《 Synopsis 》

19.4K 922 20
                                    

{Unicode}

ရှန်မုအန်းက မူကြိုကျောင်းဆရာတစ်ယောက်ဖြစ်တယ်။ သူက သွေးထွက်သံယိုများတဲ့ ဒရာမာဝတ္ထုတွေကို ဖတ်ရတာနှစ်သက်လေ့ရှိတယ်။ ရုတ်တရက် တစ်နေ့မှာ၊ သူနေထိုင်တဲ့ကမ္ဘာက စာအုပ်ထဲကကမ္ဘာနဲ့ ပေါင်းစပ်သွားခဲ့တယ်။ ကျောင်းပြောင်းလာကြတဲ့ မူကြိုကလေးငယ်တွေက ဝတ္ထုထဲကဗီလိန်တွေဖြစ်နေကြတာကို သူတွေ့ရှိလိုက်ရတော့တယ်။

ဗီလိန်နံပါတ် ၁ မျက်နှာဝိုင်းဝိုင်း၊ အစ်တစ်တစ်အသံလေးနဲ့ ကောင်မလေးရဲ့လက်ကို သူကိုင်ထားတဲ့အချိန်မှာ မျက်နှာကြီးနီရဲပြီး ရှက်နေတတ်တဲ့သူ။

ဗီလိန်နံပါတ် ၂ သူက တိရိစ္ဆာန်ငယ်လေးတွေကိုချစ်တတ်ပြီး စကားပြောရတာကို မကြိုက်တဲ့သူ။

ဗီလိန်နံပါတ် ၃ သူမက လှပတဲ့မင်းသမီးဝတ်စုံကိုနှစ်သက်ပြီး ကလေးတွေကို ရုပ်တည်ကြီးနဲ့ နတ်သမီးပုံပြင်တွေပြောပြတတ်တဲ့သူ။

ရှန်မုအန်းတစ်ယောက် ကြောင်အနေမိတယ်၊ ဒီပေါက်စီလုံးတွေက ဝတ္ထုထဲကဗီလိန်တွေတဲ့လား? တအားနူးညံ့နေသလားလို့?!

သူတို့လေးတွေရဲ့အနာဂတ်ကိုတွေးကြည့်လိုက်တော့ ရှန်မုအန်းတစ်ယောက် သူတို့လေးတွေကို မကောင်းတဲ့အတွေးအခေါ်တွေကနေ ဝေးဝေးရှောင်ရှားနိုင်အောင် သွန်သင်ပေးရမယ်လို့ သူဆုံးဖြတ်ချက်ချလိုက်တယ်၊ ဒါမှ စာအုပ်ထဲက ဇာတ်ကြောင်းအတိုင်းမဖြစ်မှာ!

တစ်နေ့ ရှန်မုအန်းက မျက်နှာခပ်တည်တည်နဲ့ ဗီလိန်တစ်ယောက်ကိုဆွဲခေါ်လာပြီး ပြောလိုက်တယ်။ "မင်း ငွေငါးသန်းဖြည့်ထားတဲ့ အစားအသောက်ကတ်ပြားကို ကောင်မလေးတွေကို အလွယ်တကူ ပေးလိုက်လို့မရဘူးလေ၊ သူတို့ရဲ့အနာဂတ်ကိုစဉ်းစားဦးမှပေါ့!"

နောက်ဆုံးစကားလုံးသုံးလုံးကိုသာကြားလိုက်တဲ့ ဥက္ကဋ္ဌတစ်ဦးမှ "ဟန်နီ၊ ကိုယ်မင်းကိုငါးသန်းပေးထားတယ်နော်!"

ရှန်မုအန်း : ????

ဒီ​ကောင်​​လေး ဘယ်​သူ့ဆီကသင်ထားတယ်ဆိုတာ သူသိသွားသလိုပဲ....

[ Moon : ဒါလေးက နောက်ထပ်ဗီလိန်ဝတ္ထုလေးပေါ့နော်။ ဒီတစ်ခါ ဇာတ်လိုက်ကျော်တွေကတော့ မူကြိုကလေးလေးတွေပါ။ EIC က survival, horror type ဆိုတော့ နည်းနည်း heavy ဖြစ်တော့ အပြောင်းအလဲလေးဖြစ်အောင် ဒါလေးကို pick လိုက်တာ။ တရုတ်လိုကတော့ complete ဖြစ်သွားပေမယ့် ETrans ကတော့ ongoing ပါ။ ဒီတော့ EIC နဲ့ ဒါလေးကို တစ်လှည့်စီပြန်ပေးမယ်ပေါ့နော်။ Update မမှန်ဘူးဆိုပေမယ့်လည်း ဖတ်ပေးကြပါဦးလို့ပဲပြောချင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်~ ]

******

{Zawgyi}









ရှန်မုအန်း : ????



{ 2021/12/11 - Saturday }

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now