《 Chapter 31 》

2.2K 395 4
                                    

{Unicode}

အခန်း (၃၁) - အငယ်လေးက ဘယ်သူလဲ?

အသစ်ရောက်လာတဲ့ ခယ်ခယ်နဲ့ ချူစစ်ယွမ်ကိုကြည့်ရတာ တော်တော်လေး အဆင်ပြေနေပုံရတယ်လို့ ရှန်မုအန်းသတိထားမိတယ်၊ သူတို့က အတန်းထဲမှာ အတူတူတောင် ထိုင်နေကြတာပဲ။

သို့ပေမဲ့ ရှန်မုအန်း မသိလိုက်တာက သူတို့လေးယောက်က အပေါ်ယံမြင်ရသလိုမျိုး သင့်သင့်မြတ်မြတ် မရှိဘူးဆိုတာပါပဲ။ သူတို့တယောက်ချင်းစီရဲ့စိတ်ထဲမှာ တစုံတခုကို ကိုယ့်ဘာသာကိုယ် ကျိတ်ကြံနေကြတာဖြစ်တယ်။

လူတိုင်းက မတူညီတဲ့ အနေအထားတခုမှာ ရှိနေကြပြီးတော့ တခြားသူတွေကို အနိုင်ယူချင်နေကြတယ်။

သို့ပေသည့် သူတို့တွေ ရှန်မုအန်းကိုတွေ့တဲ့အချိန်တိုင်း တယောက်နဲ့တယောက် အရမ်းကိုရင်းနှီးနေကြသလို ဟန်ဆောင်နေကြပြီး နောက်ဆရာတယောက်ရောက်လာပြီဆိုရင်ဖြင့် အချင်းချင်း ပြန်လျစ်လျူရှုလိုက်ကြတယ်။

ကလေးတွေကြားက သဘောထားကွဲလွဲမှုတွေက ပုံမှန်အားဖြင့် ခဏတာမျှသာ ကြာမြင့်တတ်တယ်၊ အလွန်အကျွံမဖြစ်လာသရွေ့ ဆရာတွေက ဒီအတိုင်းထားလိုက်ကြတာများတယ်။

ပုံမှန် စနောက်လေ့ရှိကြတဲ့ အရွယ်ရောက်ပြီးသူတွေတောင် တကယ်တမ်း မကောင်းတဲ့ အသုံးအနှုန်းတွေ သုံးနှုန်းတတ်ကြပေမဲ့ ကလေးတွေရဲ့အမူအရာကတော့ ပိုမိုရိုးရှင်းလှတယ်။

'ကလေးတွေကို ခဏခဏ အတူတူတွေ့ရတတ်တယ်၊ ကြည့်ရတာ ဆက်ဆံရေးက သူထင်သလောက် မဆိုးတဲ့ပုံဘဲ၊ ဖြစ်နိုင်တာက သူတို့လေးတွေ ဂိမ်းဆော့နေကြတာများလား?'

ရှန်မုအန်း သူတို့လေးယောက်ကြားမှာ ပဋိပက္ခသေးသေးလေးတခုရှိနေတာကို သတိမထားမိပေမဲ့ ဒီလိုအရာတွေက ပုံမှန်ပဲဖြစ်ကာ မိသားစုဝင်တွေကြားမှာတောင် ပဋိပက္ခတွေ ပေါ်လာတတ်တာမျိုးဖြစ်တယ်။

. . .

အရင်က ချူစစ်ယွမ်တယောက် ခယ်ခယ့်ကိုကြောက်တာကြောင့် ဆရာအန်းအန်းကို အပြေးသွားရှာခဲ့တယ်၊ သို့ပေမဲ့ ဒီဟာက ဆရာအန်းအန်းတယောက် သူတို့ကို အနီးကပ် စောင့်ကြည့်တာကိုပဲ ဖြစ်စေလိမ့်မယ်လို့ သူမျှော်လင့်မထားခဲ့မိဘူး။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now