《 Chapter 25 》

2.5K 410 3
                                    

{Unicode}

အခန်း (၂၅) - ဖော်ထုတ်ခြင်း (သို့မဟုတ်) ဖော်ထုတ်ခံလိုက်ရခြင်း

ချူယီနဲ့ သူ့ယောက်ဖအကြား ဖန်းရွှိက ရုတ်တရက်ကြီး ဘာလို့ profile picture ပြောင်းသွားကြရတာလဲဆိုတာကို သူ့ယောက်ဖကိုပဲ မေးကြည့်ဖို့ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့တယ်။ သူလည်း အဲ့ဒီပုံကို တချက်ကြည့်ချင်မိတယ်၊ အဲ့ဒါက ကျီးကျီးနဲ့တူရောတူလို့လား။

ဆွဲထားတာကိုကြည့်ရတာတော့ အရမ်းကိုတော်လွန်းတယ်၊ ဒါပေမဲ့ ဒီပုံက ဘယ်သူ့လက်ရာလဲဆိုတာကိုတော့ သူ မဖမ်းနိုင်ဘူး။

သူ့ယောက်ဖရဲ့အကျင့်အရ သူ့ profile picture ပြောင်းချင်တယ်ဆိုရင်ဖြင့် သူ့ကလေးပုံမဟုတ်ဘဲ သူ့မိန်းမပုံကိုပဲ ပြောင်းလိုက်လိမ့်မယ်။ သူ့အမအတွက်တော့ ဒီလိုပုံမျိုးကို profile picture ပြောင်းတာက ပုံမှန်ပဲဖြစ်တယ်။ အဲ့ဒါကြောင့် သူ့အမအစား သူ့ယောက်ဖဖြစ်နေတာကြီးကို နည်းနည်းထူးဆန်းတယ်လို့ သူထင်နေမိတယ်။

နောက်ပြီး ချူယီကပါ အလားတူ avatar မျိုးကို ပြောင်းထားခဲ့တယ်။ ဖုန်းရွှိပုံကို click နှိပ်ပြီး ကြည့်လိုက်တော့ တချက်ကြည့်လိုက်ရုံနဲ့တင် ဒီပုံက ချူစစ်ယွမ်ကို ဆွဲထားတာမှန်း သူသိလိုက်တယ်။

နေစမ်းပါဦး... သူ့ယောက်ဖနဲ့ ချူယီ့ရဲ့ပုံတွေက ဘာလို့ဒီလောက်ဆင်တူနေရတာလဲ?

ဖန်းရွှိတယောက် သူ့အမကို သွားတွေ့ခဲ့ပေမဲ့ အရင်အတိုင်း ပြောင်းလဲမှုမရှိပေ။

အခုချိန်မှာ ဖန်းရွှိရဲ့ဒေါသတွေက အထွတ်အထိတ်ကိုရောက်နေပြီဖြစ်တယ်။

ဖန်းရွှိက သူ့ယောက်ဖကို အပြင်းအထန် ရှာဖွေပြီးတော့ ရှင်းရှင်းလင်းလင်းသာ မေးလိုက်ချင်တော့တယ်။ သူက ဘာလို့ သူ့နောက်ကွယ်မှာ ချူယီဆိုတဲ့ကောင်နဲ့ပေါင်းပြီး လှည့်စားမှုသေးသေးလေးတွေ ကျိတ်လုပ်နေရတာလဲ?

သူနဲ့ ချူယီက ဒီထက်ပိုပြီး ဘယ်လိုမှ အဆက်အဆံလုပ်လို့မရတော့ဘူးဆိုတာ သူ့ယောက်ဖလည်း သိရဲ့သားနဲ့၊ အဲ့ဒါကိုတောင် သူက ဒီလိုလုပ်ရက်တယ်ပေါ့! ဖန်းရွှိခမျာ သစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရတယ်!

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now