပေါက်ကနေ ငေးကြည့်နေတာကို အနှောင့်အယှက်ဖြစ်သွားမှာ စိုးရိမ်တာကြောင့် ကားကို ဖြည်းဖြည်းလေး မောင်းနှင်လာခဲ့တယ်။ သူဘာတွေစဉ်းစားနေသလဲဆိုတာတော့ ချူယီလည်း မသိဘူး။

သူတို့ကားနောက်ကလိုက်လာတဲ့ ယာဉ်ထိန်းရဲက သူ့ဆိုင်ကယ်ကို သူတို့ကားဘေးနားမှာ စီးနင်းရင်း၊ "ကျေးဇူးပြုပြီး ပုံမှန်အရှိန်နဲ့ မောင်းနှင်ပေးပါ" အမြန်နှုန်းက နှေးလွန်းနေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်တယ်။

"တောင်းပန်ပါတယ်ဗျ" ချူယီက ခေါင်းညိတ်ပြပြီး အရှိန်မြှင့်ကာ ပုံမှန်အရှိန်နှုန်းနဲ့ မောင်းထွက်လာခဲ့တယ်။

သူ့မျက်လုံးထောင့်ကနေ ရှန်မုအန်းကို တချက်လှမ်းကြည့်လိုက်တော့ တဖက်လူက ပြုံးပြုံးလေးဖြစ်နေတာကို တွေ့လိုက်ရတယ်။

အတုအယောင်အပြုံးမျိုးမဟုတ်ဘဲ တကယ့်အပြုံးအစစ်ပင်။

ချူယီတယောက် အခုလေးတင် သူကားမောင်းလာတဲ့အမြန်နှုန်းကို တွေးမိပြီး မရယ်ဘဲမနေနိုင်အောင် ဖြစ်သွားရတယ်။ ဒီကိစ္စသေးသေးလေးကြောင့် စောစောက လေးလံနေတဲ့ လေထုကြီးက ချက်ချင်းဆိုသလို ပေါ့ပေါ့ပါးပါးလေး ဖြစ်သွားတော့တယ်။

လမ်းတလျှောက်လုံး လူနှစ်ယောက်က တိတ်ဆိတ်နေကြသော်ငြား လေထုက အလွန်အမင်း သဟဇာတရှိလှတယ်။

မကြာခင်မှာပဲ ရှန်မုအန်းနေထိုင်တဲ့ရပ်ကွက်ကို သူတို့ရောက်ရှိလာခဲ့ကြတယ်။ မိနစ်အနည်းငယ်အကြာ ချက်ကျလက်ကျ စဉ်းစားပြီးတဲ့နောက် သူချူယီ့ကို ကျေးဇူးတင်စကားပြောပြီး ကားထဲကနေ ထွက်လိုက်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now