《 Chapter 10 》

3.6K 595 17
                                    

{Unicode}

အခန်း (၁၀) - ဦးလေး သားကိုရိုက်တယ်!

မနက်စောစောစီးစီး ရှန်မုအန်းတယောက် အိပ်ပျော်နေပေမဲ့ သူ့အိပ်ယာပေါ်မှာ တခုခုရှိနေတဲ့ ခံစားချက်ကြီးကြောင့် နိုးလာခဲ့တယ်။ သူ့ကိုတယောက်ယောက်က ဖိထားသလိုမျိုး သူ့ရင်ဘတ်ပေါ်မှာ အနည်းငယ် လေးပင်တဲ့အရာတခုရှိနေတာကို ခံစားမိလိုက်တယ်။

အိပ်ချင်စိတ်နဲ့ ဒါက ဘာလဲဆိုတာကို သိချင်စိတ်က သူ့စိတ်ထဲမှာ လွန်ဆွဲနေတယ်။ သူနောက်ဆုံးတော့ ဘာတွေဖြစ်နေတာလဲဆိုတာကို မျက်လုံးဖွင့်ကြည့်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ မျက်လုံးဖွင့်လိုက်ချိန်မှာတော့ ရှန်မုအန်းတယောက် အံ့ဩသွားရတော့တယ်။

ချူစစ်ယွမ်က ရှန်မုအန်းရဲ့ရင်ဘတ်ပေါ်ခေါင်းမှီထားပြီး ချုယီ့မျက်နှာဆီ သူ့ခြေထောက်တွေကို ဆန့်တန်းထားခဲ့တယ်။

"..." ရှန်မုအန်း ကြက်သေ,သေနေမိတယ်။ မနေ့က ချူစစ်ယွမ်နဲ့ ချူယီတို့ကို သူ့အခန်းမှာထား,ထားခဲ့ပြီး သူကတော့ သူ့အကိုနဲ့သွားအိပ်ခဲ့တာဖြစ်တယ်။

ညကျတော့ အိပ်ချင်မူးတူးနဲ့ သူ့အိပ်ယာဆီပြန်လာမိလိမ့်မယ်လို့ သူထင်မထားခဲ့မိဘူး။ ကံကောင်းချင်တော့ သူတို့မနိုးကြသေးတာပဲ... မဟုတ်ရင် သောက်ရမ်းရှက်ဖို့ကောင်းနေမှာ။

သူ့ဘေးက လူကြီးနဲ့ ကလေးတို့က အိပ်ပျော်နေဆဲမှာပဲ ရှန်မုအန်းက ချူစစ်ယွမ်ရဲ့ခေါင်းကို ခေါင်းအုံးပေါ် အသာလေးတင်ပေးပြီး အခန်းထဲကနေ သူ့ဘာသာသူ တိတ်တိတ်လေး ထွက်လာခဲ့တယ်။ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ရင်း သူ့တကိုယ်လုံးမှာ စကားလုံးနှစ်လုံးရေးထားသလို ခံစားနေရတယ်-လုံးဝကို ရှက်ကိုးရှက်ကန်းဖြစ်နေ။

ရှန်မုအန်းထွက်သွားတာနဲ့ ချူယီက သူ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်လေးတွေက အနည်းငယ် ကွေးညွတ်နေတဲ့အပြင် သူ့မျက်လုံးတွေက ရယ်မြူးရိပ်တွေသမ်းနေခဲ့တယ်။ မနေ့ညက ရှန်မုအန်းတံခါးဖွင့်လိုက်တဲ့အချိန်မှာ ချူယီနိုးနေခဲ့တာဖြစ်တယ်။ အိပ်နေရင်းယောင်ပြီး လမ်းထလျှောက်သလိုမျိုး သူ့မျက်လုံးတွေမှိတ်ထားရင်းနဲ့ ချူစစ်ယွမ်ဘေးက အိပ်ယာပေါ်မှာ သူ(ရှန်မုအန်း)လှဲအိပ်လိုက်တာကို သူ(ချူယီ)စောင့်ကြည့်နေခဲ့တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now