ချစ်သောမဟာမောရိယ[Completed]

Da Yuki_Hana777

79.1K 9.2K 270

Title- Mahar Morria Start date - 12.12.2020 Genre - BL, Romance, Fantasy, Historical, Own Creation. Altro

အခန်း[၁]
အခန်း[ ၂ ]
အခန်း[၃]
အခန်း[၄]
အခန်း[၅]
အခန်း[၆]
အခန်း[၇]
အခန်း[၉]
အခန်း[၁၀]
အခန်း[၁၁]
အခန်း[၁၂]
အခန်း[၁၃]
အခန်း[၁၄]
အခန်း[၁၅]
အခန်း[၁၆]
အခန်း[၁၇]
အခန်း[၁၈]
အခန်း[၁၉]
အခန်း[ ၂၀]
အခန်း[ ၂၁]
အခန်း[ ၂၂]
အခန်း[ ၂၃]
အခန်း[ ၂၄]
အခန်း[ ၂၅]
အခန်း[ ၂၆]
အခန်း[ ၂၇]
အခန်း[ ၂၈]
အခန်း[၂၉]
အခန်း[၃၀]
အခန်း[၃၁]
အခန်း[၃၂]
အခန်း[၃၃]
အခန်း[၃၄]
အခန်း[၃၅]
အခန်း[၃၆]
အခန်း[၃၇]
အခန်း[၃၈]
အခန်း[၃၉]
အခန်း[၄၀]
အခန်း[၄၁]
အခန်း[၄၂]
အခန်း[၄‌၃]
အခန်း[၄၄]
အခန်း[၄၅]
အခန်း[၄၆]
အခန်း[၄၇]
အခန်း[၄၈]
အခန်း[၄၉]
အခန်း[၅၀]
အခန်း[၅၁]
အခန်း[၅၂]
အခန်း[၅၃]
တစ်ခန်းရပ်ပြဇာတ်
အခန်း[၅၄]
အခန်း[၅၅]
အခန်း[၅၆]
အခန်း[၅၇]
အခန်း[၅၈]
အခန်း[၅၉]
အခန်း[၆၀]
အခန်း[၆၁]
အခန်း[၆၂]
အခန်း[၆၃]
အခန်း[၆၄]
အခန်း[၆၅]
အခန်း[၆၆]
ဇာတ်သိမ်းပိုင်း
ဇာတ္သိမ္းပိုင္း

အခန်း[၈]

1.2K 158 0
Da Yuki_Hana777

ညချမ်းအချိန်ဆုမွန်မီးအိမ်မျှောခြင်းနှင့်သူစိမ်းမိန်းကလေးနှင့်တွေ့ဆုံခြင်း

ရက်အတော်ကြာ ခရီးနှင်လာခဲ့ပြီး ဟွားစစ် သည် ပဉ္စဒီပဏီ ငါးပြည်ထောင်စုထဲမှ မဟာမောရိယနွယ်ဝင်တို့ ထီးနန်းစိုက်ရာ ဥတ္တရဂန္တပြည်နယ်၏ ကျေးရွာကလေးတစ်ရွာသို့ ရောက်လာခဲ့သည်။

တစ်ရွာလုံးသည် ယမုံနာမြစ်ကမ်းဘေးရှိ မြေသြဇာကောင်းမွန်သော လယ်ယာမြေများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ကာ အသက်မွေးကြသည့် လယ်သမားရွာကလေးဖြစ်သည်။ ရွာကလေး၏ အနောက်ဘက်တွင် ဂန္တမာလာတောင်တန်းကြီးက မြင့်မြင့်သွန်းသွန်း ကာဆီးထားသည်။

ညနေဆည်းဆာချိန်တွင် နေမင်းသည် အနောက်မိုးကုပ်စက်ဝိုင်းဆီသို့ မဝင်ပဲ ထိုတောင်တန်းများအောက် နစ်မြှုပ်သွားသကဲ့သို့မြင်ရသည်။ ချိုးငှက်နှင့် ဘုတ်ငှက်များ၏ တွန်ကျူးသံကို ကြားရသည်။

ဟွားစစ်သည် အနှီလယ်သမားရွာငယ်လေးကို သဘောကျလှသဖြင့် ခေတ္တတည်းခိုရန် ရွာဦးရှိ ဧည့်ရိပ်သာဆီသို့ လှမ်းလာခဲ့သည်။ ဧည့်ရိပ်သာမှာ ခပ်နိမ့်နိမ့်လေးတည်ဆောက်ထားကာ မျက်စောင်းထိုး အနေအထားတွင် ညောင်ပင်ကြီးတစ်ပင်ရှိသည်။ ညောင်ပင်ကြီးမှာ နှစ်ပေါင်းရာချီရှိခဲ့သော အပင်ကြီးဖြစ်၍ ၎င်း၏ အမြစ်များမှာ မြေသားအပြင်ဘက်သို့ ထီးထီး ပေါ်ထွက်နေသည်။ ခပ်ဝိုင်းဝိုင်းသဏ္ဌာန်ရှိ ညောင်ရွက်များမှာ စိမ်းစိုနေကာ နေရာတော်တော်များများကို အရိပ်ရစေသည်။ ၎င်း၏ ပင်စည်တွင် လူအများနားနေရန် ကွပ်ပျစ်ကလေးတစ်ခု တည်ဆောက်ထားပြီး ထိုအနီးတွင် မောရိယန် ကလေးငယ်များ ဆော့ကစားနေကြသည်။

ဧည့်ရိပ်သာထဲတွင် တရေးတမော အိပ်စက်အနားယူပြီး ဟွားစစ်နိုးထလာသည့် အချိန်တွင် ရွာသူရွာသားများက စားစရာ သောက်စရာများ လာပို့ပေးထားကြသည်ကိုတွေ့ရသည်။ မြေအိုးဖြင့် ချက်ထားသော ပူပူနွေးနွေး ထမင်းတစ်အိုးနှင့် အသားများ အသီးအရွက်များကို ရောကျိုထားသော ဟင်းတစ်ခွက်၊ နွားနို့ကတစ်ခွက်ဖြစ်သည်။ ဟွားစစ်သည် အစားအသောက်လာပို့ပေးသူများကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရင်း ဆာလောင်နေသည့် ဝမ်းဗိုက်ကို ဖြည့်ရသည်။ စားသောက်ပြီးသောအခါ အညောင်းပြေ အညာပြေရွာလမ်းမထဲသို့ လမ်းလျှောက်ထွက်ခဲ့သည်။ ထူးဆန်းသည်မှာ တစ်ရွာလုံးရှိလူများသည် ရွာပြင်ဘက်သို့ တဖွဲဖွဲ သွားနေကြသည်။ သို့နှင့်သူသည် မောရိယန် ဘာသာစကားဖြင့် အနီးမှတွေ့သော လူတစ်စုအား မေးမြန်းကြည့်မိသည်။

"ဒီက အစ်ကိုတို့ ရွာပြင်ဘက်ကို ဘာသွားလုပ်ကြတာလဲရှင့်...၊ ရွာပြင်ဘက်မှာ ဘာပွဲရှိလို့လဲ...."

"သြော်... မိန်းကလေး မသိသေးဘူးကိုး...၊ ဒီနေ့က ငါတို့တိုင်းပြည်ရဲ့ အနာဂတ် ရှင်ဘုရင်လောင်းလျာလေးအတွက် မီးထွက်ပွဲနေ့လေ...၊ အဲ့ဒါကြောင့်မို့လို့ ငါတို့တစ်ရွာလုံး မင်းသားလေးအတွက် သွားဆုတောင်းပေးကြတာ... "

"ဘာ... ဘာ... ဘယ်လို..."

"ဟုတ်တယ်... ဟုတ်တယ်..ငါတို့အရှင်သခင်ရဲ့ သားတော်လေး(၇)ရက်ပြည့်လေ...."

ဟွားစစ်သည် ခေတ္တမျှ စဥ်းစားတွေးခေါ်လိုက်ပြီး နောက်ဆုံးတော့ သူသဘောပေါက်သွားသည်။ မောရိယ ဘုရင်၌ မိဖုရားရတနာ ရှိပေလိမ့်မည်။ သူနှင့် သူ့မိဖုရား၌ သားတော်တစ်ပါး ထွန်းကားခဲ့ချေပြီ....။ ဟွားစစ်သည် မောရိယ ဘုရင်ကိုမှ မသတ်ရသေး... နောက်ထပ် မွေးကင်းစ ရန်သူအသစ်ကလေးတစ်ယောက် ထပ်တိုးရပေပြီ။

သို့သော် သူနားလည်ပါသည်။ ဖခင်၏ လုပ်ရပ်အားလုံးကတော့ အခုမှမွေးသည့် ကလေးငယ်နှင့် တိုက်ရိုက်မသက်ဆိုင်ပေ။ ထို့ကြောင့်သူသည် အကယ်၍ မောရိယ ဘုရင်အား လက်စားချေခွင့်ရခဲ့လျှင် ကလေးငယ်ကိုတော့ မသတ်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

သို့ပေသိ ထိုကလေးငယ်ကတော့ နောင်တစ်ချိန်တွင် သူ့ဖခင်အား သတ်ခဲ့သည့် ဟွားစစ်ကို ပြန်လာသတ်နိုင်သည်။ ဤသို့ဖြင့် ပထမလူက ဒုတိယလူကိုသတ်၊ ဒုတိယလူ၏ သားက ပထမလူကိုသတ်၊ ပထမလူ၏ သားကလည်း ဒုတိယလူ၏ သားကိုပြန်သတ်ဖြင့် မဆုံးသော သံသရာစက်ဝန်း၏ ဘယ်နှပတ်မြောက်တွင် သူတို့ရပ်နေမိကြပြီလဲ မသိနိုင်။

ဤသို့ တွေးကြည့်ပါကလည်း သူသည် အမုန်း၊ ရန်ကြွေးနှင့် ဂလဲ့စားချေလိုစိတ်တို့ကို စွန့်လွတ်လိုက်သင့်သည်။ သို့သော် စွန့်လွတ်နိုင်ရန်အတွက်လည်း သိပ်ကိုခက်ခဲလှပါသည်။

ဟွားစစ်သည် ရွာသူရွာသားများနှင့်အတူ ရွာပြင်သို့လိုက်ထွက်လာကာ အဆုံးမှာတော့ သူတို့သည် ယမုံနာမြစ်ကမ်းနံဘေးသို့ ရောက်လာခဲ့ကြသည်။ ယမုံနာမြစ်ကမ်းနံဘေး သဲသောင်ခုံလေးတွင် များစွာသော မောရိယန်တို့မှာ ဆီစိမ်စက္ကူစများဖြင့် မီးအိမ်ရက်သူရက်၊ ဆုတောင်းသူကတောင်းဖြင့် အလုပ်ရှုပ်နေကြသည်။ မိန်းကလေးတစ်ဦးက သူ့အနီးသို့လာကာ စကားစမြည်ပြောနေခဲ့သည်။

"ဒီက ယောင်းမလေးက ဘယ်ကများ လာသလဲမသိဘူးနော်... နေ့လယ်က ဧည့်ရိပ်သာမှာ တွေ့လိုက်လို့လေ..."

"အာ... ထွေထွေထူးထူး ကိစ္စမရှိပါဘူး၊ ကျွန်တော်က... အဟွတ်... ကျွန်မက ဒီအတိုင်း ခရီးသွားတစ်ယောက်ပါ ဒီရွာလေးကို သဘောကျတာနဲ့ ဒီမှာ ရက်နည်းနည်းလောက် နေမလားလို့လေ..."

"သြော်... အဲ့လိုလား... ဒါဖြင့် ဧည့်ရိပ်သာမှာ မနေနဲ့လေ မမတို့အိမ် လိုက်နေပါလား... မိန်းကလေး ငယ်ငယ်လေးတစ်ယောက်ထဲ ဧည့်ရိပ်သာမှာနေရတာ မလုံခြုံဘူးထင်တယ်နော်.."

ဟွားစစ်သည် 'ငါက ယောက်ျားကြီးကွ' ဟု စိတ်ထဲမှ အော်ပြောမိရသည်။ အပြင်မှာတော့ ယဥ်ယဥ်ကျေးကျေးလေးဖြင့်....

"အာ... ရပါတယ်...၊ ရပါတယ်.. ကိစ္စမရှိဘူး ကျွန်မက ဒီလိုပဲ နေနေကြဆိုတော့..."

သို့သော် အနှီရွာသူမလေးက အလျော့မပေးချင်သေး...။

"ဒီလိုဆိုရင်လည်း ဧည့်ရိပ်သာမှာ လုံလုံခြုံခြုံ နေလို့ရအောင် မမရွာသူကြီးကို ပြောပြီး စီစဥ်ပေးပါ့မယ်... မမတို့ရွာက ဧည့်သည်မိန်းကလေးအပေါ် ရိုင်းပြမိမှာစိုးတယ်လေ.."

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ကျေးဇူးအများကြီး တင်ပါတယ်... ဒါနဲ့လေ ဒီမှာ ဘုရင့်သားတော် သမီးတော် တွေမွေးတိုင်း ဒီလိုပဲ ဆုတောင်းပေးကြသလား...."

မိန်းကလေးက ခေတ္တတော့ ကြောင်အသွားဟန်။ ထို့နောက်မှ သူသည် တိုင်းတစ်ပါးသားမှန်း ရိပ်စားမိပုံရသည်။ သူမ၏ မျက်နှာလေးမှာ ဝင်းပလာကာ စိတ်ဝင်တစား စပြောတော့သည်။

"မဟုတ်ပါဘူး...ဒီမှာ ဘုရင့်ရင်သွေးတော်တွေမွေးတိုင်း ဆုတောင်းပွဲလုပ်ကြတာတော့ မဟုတ်ဘူး၊ အခုက သားဦးမို့လို့လုပ်တာ.... သားဦးဆိုတာ ဦးဦးဖျားဖျား မျိုးဆက်တစ်ခုမှာ အရင်ဆုံး မွေးဖွားလာတဲ့ကလေးလေ... မဟာမောရိယတွေမှာ အယူအဆတစ်ခုရှိတယ်၊ အဲ့ဒါက အရင်ဦးဆုံးမွေးတဲ့ ကလေးက ကျန်းကျန်းမာမာနဲ့ ကောင်းကောင်းမွန်မွန် ကြီးပျင်းမှ နောက်ကလေးတွေလည်း ကံကောင်းမယ်လို့ ယူဆကြတာ....၊ အရင်ဦးဆုံးမွေးတဲ့သားဆိုတာ ကံကောင်းစေတဲ့ နတ်ဘုရားလိုပဲ... မိဘရဲ့ တာဝန်ကို ထမ်းဆောင်မယ်၊ ကျန်တဲ့ ညီငယ် ညီမငယ်တွေအတွက် ရှေ့ဆောင်လမ်းပြဖြစ်ရမယ်၊ နောက်ပြီး အဲ့ဒီမျိုးဆက်တစ်ခုရဲ့ ဦးဆောင်သူဖြစ်ရမယ်.... "

မိဘများသည် အရင်ဆုံးရသည့် ရင်သွေးဖြစ်သော သားဦး၊ သမီးဦးတို့အား အလေးထားတတ်ကြသည်ကို ဟွားစစ် သိထားပြီးဖြစ်သော်လည်း မဟာမောရိယတို့၏ သားဦးအပေါ် မျှော်လင့်ချက်နှင့် ပုံအောပေးအပ်မှုတို့က အများတကာသော လူမျိုးများထက် သာလွန်ခဲ့သည်ပင်။ ဤသို့သော လုပ်ရပ်က အခြားသော သားငယ်၊ သမီးငယ်များအပေါ် တရားရာ ရောက်ပါ၏လော....။

"သြော်... ဒါဖြင့် မိဘတွေမရှိတော့လို့ စည်းစိမ်ဥစ္စာအမွေခွဲကြရင်ရော... သားဦးက ပိုရတယ်ပေါ့... အဲ့လိုလား..."

"အဲ့ဒါလည်း မဟုတ်ဘူးရှင့်.... သားဦးက ပိုရတာမဟုတ်ဘူး အကုန်ရတာ...."

"ဘယ်လို...."

"ဟုတ်တယ်လေ... မျိုးဆက်တစ်ခုရဲ့ သားဦးဖြစ်တာနဲ့ အဲ့ဒီလူက အဲ့ဒီမျိုးဆက်တစ်ခုလုံးကို အပိုင်ရပါတယ်ဆို... မိဘတွေမရှိတော့ရင်လည်း စည်းစိမ်ဥစ္စာအကုန်လုံးကို သူကပဲ ပိုင်တာပေါ့... သူကခွဲဝေပေးမှ ကျန်တဲ့အငယ်တွေကရမှာ၊ ဘုရင်ဆိုရင်လည်း အဲ့ဒီအတိုင်းပဲ ဖခင်နတ်ရွာစံသွားရင် သားအကြီးဆုံးကပဲ ထီးနန်းမွေကို ဆက်ခံရတာ...."

"ဒါပေမယ့် မင်းတို့ အခုလက်ရှိဘုရင်ကတော့ သားအကြီးဆုံးမဟုတ်ဘူးဆို..."

"အာ... ဒါတော့ ယောင်းမလေး မှန်သွားပြီ၊ အရှင်က သားဦးမဟုတ်ခဲ့ဘူး ဒါပေမယ့်သူလည်း ပါရမီရှိတဲ့ တန်ခိုးရှင်တစ်ယောက်ပဲ၊ သူမွေးတုန်းကဆို ငါတို့တိုင်းပြည်မှာ ထူးခြားတာတွေဖြစ်တယ်လေ...."

"ဟုတ်လား... ဘယ်လိုထူးခြားတာတွေလဲ..."

"မြေကြီးထဲကနေ နွားနို့တွေထွက်တာ၊ မြေငလျင်လှုပ်တာ၊ လေမုန်တိုင်းတိုက်တာ၊ မြစ်ရေချောင်းရေတွေ ပြောင်းပြန်စီးတာ...၊ အဲ့ဒါတွေအကုန်လုံး တစ်ရက်တည်းဖြစ်ခဲ့တာ ပြီးတော့ အဲ့ဒီတုန်းက ဟိုး... ဘက်ကွေ့ကျိုးပြည်က ငါတို့တိုင်းပြည်ကို စစ်လာတိုက်တဲ့အချိန်လေ စစ်ရှုံးပြီး ဘုရင်နဲ့ မိဖုရားတွေ ကစဥ့်ကလျားထွက်ပြေးရတာပေါ့... အဲ့ဒီအချိန်မှာ ငါတို့အရှင် မွေးဖွားလာတော့ ဟိုဟန်လူမျိူးအရိုင်းအစိုင်းတွေ ချက်ချင်းထွက်ပြေးကြရတယ်လေ အဲ့ဒါကြောင့် ငါတို့တိုင်းပြည် သူများလက်ထဲမကျခဲ့တာ... ငါတို့အရှင်သခင်ရဲ့ တန်ခိုးကြောင့်ပေါ့....."

မောရိယ ဘုရင်အား အလွန်အမင်း ချီးကျူးမြောက်ပင့်စကားတို့အား ဟွားစစ်မကြားချင်လှပေ။ သူက ထိုအဖြစ်သနစ်များကို ယုံလည်းမယုံကြည်ပေ။

နေလုံးသည် ဂန္တမာလာတောင် တန်းကြီးအောက်သို့ နစ်မြှုပ်ပျောက်ကွယ်သွားပေပြီ။

ညဉ့်ယံသည် မှောင်မိုက်စပြုလာသည်။ သူသည် ယမုံနာမြစ်ထဲဘက်သို့ အမှတ်တမဲ့ ကြည့်မိခိုက် မြစ်အတွင်းတွင် ဆီစိမ်စက္ကူမီးအိမ်လေးများ ရာထောင်ချီ မျောပါနေသည်ကို တွေ့ရသည်။

မီးအိမ်လေးများမှာ အရောင်အသွေးစုံလင်ကာ မြစ်ရေပြင်ထက်တွင် တညီတညာမျောပါနေသည်မှာ ပန်းချီကားများထက်ပင် လှပလွန်းခဲ့သည်။

မြစ်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လျက်ရှိသော လေပြေအေးအေးက ဟွားစစ်အား လာရောက်ကျီစယ်နေသလို....။ သူနှင့် စကားဖောင်ဖွဲ့နေသည့် ရွာသူမလေးက ပြောလာပါ၏။

"လာ...ယောင်းမလေး... အရှင့်သားဦး မင်းသားငယ်လေးအတွက် ဆုတောင်းပေးကြရအောင်"

ရွာသူမလေးက သူ့အားလက်ဆွဲပြီး မြစ်ကမ်းစပ်သို့ခေါ်သွားသည်။ မြစ်ကမ်းစပ်တွင် အသင့်ဆောက်လုပ်ပြီးသော ဆီစိမ်စက္ကူမီးအိမ်လေးကို မီးညှိလိုက်သည်။

"အရှင့်သားတော်လေး... ကျန်းကျန်းမာမာကြီးပြင်းလာပါစေ... အနာဂတ်မှာလည်း ဖခမည်းတော်လို ဘုန်းတန်ခိုးထွန်းလင်းတောက်ပပါစေ...."

ရွာသူမလေးက မဟာမောရိယ သွေးအသစ်စက်စက်ကလေးအတွက် သူမ၏ စိတ်ရင်းဖြင့် ဆုတောင်းပေးနေမှန်း ဟွားစစ်ခံစားမိသည်။ သူကရော....?။

ရန်သူ့ရဲ့ သားအတွက် ဆုမွန်တောင်းပေးသင့်သည်လား....။ အစပိုင်းတွင်တော့ တွေဝေနေခဲ့သည်။ နောက်တော့လည်း ရွာသူမလေး၏ တိုက်တွန်းချက်ဖြင့် မီးအိမ်ကလေး ရေထဲမမျောသွားခင်....

"ကျန်းမာပါစေ... ကလေးလေးရေ..."

နှုတ်မှခပ်ဖွဖွ ရေရွတ်လိုက်ပြီး သူ့ကိုယ်သူပင် ထိတ်လန့်သွားရသည်။ သူသည် ယခုလေးတွင်ပင် ရန်သူ၏ သွေးစက်ကို မေတ္တာထားတတ်နေပြီလား....။ သို့သော် ယခုမှ လူ့လောကကြီးထဲ ရောက်ခါစကလေးလေးကိုတော့ သူမုန်းမနေချင်။ ထိုကလေးသည် သူ့အတွက် အချစ်နှင့်အမုန်းတို့ ဒွန်တွဲနေသည့် ဝိရောဓိတစ်ခု။

ကျေးရွာဇနပုပ် နွားတင်းကုတ်မကျန် သူတို့ဘုရင်၏ သားတော်လေးမွေးဖွားလာခြင်းအတွက် ချီးမွမ်းထောပနာပြုကာ ဆုတောင်းပေးကြသည်။ ဤည၌ ဂင်္ဂါမြစ်၊ ယမုံနာမြစ်၊ အဏဝါမြစ်နှင့် အိန္ဒုမြစ်စသော မြစ်ကြီးများအတွင်းတွင် ဆုမွန်တောင်းပေးသည့် ရောင်စုံမီးအိမ်များဖြင့် ပြည့်နက်နေလိမ့်မည်။

ရွာသူရွာသားများသည် ဆုမွန်မီးအိမ်များ မျောပြီးသွားကြ၍ ကိုယ်စီ မိမိတို့နေအိမ်သို့ ပြန်သွားကြပေပြီ။ သူတို့သည် တစ်ဦးမေတ္တာတစ်ဦး ကူးလူးကာ ပျော်ရွှင်နေကြလိမ့်မည်။

မပျော်နိုင်သူတစ်ယောက်မှာ ညဉ့်နက်သည်အထိ ယမုံနာမြစ်ကမ်းဘေး၌ ငိုင်ရင်းကျန်ရစ်ခဲ့သည်။ သူ့အား 'ယောင်းမလေး'ဟု ခေါ်ခဲ့သော ရွာသူကလေးကပင် အိမ်ပြန်သွားခဲ့ပြီ။

ကျန်ရှိသည်မှာ တိတ်ဆိတ်နေသည့် ညဉ့်ယံရယ်၊ ယမုံနာမြစ်ကြီးရယ်၊ ဆုမွန်မီးအိမ်တွေရယ် သူရယ်။

အတန်ကြာတိတ်ဆိတ်မှုထဲ နစ်မြှုပ်နေခဲ့ပြီးနောက်... သူသည် ရုတ်ချည်း အန္တရာယ်မြေထဲ ခြေစုံရပ်မိသလို ခံစားလိုက်ရသည်။

သို့သော် ဥပါယ်တမျဉ်သုံးကာ သူသည် ရန်သူအား သတိမမူမိဟန်ဖြင့် နောက်လှည့်မကြည့်ပဲ ပြန်ခုခံနိုင်မည့် အကွက်ကို သေချာစဥ်းစားနေခဲ့သည်။ သူ၏ နှစ်ဖက်သွားဓားရှည်ကို တဘက်နှင့် ဖုံးကာ အစဥ်အမြဲ ဆောင်ယူထားမိလို့သာ တော်တော့သည်။

သူသည် တံဘက်အောက်မှ ဓားရိုးကို တင်းတင်းဆုပ်ကိုင်ကာ မောရိယန်တို့တိုက်ခိုက်တတ်သော သိုင်းကွက်ပုံစံကို တန်ပြန်ခုခံနိုင်ရန် သေချာတွေးပြီး ရုတ်ချည်း ဓားကို ဝင့်လိုက်သည်။

သူ၏ ဗျူဟာက အောင်မြင်သွားသည်ဟုဆိုရမည်။ တစ်ဖက်လူသည် အငိုက်မိကာ ဟွားစစ်အား အန္တရာယ် မပြုမီ ပြန်တိုက်ခိုက်ခံရသည့် အနေအထားသို့ရောက်သွားသည်။

'ချွင်..' ခနဲ ဓားချင်းရိုက်ခတ်သံက မြစ်ကမ်းဘေးတစ်လျှောက် ပဲ့တင်ထပ်သွားသည်။!!

ဟွားစစ်မှန်းထားသလို ရန်သူမှာ မောရိယန် တိုင်းရင်းသားတစ်ဦး ဖြစ်နေခဲ့သည်ပင်။ သို့သော် ထိုသူ၏ သိုင်းပညာမှာ အထင်သေး ၍တော့မရ။ ဟွားစစ်နှင့် လေးငါးကွက်လောက် ယှဉ်တိုက်ခိုက်ပြီးသည်အထိ အနိုင်အရှုံးက မကွဲသေး....။ ဓားချင်းခတ်သံတို့သာ မြစ်ကမ်းဘေးတစ်လျှောက် တချွင်ချွင်မြည်နေတော့သည်။

ထိုသူ၏ ဓားသွားသည် ဟွားစစ်၏ လည်မြိုသို့ ထိလုထိခင် ဖြတ်သန်းသွားသည့် အခါလည်းရှိသည်။

ရန်သူအား အပီခုတ်လိုက်ပါမှ လေထုကိုသာ ဝှီးခနဲ ခုတ်မိနေသည့်အခါမျိုးလည်းရှိသည်။ ဓားနှစ်ချောင်းသည် ပြင်းထန်စွာ ပွတ်ရှမိပြီး မီးပွင့်မတတ် အင်အားပြိုင်ရသည့် အခါမျိုးလည်းရှိသည်။

အချိန်အတန်ကြာ တိုက်ခိုက် ပြီးသည့်တိုင် ရလဒ်က ထွက်ပေါ်မလာပေ။ နှစ်ဦးစလုံးသည်လည်း ဒဏ်ရာဒဏ်ချက်မရကြသေး....။ ထိုအခိုက် တိမ်ဖုံးနေခဲ့သည့် လပြည့်ဝန်းသည် လင်းလင်းရှင်းရှင်း ပေါ်ထွက်လာခဲ့ပေသည်။ လရောင်ဝင်းဝင်းကြောင့် မြင်လိုက်ရသည့် မြင်ကွင်းမှာ ဟွားစစ်အတွက် ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

ထိုသူက မိန်းကလေးတစ်ယောက်ပင်။!!

အနှီ မိန်းမပျိုလေးသည် အခြားသော မောရိယန်မိန်းကလေးများ ဝတ်ဆင်သကဲ့သို့ပင် ရင်စည်းစဖြင့် ရင်သားကို သေချာစည်းနှောင်ထားပြီး ၎င်းအပေါ်တွင် ကန့်လန့်ဖြတ် တံဘက်တစ်ထည် လွှားထားသည်။ နောက်ကျောဘက်တွင် မြားကျည်ထောက်တစ်ခုကို လွယ်ထားကာ ခန္ဓာကိုယ်တွင်လည်း လေးကိုင်းကို လွယ်ထားသေးသည်။ သူမ၏ မျက်ဝန်းများမှာ ညဉ့်အမှောင်ထဲတွင်ပင် စူးရှတောက်ပနေသည်။ သူ့လို အယောင်ဆောင် မိန်းကလေးတစ်ယောက် မဟုတ်တာတော့ သေချာပါသည်။

နှစ်ဦးနှစ်ဖက် ရှင်းရှင်းလင်းလင်း မြင်သွားကြပြီးနောက်တွင် အကြည့်ချင်းဖလှယ်ကာ... မိန်းကလေးက ပြောလာပါ၏။

"ရှင်နောက်ဆုတ်လိုက်... ကျွန်မလည်း ဆုတ်မယ်..."

ဟွားစစ်သည် အတန်ငယ် တွေဝေနေမိသော်ငြား မိန်းကလေးဘက်က အမှန်တကယ် နောက်ဆုတ်ပေးလိုက်သည့်အခါ သူလည်း နောက်ဆုတ်လိုက်သည်။ ယခုတွင် နှစ်ဖက်ကြား အကွာအဝေးတစ်ခုခြားသွားကာ လှမ်း၍ ညှိနှိုင်းခွင့်ရပေပြီ။

"ဓားသိမ်းလိုက်...."

နှစ်ယောက်စလုံးသည် ကိုယ်စီ ဓားပြန်သိမ်းလိုက်ကြသည်။ သူတို့သည် စောစောက ဘာအတွက် တိုက်ခိုက်ခဲ့ကြမှန်း နားမလည်သည့်ဟန်။ ဟွားစစ်သည် အနှီ မောရိယန် မိန်းမပျိုလေးအား အံ့သြမှင်တက်ကာ ချီးကျူးမိရပါသည်။ မိန်းကလေးတန်မဲ့ သိုင်းပညာကျွမ်းကျင်လှကာ ထက်မြက်သည့်ပုံပေါ်နေသည်။

"ရှင်ဒီကို ဘာလုပ်လာတာလဲ... "

ဟွားစစ်သည် ကျောချမ်းသွားရကာ အကြောင်းအရင်းအမှန်ကိုတော့ ဖုံးကွယ်ထားချင်ခဲ့ပါသည်။

"ငါက ဒီအတိုင်း ခရီးသွားတစ်ယောက်ပဲ..."

"လိမ်တယ်!..."

ဟွားစစ်သည် သူမ၏ ထက်မြက်မှုကို ခန့်မှန်းမိပြီးသားမို့... ပြန်ရှင်းပြမနေချင်တော့ပေ။

"အဲ့ဒါထက် မမလေး ခဏက မင်းဘာလို့ ငါ့ကို တိုက်ခိုက်ခဲ့တာလဲ ငါတို့တစ်ယောက်နဲ့တစ်ယောက်တောင် မမိတ်ဆက်ရသေးဘူးလေ.. မောရိယန်တွေ ဒီလိုပဲ နှုတ်ဆက်ကြတာလို့တော့မပြောနဲ့နော် ငါမောရိယန်တွေအကြောင်း ကောင်းကောင်းသိထားပြီးသား"

"ကျွန်မရှင့်ဆီမှာ အန္တရာယ် အငွေ့အသက်တွေ ရနေလို့လေ...."

"သြော်... ဟုတ်လား ဒါဆို ဘာလို့ ဆက်မတိုက်ခိုက်တော့ပဲ ရပ်လိုက်တာလဲ..."

"ရှင့်ဆီမှာ အန္တရာယ်အငွေ့အသက်တွေရှိတာတော့ မှန်ပေမယ့် အဲ့ဒါတွေက တိုက်ခိုက်ကြည့်တော့မှ ကျွန်မအတွက် မဟုတ်ဘူးထင်လို့ပါ"

"မင်းရဲ့ အာရုံကတော်တော် ကောင်းတာပဲနော့်"

"ချီးကျူးနေပါပြီ"

မိန်းကလေးက ရဲရင့်သည့် ခြေလှမ်းတို့ဖြင့် သူ့အနီးသို့ ထပ်တိုးလာခဲ့သည်။ ဟွားစစ်သည် ဤမျှ အကြောက်အလန့်ကင်းသည့် မိန်းကလေး မမြင်ဖူးခဲ့ပေ။ သို့သော် နားလည်ပေး၍ ရပါသည်။ ယခု၌ သူသည် မိန်းကလေးအသွင်နှင့် ဖြစ်၍ တစ်ဖက်မိန်းကလေးအတွက် အန္တရာယ် မဖြစ်စေနိုင်ဟု ထင်စေရာရောက်နေသည်။ သူတို့နှစ်ဦးသည် သာမာန် မိတ်ဆွေများကဲ့သို့ မြစ်ကမ်းဘေးတွင် ယှဉ်တွဲလျက် ထိုင်မိကြသည်။

"မိန်းကလေး မင်းကဘယ်ကလဲ..."

"ကျွန်မလား... ဒီနားရွာက လယ်သူမလေးတစ်ယောက်ပါ..."

ဟွားစစ် ခပ်ဖွဖွရယ်မိသည်။

အနှီမိန်းကလေးမှာ ဟွားစစ်အနေဖြင့် အဝေးမှကြည့်လျှင်ပင် ဝန်မင်း၊ အမတ်မင်း စသည့်မိသားစုများမှ၊ သို့မဟုတ် မြို့ထဲရှိ လူကုံထံအသိုင်းအဝိုင်းမှ မမလေးတစ်ယောက်မှန်း သိသာလှပါသည်။ သူမ၏ ရုပ်ရည်မှာ နှစ်ယောက်မရှိ တမူထူးကဲကာ ချောမောလှသည်။ မျက်ဝန်းများမှာ စူးရှတောက်ပကာ ထက်မြက်လှပေသည်။ ထို့ပြင် ဘယ်ရွာသူမကလေးက သိုင်းပညာကို ယောက်ျားများဖြင့်ပင် ယှဉ်နိုင်လောက်သည်အထိ တတ်မည်နည်း....။

"အဟဲ... ဟဲ... မင်းလိမ်တာ မတော်ဘူးပဲ.. မင်းက ဒီနားကရွာသူမလေး မဟုတ်ဘူးဆိုတာ ငါပြောရဲတယ်..."

"ဟုတ်လား ဒါဖြင့် ရှင်လည်း လိမ်တာမတော်ဘူး...."

"အိုး... ဘာလို့လဲ..."

"ရှင်က မိန်းကလေးမဟုတ်ဘူး..." !!

အသံဗလံ အားလုံးမှာ ခေတ္တတိတ်ဆိတ်သွား၏။ ဟွားစစ်သည် တစ်နှစ်နီးပါး မိန်းကလေးတစ်ယောက်အသွင်ဖြင့် နေလာခဲ့ပြီး ဘယ်သူကမှ သူ့အား မိန်းကလေးမဟုတ်မှန်း မရိပ်မိခဲ့ကြပေ။ ဤမိန်းကလေး၏ အာရုံခံနိုင်မှုနှင့် ထက်မြက်မှုမှာ အံ့ဖွယ်ရာပင်။ သူမက ဆက်ပြောပါ၏။

"ပြီးတော့ ရှင့်စကားပြောပုံ လေယူလေတိမ်းအရ ရှင်က မောရိယန် ဇာတိမဟုတ်ဘူး... ကျွန်မတို့ ပြည်နယ်တွေထဲမှာ မောရိယန်မဟုတ်တဲ့ တခြားတိုင်းရင်းသားတွေလည်း ရှိကြပါတယ်၊ ဒါပေမယ့် ရှင်က အဲ့ဒီတိုင်းရင်း သားတွေနဲ့လည်း မတူပြန်ဘူး...၊ ကျွန်မခန့်မှန်းကြည့်ရမလား... ရှင်က ဟန်လူမျိူးထင်တယ်"

ဟွားစစ်သည် ထပ်ကာအံ့သြမိရပြန်သည်။

"စကားပြောပုံအရ ကျွန်တော်က ဟန်လူမျိုးလို့ မိန်းကလေးခန့်မှန်းနိုင်ခဲ့တယ်၊ တစ်ဆိတ် စိတ်မရှိနဲ့ ကျွန်တော်က ယောက်ျားလေးဆိုတာကျတော့ မင်းဘယ်လိုသိလဲ..."

မိန်းမချောလေးက ခပ်ဖွဖွပြုံးသည်။ ပြီးနောက်မှ...

"ဒါက လွယ်ပါတယ် ဘယ်မိန်းကလေးကမှ ကျွန်မနဲ့ယှဉ်ပြီး တိုက်ခိုက်နိုင်တဲ့ အားမရှိဘူးလေ... ရှင်သုံးတဲ့အားက သာမာန်မိန်းကလေးတွေထက် ပိုများနေတာကြောင့် ကျွန်မခန့်မှန်းကြည့်လိုက်ရုံပါ..."

မြစ်ပြင်မှ လေပြေသည် ညင်းသွဲ့သွဲ့အေးနေသည်။ လရောင်က သာသာယာယာ။

မြစ်တွင်းမှ ရောင်စုံမီးအိမ်များက ကောင်းကင်ယံမှ ကြယ်လေးများနှင့်အပြိုင် လှပသည့် ကြယ်စင်မြစ်တစ်စင်းလို မီးအိမ်များကို သယ်ဆောင်လျက် စီးဆင်းနေသည်။

မိန်းမပျိုလေး၏ ကိုယ်မှ ဘာပန်းမှန်း ဟွားစစ်သေချာမသိသော ပန်းရနံ့ခပ်သင်းသင်းကို ရသည်။ သူတို့နှစ်ဦးသည် ဘာကိစ္စကြောင့် ယခုကဲ့သို့ ယှဉ်ထိုင်လျက် ရင်းနှီးစွာ စကားစမြည်ပြောဆိုနေမိကြမှန်းမသိ။ အတန်ကြာမှ မိန်းမပျိုလေးက သက်ပြင်းတစ်ချက်ကို ချကာ ဆိုလာပြန်သည်။

"ကျွန်မမှာ အစ်ကိုတွေအများကြီးရှိခဲ့ဖူးတယ်လေ... အဲ့ဒါကြောင့်လည်း ကျွန်မ ယောက်ျားလေးတွေရဲ့ ကိုယ်သင်းရနံ့နဲ့ ကိုယ်နေဟန်ထား ပြုမူလှုပ်ရှားပုံတွေကို တခြားမိန်းကလေးတွေထက် ပိုပြီးသိနေတာပါ...."

"သြော်... မင်းအစ်ကိုတွေက မင်းကို တော်တော်ချစ်ကြမှာပဲနော့်..."

"သူတို့ချစ်ခဲ့ကြပါတယ်... ဒါပေမယ့် အခုမရှိကြတော့ဘူးလေ... တစ်ယောက်မှ.."

စကားဝိုင်းငယ်သည် တဖန်တိတ်ဆိတ်သွားပြန်သည်။ ယခုမှ သူတို့နှစ်ယောက်၏ ဆုံတွေ့မှုကို ဟွားစစ်သဘောပေါက်လာရသည်။ နှစ်ယောက်စလုံးတွင် တူညီသည့် ခံစားချက်များရှိခဲ့ကြ၍ဖြစ်မည်။ ဟွားစစ်ရော အနှီမိန်းမပျိုပါ ချစ်ရသူ မိသားစုဝင်များကို ရက်စက်သည့်နည်းဖြင့် ဆုံးရှုံးခဲ့ကြပါသည်။

မြစ်အတွင်းမှ မျောပါလာသော မီးအိမ်များ လုံးဝ မရှိတော့သည့်အချိန်မှ သူတို့နှစ်ဦး လမ်းခွဲဖြစ်ခဲ့ကြသည်။ အနှီမိန်းကလေးကမူ ဂန္တမာလာတောင်ခြေရင်းဘက်သို့ လျှောက်သွားခဲ့ပြီး ဟွားစစ်ကမူ ရွာထဲရှိ ဧည့်ရိပ်သာကလေးဆီသို့ ပြန်လာခဲ့ပါသည်။

10.11.2020(Tue)#
_________________________________________

Zawgyi:

ရက္အေတာ္ၾကာ ခရီးႏွင္လာခဲ့ၿပီး ဟြားစစ္ သည္ ပၪၥဒီပဏီ ငါးျပည္ေထာင္စုထဲမွ မဟာေမာရိယႏြယ္ဝင္တို႔ ထီးနန္းစိုက္ရာ ဥတၱရဂႏၲျပည္နယ္၏ ေက်း႐ြာကေလးတစ္႐ြာသို႔ ေရာက္လာခဲ့သည္။ တစ္႐ြာလုံးသည္ ယမုံနာျမစ္ကမ္းေဘးရွိ ေျမၾသဇာေကာင္းမြန္ေသာ လယ္ယာေျမမ်ားတြင္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ကာ အသက္ေမြးၾကသည့္ လယ္သမား႐ြာကေလးျဖစ္သည္။ ႐ြာကေလး၏ အေနာက္ဘက္တြင္ ဂႏၲမာလာေတာင္တန္းႀကီးက ျမင့္ျမင့္သြန္းသြန္း ကာဆီးထားသည္။ ညေနဆည္းဆာခ်ိန္တြင္ ေနမင္းသည္ အေနာက္မိုးကုပ္စက္ဝိုင္းဆီသို႔ မဝင္ပဲ ထိုေတာင္တန္းမ်ားေအာက္ နစ္ျမႇဳပ္သြားသကဲ့သို႔ျမင္ရသည္။ ခ်ိဳးငွက္ႏွင့္ ဘုတ္ငွက္မ်ား၏ တြန္က်ဴးသံကို ၾကားရသည္။

ဟြားစစ္သည္ အႏွီလယ္သမား႐ြာငယ္ေလးကို သေဘာက်လွသျဖင့္ ေခတၱတည္းခိုရန္ ႐ြာဦးရွိ ဧည့္ရိပ္သာဆီသို႔ လွမ္းလာခဲ့သည္။ ဧည့္ရိပ္သာမွာ ခပ္နိမ့္နိမ့္ေလးတည္ေဆာက္ထားကာ မ်က္ေစာင္းထိုး အေနအထားတြင္ ေညာင္ပင္ႀကီးတစ္ပင္ရွိသည္။ ေညာင္ပင္ႀကီးမွာ ႏွစ္ေပါင္းရာခ်ီရွိခဲ့ေသာ အပင္ႀကီးျဖစ္၍ ၎၏ အျမစ္မ်ားမွာ ေျမသားအျပင္ဘက္သို႔ ထီးထီး ေပၚထြက္ေနသည္။ ခပ္ဝိုင္းဝိုင္းသဏၭာန္ရွိ ေညာင္႐ြက္မ်ားမွာ စိမ္းစိုေနကာ ေနရာေတာ္ေတာ္မ်ားမ်ားကို အရိပ္ရေစသည္။ ၎၏ ပင္စည္တြင္ လူအမ်ားနားေနရန္ ကြပ္ပ်စ္ကေလးတစ္ခု တည္ေဆာက္ထားၿပီး ထိုအနီးတြင္ ေမာရိယန္ ကေလးငယ္မ်ား ေဆာ့ကစားေနၾကသည္။

ဧည့္ရိပ္သာထဲတြင္ တေရးတေမာ အိပ္စက္အနားယူၿပီး ဟြားစစ္ႏိုးထလာသည့္ အခ်ိန္တြင္ ႐ြာသူ႐ြာသားမ်ားက စားစရာ ေသာက္စရာမ်ား လာပို႔ေပးထားၾကသည္ကိုေတြ႕ရသည္။ ေျမအိုးျဖင့္ ခ်က္ထားေသာ ပူပူေႏြးေႏြး ထမင္းတစ္အိုးႏွင့္ အသားမ်ား အသီးအ႐ြက္မ်ားကို ေရာက်ိဳထားေသာ ဟင္းတစ္ခြက္၊ ႏြားႏို႔ကတစ္ခြက္ျဖစ္သည္။ ဟြားစစ္သည္ အစားအေသာက္လာပို႔ေပးသူမ်ားကို လႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္ရင္း ဆာေလာင္ေနသည့္ ဝမ္းဗိုက္ကို ျဖည့္ရသည္။ စားေသာက္ၿပီးေသာအခါ အေညာင္းေျပ အညာေျပ႐ြာလမ္းမထဲသို႔ လမ္းေလွ်ာက္ထြက္ခဲ့သည္။ ထူးဆန္းသည္မွာ တစ္႐ြာလုံးရွိလူမ်ားသည္ ႐ြာျပင္ဘက္သို႔ တဖြဲဖြဲ သြားေနၾကသည္။ သို႔ႏွင့္သူသည္ ေမာရိယန္ ဘာသာစကားျဖင့္ အနီးမွေတြ႕ေသာ လူတစ္စုအား ေမးျမန္းၾကည့္မိသည္။

"ဒီက အစ္ကိုတို႔ ႐ြာျပင္ဘက္ကို ဘာသြားလုပ္ၾကတာလဲရွင့္...၊ ႐ြာျပင္ဘက္မွာ ဘာပြဲရွိလို႔လဲ...."

"ေၾသာ္... မိန္းကေလး မသိေသးဘူးကိုး...၊ ဒီေန႔က ငါတို႔တိုင္းျပည္ရဲ႕ အနာဂတ္ ရွင္ဘုရင္ေလာင္းလ်ာေလးအတြက္ မီးထြက္ပြဲေန႔ေလ...၊ အဲ့ဒါေၾကာင့္မို႔လို႔ ငါတို႔တစ္႐ြာလုံး မင္းသားေလးအတြက္ သြားဆုေတာင္းေပးၾကတာ... "

"ဘာ... ဘာ... ဘယ္လို..."

"ဟုတ္တယ္... ဟုတ္တယ္..ငါတို႔အရွင္သခင္ရဲ႕ သားေတာ္ေလး(၇)ရက္ျပည့္ေလ...."

ဟြားစစ္သည္ ေခတၱမွ် စဥ္းစားေတြးေခၚလိုက္ၿပီး ေနာက္ဆုံးေတာ့ သူသေဘာေပါက္သြားသည္။ ေမာရိယ ဘုရင္၌ မိဖုရားရတနာ ရွိေပလိမ့္မည္။ သူႏွင့္ သူ႔မိဖုရား၌ သားေတာ္တစ္ပါး ထြန္းကားခဲ့ေခ်ၿပီ....။ ဟြားစစ္သည္ ေမာရိယ ဘုရင္ကိုမွ မသတ္ရေသး... ေနာက္ထပ္ ေမြးကင္းစ ရန္သူအသစ္ကေလးတစ္ေယာက္ ထပ္တိုးရေပၿပီ။ သို႔ေသာ္ သူနားလည္ပါသည္။ ဖခင္၏ လုပ္ရပ္အားလုံးကေတာ့ အခုမွေမြးသည့္ ကေလးငယ္ႏွင့္ တိုက္႐ိုက္မသက္ဆိုင္ေပ။ ထို႔ေၾကာင့္သူသည္ အကယ္၍ ေမာရိယ ဘုရင္အား လက္စားေခ်ခြင့္ရခဲ့လွ်င္ ကေလးငယ္ကိုေတာ့ မသတ္ဟု ဆုံးျဖတ္ခ်က္ခ်လိုက္သည္။

သို႔ေပသိ ထိုကေလးငယ္ကေတာ့ ေနာင္တစ္ခ်ိန္တြင္ သူ႔ဖခင္အား သတ္ခဲ့သည့္ ဟြားစစ္ကို ျပန္လာသတ္ႏိုင္သည္။ ဤသို႔ျဖင့္ ပထမလူက ဒုတိယလူကိုသတ္၊ ဒုတိယလူ၏ သားက ပထမလူကိုသတ္၊ ပထမလူ၏ သားကလည္း ဒုတိယလူ၏ သားကိုျပန္သတ္ျဖင့္ မဆုံးေသာ သံသရာစက္ဝန္း၏ ဘယ္ႏွပတ္ေျမာက္တြင္ သူတို႔ရပ္ေနမိၾကၿပီလဲ မသိႏိုင္။ ဤသို႔ ေတြးၾကည့္ပါကလည္း သူသည္ အမုန္း၊ ရန္ေႂကြးႏွင့္ ဂလဲ့စားေခ်လိုစိတ္တို႔ကို စြန္႔လြတ္လိုက္သင့္သည္။ သို႔ေသာ္ စြန္႔လြတ္ႏိုင္ရန္အတြက္လည္း သိပ္ကိုခက္ခဲလွပါသည္။

ဟြားစစ္သည္ ႐ြာသူ႐ြာသားမ်ားႏွင့္အတူ ႐ြာျပင္သို႔လိုက္ထြက္လာကာ အဆုံးမွာေတာ့ သူတို႔သည္ ယမုံနာျမစ္ကမ္းနံေဘးသို႔ ေရာက္လာခဲ့ၾကသည္။ ယမုံနာျမစ္ကမ္းနံေဘး သဲေသာင္ခုံေလးတြင္ မ်ားစြာေသာ ေမာရိယန္တို႔မွာ ဆီစိမ္စကၠဴစမ်ားျဖင့္ မီးအိမ္ရက္သူရက္၊ ဆုေတာင္းသူကေတာင္းျဖင့္ အလုပ္ရႈပ္ေနၾကသည္။ မိန္းကေလးတစ္ဦးက သူ႔အနီးသို႔လာကာ စကားစျမည္ေျပာေနခဲ့သည္။

"ဒီက ေယာင္းမေလးက ဘယ္ကမ်ား လာသလဲမသိဘူးေနာ္... ေန႔လယ္က ဧည့္ရိပ္သာမွာ ေတြ႕လိုက္လို႔ေလ..."

"အာ... ေထြေထြထူးထူး ကိစၥမရွိပါဘူး၊ ကြၽန္ေတာ္က... အဟြတ္... ကြၽန္မက ဒီအတိုင္း ခရီးသြားတစ္ေယာက္ပါ ဒီ႐ြာေလးကို သေဘာက်တာနဲ႔ ဒီမွာ ရက္နည္းနည္းေလာက္ ေနမလားလို႔ေလ..."

"ေၾသာ္... အဲ့လိုလား... ဒါျဖင့္ ဧည့္ရိပ္သာမွာ မေနနဲ႔ေလ မမတို႔အိမ္ လိုက္ေနပါလား... မိန္းကေလး ငယ္ငယ္ေလးတစ္ေယာက္ထဲ ဧည့္ရိပ္သာမွာေနရတာ မလုံၿခဳံဘူးထင္တယ္ေနာ္.."

ဟြားစစ္သည္ 'ငါက ေယာက္်ားႀကီးကြ' ဟု စိတ္ထဲမွ ေအာ္ေျပာမိရသည္။ အျပင္မွာေတာ့ ယဥ္ယဥ္ေက်းေက်းေလးျဖင့္....

"အာ... ရပါတယ္...၊ ရပါတယ္.. ကိစၥမရွိဘူး ကြၽန္မက ဒီလိုပဲ ေနေနၾကဆိုေတာ့..."

သို႔ေသာ္ အႏွီ႐ြာသူမေလးက အေလ်ာ့မေပးခ်င္ေသး...။

"ဒီလိုဆိုရင္လည္း ဧည့္ရိပ္သာမွာ လုံလုံၿခဳံၿခဳံ ေနလို႔ရေအာင္ မမ႐ြာသူႀကီးကို ေျပာၿပီး စီစဥ္ေပးပါ့မယ္... မမတို႔႐ြာက ဧည့္သည္မိန္းကေလးအေပၚ ႐ိုင္းျပမိမွာစိုးတယ္ေလ.."

"ဟုတ္ကဲ့ပါ ဟုတ္ကဲ့ပါ ေက်းဇူးအမ်ားႀကီး တင္ပါတယ္... ဒါနဲ႔ေလ ဒီမွာ ဘုရင့္သားေတာ္ သမီးေတာ္ ေတြေမြးတိုင္း ဒီလိုပဲ ဆုေတာင္းေပးၾကသလား...."

မိန္းကေလးက ေခတၱေတာ့ ေၾကာင္အသြားဟန္။ ထို႔ေနာက္မွ သူသည္ တိုင္းတစ္ပါးသားမွန္း ရိပ္စားမိပုံရသည္။ သူမ၏ မ်က္ႏွာေလးမွာ ဝင္းပလာကာ စိတ္ဝင္တစား စေျပာေတာ့သည္။

"မဟုတ္ပါဘူး...ဒီမွာ ဘုရင့္ရင္ေသြးေတာ္ေတြေမြးတိုင္း ဆုေတာင္းပြဲလုပ္ၾကတာေတာ့ မဟုတ္ဘူး၊ အခုက သားဦးမို႔လို႔လုပ္တာ.... သားဦးဆိုတာ ဦးဦးဖ်ားဖ်ား မ်ိဳးဆက္တစ္ခုမွာ အရင္ဆုံး ေမြးဖြားလာတဲ့ကေလးေလ... မဟာေမာရိယေတြမွာ အယူအဆတစ္ခုရွိတယ္၊ အဲ့ဒါက အရင္ဦးဆုံးေမြးတဲ့ ကေလးက က်န္းက်န္းမာမာနဲ႔ ေကာင္းေကာင္းမြန္မြန္ ႀကီးပ်င္းမွ ေနာက္ကေလးေတြလည္း ကံေကာင္းမယ္လို႔ ယူဆၾကတာ....၊ အရင္ဦးဆုံးေမြးတဲ့သားဆိုတာ ကံေကာင္းေစတဲ့ နတ္ဘုရားလိုပဲ... မိဘရဲ႕ တာဝန္ကို ထမ္းေဆာင္မယ္၊ က်န္တဲ့ ညီငယ္ ညီမငယ္ေတြအတြက္ ေရွ႕ေဆာင္လမ္းျပျဖစ္ရမယ္၊ ေနာက္ၿပီး အဲ့ဒီမ်ိဳးဆက္တစ္ခုရဲ႕ ဦးေဆာင္သူျဖစ္ရမယ္.... "

မိဘမ်ားသည္ အရင္ဆုံးရသည့္ ရင္ေသြးျဖစ္ေသာ သားဦး၊ သမီးဦးတို႔အား အေလးထားတတ္ၾကသည္ကို ဟြားစစ္ သိထားၿပီးျဖစ္ေသာ္လည္း မဟာေမာရိယတို႔၏ သားဦးအေပၚ ေမွ်ာ္လင့္ခ်က္ႏွင့္ ပုံေအာေပးအပ္မႈတို႔က အမ်ားတကာေသာ လူမ်ိဳးမ်ားထက္ သာလြန္ခဲ့သည္ပင္။ ဤသို႔ေသာ လုပ္ရပ္က အျခားေသာ သားငယ္၊ သမီးငယ္မ်ားအေပၚ တရားရာ ေရာက္ပါ၏ေလာ....။

"ေၾသာ္... ဒါျဖင့္ မိဘေတြမရွိေတာ့လို႔ စည္းစိမ္ဥစၥာအေမြခြဲၾကရင္ေရာ... သားဦးက ပိုရတယ္ေပါ့... အဲ့လိုလား..."

"အဲ့ဒါလည္း မဟုတ္ဘူးရွင့္.... သားဦးက ပိုရတာမဟုတ္ဘူး အကုန္ရတာ...."

"ဘယ္လို...."

"ဟုတ္တယ္ေလ... မ်ိဳးဆက္တစ္ခုရဲ႕ သားဦးျဖစ္တာနဲ႔ အဲ့ဒီလူက အဲ့ဒီမ်ိဳးဆက္တစ္ခုလုံးကို အပိုင္ရပါတယ္ဆို... မိဘေတြမရွိေတာ့ရင္လည္း စည္းစိမ္ဥစၥာအကုန္လုံးကို သူကပဲ ပိုင္တာေပါ့... သူကခြဲေဝေပးမွ က်န္တဲ့အငယ္ေတြကရမွာ၊ ဘုရင္ဆိုရင္လည္း အဲ့ဒီအတိုင္းပဲ ဖခင္နတ္႐ြာစံသြားရင္ သားအႀကီးဆုံးကပဲ ထီးနန္းေမြကို ဆက္ခံရတာ...."

"ဒါေပမယ့္ မင္းတို႔ အခုလက္ရွိဘုရင္ကေတာ့ သားအႀကီးဆုံးမဟုတ္ဘူးဆို..."

"အာ... ဒါေတာ့ ေယာင္းမေလး မွန္သြားၿပီ၊ အရွင္က သားဦးမဟုတ္ခဲ့ဘူး ဒါေပမယ့္သူလည္း ပါရမီရွိတဲ့ တန္ခိုးရွင္တစ္ေယာက္ပဲ၊ သူေမြးတုန္းကဆို ငါတို႔တိုင္းျပည္မွာ ထူးျခားတာေတြျဖစ္တယ္ေလ...."

"ဟုတ္လား... ဘယ္လိုထူးျခားတာေတြလဲ..."

"ေျမႀကီးထဲကေန ႏြားႏို႔ေတြထြက္တာ၊ ေျမငလ်င္လႈပ္တာ၊ ေလမုန္တိုင္းတိုက္တာ၊ ျမစ္ေရေခ်ာင္းေရေတြ ေျပာင္းျပန္စီးတာ...၊ အဲ့ဒါေတြအကုန္လုံး တစ္ရက္တည္းျဖစ္ခဲ့တာ ၿပီးေတာ့ အဲ့ဒီတုန္းက ဟိုး... ဘက္ေကြ႕က်ိဳးျပည္က ငါတို႔တိုင္းျပည္ကို စစ္လာတိုက္တဲ့အခ်ိန္ေလ စစ္ရႈံးၿပီး ဘုရင္နဲ႔ မိဖုရားေတြ ကစဥ့္ကလ်ားထြက္ေျပးရတာေပါ့... အဲ့ဒီအခ်ိန္မွာ ငါတို႔အရွင္ ေမြးဖြားလာေတာ့ ဟိုဟန္လူမ်ိဴးအ႐ိုင္းအစိုင္းေတြ ခ်က္ခ်င္းထြက္ေျပးၾကရတယ္ေလ အဲ့ဒါေၾကာင့္ ငါတို႔တိုင္းျပည္ သူမ်ားလက္ထဲမက်ခဲ့တာ... ငါတို႔အရွင္သခင္ရဲ႕ တန္ခိုးေၾကာင့္ေပါ့....."

ေမာရိယ ဘုရင္အား အလြန္အမင္း ခ်ီးက်ဴးေျမာက္ပင့္စကားတို႔အား ဟြားစစ္မၾကားခ်င္လွေပ။ သူက ထိုအျဖစ္သနစ္မ်ားကို ယုံလည္းမယုံၾကည္ေပ။ ေနလုံးသည္ ဂႏၲမာလာေတာင္ တန္းႀကီးေအာက္သို႔ နစ္ျမႇဳပ္ေပ်ာက္ကြယ္သြားေပၿပီ။ ညဥ့္ယံသည္ ေမွာင္မိုက္စျပဳလာသည္။ သူသည္ ယမုံနာျမစ္ထဲဘက္သို႔ အမွတ္တမဲ့ ၾကည့္မိခိုက္ ျမစ္အတြင္းတြင္ ဆီစိမ္စကၠဴမီးအိမ္ေလးမ်ား ရာေထာင္ခ်ီ ေမ်ာပါေနသည္ကို ေတြ႕ရသည္။ မီးအိမ္ေလးမ်ားမွာ အေရာင္အေသြးစုံလင္ကာ ျမစ္ေရျပင္ထက္တြင္ တညီတညာေမ်ာပါေနသည္မွာ ပန္းခ်ီကားမ်ားထက္ပင္ လွပလြန္းခဲ့သည္။

ျမစ္ေရျပင္ကို ျဖတ္သန္းတိုက္ခတ္လ်က္ရွိေသာ ေလေျပေအးေအးက ဟြားစစ္အား လာေရာက္က်ီစယ္ေနသလို....။ သူႏွင့္ စကားေဖာင္ဖြဲ႕ေနသည့္ ႐ြာသူမေလးက ေျပာလာပါ၏။

"လာ...ေယာင္းမေလး... အရွင့္သားဦး မင္းသားငယ္ေလးအတြက္ ဆုေတာင္းေပးၾကရေအာင္"

႐ြာသူမေလးက သူ႔အားလက္ဆြဲၿပီး ျမစ္ကမ္းစပ္သို႔ေခၚသြားသည္။ ျမစ္ကမ္းစပ္တြင္ အသင့္ေဆာက္လုပ္ၿပီးေသာ ဆီစိမ္စကၠဴမီးအိမ္ေလးကို မီးညႇိလိုက္သည္။

"အရွင့္သားေတာ္ေလး... က်န္းက်န္းမာမာႀကီးျပင္းလာပါေစ... အနာဂတ္မွာလည္း ဖခမည္းေတာ္လို ဘုန္းတန္ခိုးထြန္းလင္းေတာက္ပပါေစ...."

႐ြာသူမေလးက မဟာေမာရိယ ေသြးအသစ္စက္စက္ကေလးအတြက္ သူမ၏ စိတ္ရင္းျဖင့္ ဆုေတာင္းေပးေနမွန္း ဟြားစစ္ခံစားမိသည္။ သူကေရာ....?။

ရန္သူ႔ရဲ႕ သားအတြက္ ဆုမြန္ေတာင္းေပးသင့္သည္လား....။ အစပိုင္းတြင္ေတာ့ ေတြေဝေနခဲ့သည္။ ေနာက္ေတာ့လည္း ႐ြာသူမေလး၏ တိုက္တြန္းခ်က္ျဖင့္ မီးအိမ္ကေလး ေရထဲမေမ်ာသြားခင္....

"က်န္းမာပါေစ... ကေလးေလးေရ..."

ႏႈတ္မွခပ္ဖြဖြ ေရ႐ြတ္လိုက္ၿပီး သူ႔ကိုယ္သူပင္ ထိတ္လန္႔သြားရသည္။ သူသည္ ယခုေလးတြင္ပင္ ရန္သူ၏ ေသြးစက္ကို ေမတၱာထားတတ္ေနၿပီလား....။ သို႔ေသာ္ ယခုမွ လူ႔ေလာကႀကီးထဲ ေရာက္ခါစကေလးေလးကိုေတာ့ သူမုန္းမေနခ်င္။ ထိုကေလးသည္ သူ႔အတြက္ အခ်စ္ႏွင့္အမုန္းတို႔ ဒြန္တြဲေနသည့္ ဝိေရာဓိတစ္ခု။

ေက်း႐ြာဇနပုပ္ ႏြားတင္းကုတ္မက်န္ သူတို႔ဘုရင္၏ သားေတာ္ေလးေမြးဖြားလာျခင္းအတြက္ ခ်ီးမြမ္းေထာပနာျပဳကာ ဆုေတာင္းေပးၾကသည္။ ဤည၌ ဂဂၤါျမစ္၊ ယမုံနာျမစ္၊ အဏဝါျမစ္ႏွင့္ အိႏၵဳျမစ္စေသာ ျမစ္ႀကီးမ်ားအတြင္းတြင္ ဆုမြန္ေတာင္းေပးသည့္ ေရာင္စုံမီးအိမ္မ်ားျဖင့္ ျပည့္နက္ေနလိမ့္မည္။

႐ြာသူ႐ြာသားမ်ားသည္ ဆုမြန္မီးအိမ္မ်ား ေမ်ာၿပီးသြားၾက၍ ကိုယ္စီ မိမိတို႔ေနအိမ္သို႔ ျပန္သြားၾကေပၿပီ။ သူတို႔သည္ တစ္ဦးေမတၱာတစ္ဦး ကူးလူးကာ ေပ်ာ္႐ႊင္ေနၾကလိမ့္မည္။
မေပ်ာ္ႏိုင္သူတစ္ေယာက္မွာ ညဥ့္နက္သည္အထိ ယမုံနာျမစ္ကမ္းေဘး၌ ငိုင္ရင္းက်န္ရစ္ခဲ့သည္။ သူ႔အား 'ေယာင္းမေလး'ဟု ေခၚခဲ့ေသာ ႐ြာသူကေလးကပင္ အိမ္ျပန္သြားခဲ့ၿပီ။ က်န္ရွိသည္မွာ တိတ္ဆိတ္ေနသည့္ ညဥ့္ယံရယ္၊ ယမုံနာျမစ္ႀကီးရယ္၊ ဆုမြန္မီးအိမ္ေတြရယ္ သူရယ္။

အတန္ၾကာတိတ္ဆိတ္မႈထဲ နစ္ျမႇဳပ္ေနခဲ့ၿပီးေနာက္... သူသည္ ႐ုတ္ခ်ည္း အႏၲရာယ္ေျမထဲ ေျခစုံရပ္မိသလို ခံစားလိုက္ရသည္။ သို႔ေသာ္ ဥပါယ္တမ်ဥ္သုံးကာ သူသည္ ရန္သူအား သတိမမူမိဟန္ျဖင့္ ေနာက္လွည့္မၾကည့္ပဲ ျပန္ခုခံႏိုင္မည့္ အကြက္ကို ေသခ်ာစဥ္းစားေနခဲ့သည္။ သူ၏ ႏွစ္ဖက္သြားဓားရွည္ကို တဘက္ႏွင့္ ဖုံးကာ အစဥ္အၿမဲ ေဆာင္ယူထားမိလို႔သာ ေတာ္ေတာ့သည္။ သူသည္ တံဘက္ေအာက္မွ ဓား႐ိုးကို တင္းတင္းဆုပ္ကိုင္ကာ ေမာရိယန္တို႔တိုက္ခိုက္တတ္ေသာ သိုင္းကြက္ပုံစံကို တန္ျပန္ခုခံႏိုင္ရန္ ေသခ်ာေတြးၿပီး ႐ုတ္ခ်ည္း ဓားကို ဝင့္လိုက္သည္။

သူ၏ ဗ်ဴဟာက ေအာင္ျမင္သြားသည္ဟုဆိုရမည္။ တစ္ဖက္လူသည္ အငိုက္မိကာ ဟြားစစ္အား အႏၲရာယ္ မျပဳမီ ျပန္တိုက္ခိုက္ခံရသည့္ အေနအထားသို႔ေရာက္သြားသည္။ 'ခြၽင္..' ခနဲ ဓားခ်င္း႐ိုက္ခတ္သံက ျမစ္ကမ္းေဘးတစ္ေလွ်ာက္ ပဲ့တင္ထပ္သြားသည္။ ဟြားစစ္မွန္းထားသလို ရန္သူမွာ ေမာရိယန္ တိုင္းရင္းသားတစ္ဦး ျဖစ္ေနခဲ့သည္ပင္။ သို႔ေသာ္ ထိုသူ၏ သိုင္းပညာမွာ အထင္ေသး ၍ေတာ့မရ။ ဟြားစစ္ႏွင့္ ေလးငါးကြက္ေလာက္ ယွဥ္တိုက္ခိုက္ၿပီးသည္အထိ အႏိုင္အရႈံးက မကြဲေသး....။ ဓားခ်င္းခတ္သံတို႔သာ ျမစ္ကမ္းေဘးတစ္ေလွ်ာက္ တခြၽင္ခြၽင္ျမည္ေနေတာ့သည္။

ထိုသူ၏ ဓားသြားသည္ ဟြားစစ္၏ လည္ၿမိဳသို႔ ထိလုထိခင္ ျဖတ္သန္းသြားသည့္ အခါလည္းရွိသည္။ ရန္သူအား အပီခုတ္လိုက္ပါမွ ေလထုကိုသာ ဝွီးခနဲ ခုတ္မိေနသည့္အခါမ်ိဳးလည္းရွိသည္။ ဓားႏွစ္ေခ်ာင္းသည္ ျပင္းထန္စြာ ပြတ္ရွမိၿပီး မီးပြင့္မတတ္ အင္အားၿပိဳင္ရသည့္ အခါမ်ိဳးလည္းရွိသည္။ အခ်ိန္အတန္ၾကာ တိုက္ခိုက္ ၿပီးသည့္တိုင္ ရလဒ္က ထြက္ေပၚမလာေပ။ ႏွစ္ဦးစလုံးသည္လည္း ဒဏ္ရာဒဏ္ခ်က္မရၾကေသး....။ ထိုအခိုက္ တိမ္ဖုံးေနခဲ့သည့္ လျပည့္ဝန္းသည္ လင္းလင္းရွင္းရွင္း ေပၚထြက္လာခဲ့ေပသည္။ လေရာင္ဝင္းဝင္းေၾကာင့္ ျမင္လိုက္ရသည့္ ျမင္ကြင္းမွာ ဟြားစစ္အတြက္ ပါးစပ္အေဟာင္းသား ျဖစ္သြားေစသည္။

ထိုသူက မိန္းကေလးတစ္ေယာက္ပင္။!!

အႏွီ မိန္းမပ်ိဳေလးသည္ အျခားေသာ ေမာရိယန္မိန္းကေလးမ်ား ဝတ္ဆင္သကဲ့သို႔ပင္ ရင္စည္းစျဖင့္ ရင္သားကို ေသခ်ာစည္းေႏွာင္ထားၿပီး ၎အေပၚတြင္ ကန္႔လန္႔ျဖတ္ တံဘက္တစ္ထည္ လႊားထားသည္။ ေနာက္ေက်ာဘက္တြင္ ျမားက်ည္ေထာက္တစ္ခုကို လြယ္ထားကာ ခႏၶာကိုယ္တြင္လည္း ေလးကိုင္းကို လြယ္ထားေသးသည္။ သူမ၏ မ်က္ဝန္းမ်ားမွာ ညဥ့္အေမွာင္ထဲတြင္ပင္ စူးရွေတာက္ပေနသည္။ သူ႔လို အေယာင္ေဆာင္ မိန္းကေလးတစ္ေယာက္ မဟုတ္တာေတာ့ ေသခ်ာပါသည္။

ႏွစ္ဦးႏွစ္ဖက္ ရွင္းရွင္းလင္းလင္း ျမင္သြားၾကၿပီးေနာက္တြင္ အၾကည့္ခ်င္းဖလွယ္ကာ... မိန္းကေလးက ေျပာလာပါ၏။

"ရွင္ေနာက္ဆုတ္လိုက္... ကြၽန္မလည္း ဆုတ္မယ္..."

ဟြားစစ္သည္ အတန္ငယ္ ေတြေဝေနမိေသာ္ျငား မိန္းကေလးဘက္က အမွန္တကယ္ ေနာက္ဆုတ္ေပးလိုက္သည့္အခါ သူလည္း ေနာက္ဆုတ္လိုက္သည္။ ယခုတြင္ ႏွစ္ဖက္ၾကား အကြာအေဝးတစ္ခုျခားသြားကာ လွမ္း၍ ညႇိႏႈိင္းခြင့္ရေပၿပီ။

"ဓားသိမ္းလိုက္...."

ႏွစ္ေယာက္စလုံးသည္ ကိုယ္စီ ဓားျပန္သိမ္းလိုက္ၾကသည္။ သူတို႔သည္ ေစာေစာက ဘာအတြက္ တိုက္ခိုက္ခဲ့ၾကမွန္း နားမလည္သည့္ဟန္။ ဟြားစစ္သည္ အႏွီ ေမာရိယန္ မိန္းမပ်ိဳေလးအား အံ့ၾသမွင္တက္ကာ ခ်ီးက်ဴးမိရပါသည္။ မိန္းကေလးတန္မဲ့ သိုင္းပညာကြၽမ္းက်င္လွကာ ထက္ျမက္သည့္ပုံေပၚေနသည္။

"ရွင္ဒီကို ဘာလုပ္လာတာလဲ... "

ဟြားစစ္သည္ ေက်ာခ်မ္းသြားရကာ အေၾကာင္းအရင္းအမွန္ကိုေတာ့ ဖုံးကြယ္ထားခ်င္ခဲ့ပါသည္။

"ငါက ဒီအတိုင္း ခရီးသြားတစ္ေယာက္ပဲ..."

"လိမ္တယ္!..."

ဟြားစစ္သည္ သူမ၏ ထက္ျမက္မႈကို ခန္႔မွန္းမိၿပီးသားမို႔... ျပန္ရွင္းျပမေနခ်င္ေတာ့ေပ။

"အဲ့ဒါထက္ မမေလး ခဏက မင္းဘာလို႔ ငါ့ကို တိုက္ခိုက္ခဲ့တာလဲ ငါတို႔တစ္ေယာက္နဲ႔တစ္ေယာက္ေတာင္ မမိတ္ဆက္ရေသးဘူးေလ.. ေမာရိယန္ေတြ ဒီလိုပဲ ႏႈတ္ဆက္ၾကတာလို႔ေတာ့မေျပာနဲ႔ေနာ္ ငါေမာရိယန္ေတြအေၾကာင္း ေကာင္းေကာင္းသိထားၿပီးသား"

"ကြၽန္မရွင့္ဆီမွာ အႏၲရာယ္ အေငြ႕အသက္ေတြ ရေနလို႔ေလ...."

"ေၾသာ္... ဟုတ္လား ဒါဆို ဘာလို႔ ဆက္မတိုက္ခိုက္ေတာ့ပဲ ရပ္လိုက္တာလဲ..."

"ရွင့္ဆီမွာ အႏၲရာယ္အေငြ႕အသက္ေတြရွိတာေတာ့ မွန္ေပမယ့္ အဲ့ဒါေတြက တိုက္ခိုက္ၾကည့္ေတာ့မွ ကြၽန္မအတြက္ မဟုတ္ဘူးထင္လို႔ပါ"

"မင္းရဲ႕ အာ႐ုံကေတာ္ေတာ္ ေကာင္းတာပဲေနာ့္"

"ခ်ီးက်ဴးေနပါၿပီ"

မိန္းကေလးက ရဲရင့္သည့္ ေျခလွမ္းတို႔ျဖင့္ သူ႔အနီးသို႔ ထပ္တိုးလာခဲ့သည္။ ဟြားစစ္သည္ ဤမွ် အေၾကာက္အလန္႔ကင္းသည့္ မိန္းကေလး မျမင္ဖူးခဲ့ေပ။ သို႔ေသာ္ နားလည္ေပး၍ ရပါသည္။ ယခု၌ သူသည္ မိန္းကေလးအသြင္ႏွင့္ ျဖစ္၍ တစ္ဖက္မိန္းကေလးအတြက္ အႏၲရာယ္ မျဖစ္ေစႏိုင္ဟု ထင္ေစရာေရာက္ေနသည္။ သူတို႔ႏွစ္ဦးသည္ သာမာန္ မိတ္ေဆြမ်ားကဲ့သို႔ ျမစ္ကမ္းေဘးတြင္ ယွဥ္တြဲလ်က္ ထိုင္မိၾကသည္။

"မိန္းကေလး မင္းကဘယ္ကလဲ..."

"ကြၽန္မလား... ဒီနား႐ြာက လယ္သူမေလးတစ္ေယာက္ပါ..."

ဟြားစစ္ ခပ္ဖြဖြရယ္မိသည္။ အႏွီမိန္းကေလးမွာ ဟြားစစ္အေနျဖင့္ အေဝးမွၾကည့္လွ်င္ပင္ ဝန္မင္း၊ အမတ္မင္း စသည့္မိသားစုမ်ားမွ၊ သို႔မဟုတ္ ၿမိဳ႕ထဲရွိ လူကုံထံအသိုင္းအဝိုင္းမွ မမေလးတစ္ေယာက္မွန္း သိသာလွပါသည္။ သူမ၏ ႐ုပ္ရည္မွာ ႏွစ္ေယာက္မရွိ တမူထူးကဲကာ ေခ်ာေမာလွသည္။ မ်က္ဝန္းမ်ားမွာ စူးရွေတာက္ပကာ ထက္ျမက္လွေပသည္။ ထို႔ျပင္ ဘယ္႐ြာသူမကေလးက သိုင္းပညာကို ေယာက္်ားမ်ားျဖင့္ပင္ ယွဥ္ႏိုင္ေလာက္သည္အထိ တတ္မည္နည္း....။

"အဟဲ... ဟဲ... မင္းလိမ္တာ မေတာ္ဘူးပဲ.. မင္းက ဒီနားက႐ြာသူမေလး မဟုတ္ဘူးဆိုတာ ငါေျပာရဲတယ္..."

"ဟုတ္လား ဒါျဖင့္ ရွင္လည္း လိမ္တာမေတာ္ဘူး...."

"အိုး... ဘာလို႔လဲ..."

"ရွင္က မိန္းကေလးမဟုတ္ဘူး..." !!

အသံဗလံ အားလုံးမွာ ေခတၱတိတ္ဆိတ္သြား၏။ ဟြားစစ္သည္ တစ္ႏွစ္နီးပါး မိန္းကေလးတစ္ေယာက္အသြင္ျဖင့္ ေနလာခဲ့ၿပီး ဘယ္သူကမွ သူ႔အား မိန္းကေလးမဟုတ္မွန္း မရိပ္မိခဲ့ၾကေပ။ ဤမိန္းကေလး၏ အာ႐ုံခံႏိုင္မႈႏွင့္ ထက္ျမက္မႈမွာ အံ့ဖြယ္ရာပင္။ သူမက ဆက္ေျပာပါ၏။

"ၿပီးေတာ့ ရွင့္စကားေျပာပုံ ေလယူေလတိမ္းအရ ရွင္က ေမာရိယန္ ဇာတိမဟုတ္ဘူး... ကြၽန္မတို႔ ျပည္နယ္ေတြထဲမွာ ေမာရိယန္မဟုတ္တဲ့ တျခားတိုင္းရင္းသားေတြလည္း ရွိၾကပါတယ္၊ ဒါေပမယ့္ ရွင္က အဲ့ဒီတိုင္းရင္း သားေတြနဲ႔လည္း မတူျပန္ဘူး...၊ ကြၽန္မခန္႔မွန္းၾကည့္ရမလား... ရွင္က ဟန္လူမ်ိဴးထင္တယ္"

ဟြားစစ္သည္ ထပ္ကာအံ့ၾသမိရျပန္သည္။

"စကားေျပာပုံအရ ကြၽန္ေတာ္က ဟန္လူမ်ိဳးလို႔ မိန္းကေလးခန္႔မွန္းႏိုင္ခဲ့တယ္၊ တစ္ဆိတ္ စိတ္မရွိနဲ႔ ကြၽန္ေတာ္က ေယာက္်ားေလးဆိုတာက်ေတာ့ မင္းဘယ္လိုသိလဲ..."

မိန္းမေခ်ာေလးက ခပ္ဖြဖြၿပဳံးသည္။ ၿပီးေနာက္မွ...

"ဒါက လြယ္ပါတယ္ ဘယ္မိန္းကေလးကမွ ကြၽန္မနဲ႔ယွဥ္ၿပီး တိုက္ခိုက္ႏိုင္တဲ့ အားမရွိဘူးေလ... ရွင္သုံးတဲ့အားက သာမာန္မိန္းကေလးေတြထက္ ပိုမ်ားေနတာေၾကာင့္ ကြၽန္မခန္႔မွန္းၾကည့္လိုက္႐ုံပါ..."

ျမစ္ျပင္မွ ေလေျပသည္ ညင္းသြဲ႕သြဲ႕ေအးေနသည္။ လေရာင္က သာသာယာယာ။ ျမစ္တြင္းမွ ေရာင္စုံမီးအိမ္မ်ားက ေကာင္းကင္ယံမွ ၾကယ္ေလးမ်ားႏွင့္အၿပိဳင္ လွပသည့္ ၾကယ္စင္ျမစ္တစ္စင္းလို မီးအိမ္မ်ားကို သယ္ေဆာင္လ်က္ စီးဆင္းေနသည္။ မိန္းမပ်ိဳေလး၏ ကိုယ္မွ ဘာပန္းမွန္း ဟြားစစ္ေသခ်ာမသိေသာ ပန္းရနံ႔ခပ္သင္းသင္းကို ရသည္။ သူတို႔ႏွစ္ဦးသည္ ဘာကိစၥေၾကာင့္ ယခုကဲ့သို႔ ယွဥ္ထိုင္လ်က္ ရင္းႏွီးစြာ စကားစျမည္ေျပာဆိုေနမိၾကမွန္းမသိ။ အတန္ၾကာမွ မိန္းမပ်ိဳေလးက သက္ျပင္းတစ္ခ်က္ကို ခ်ကာ ဆိုလာျပန္သည္။

"ကြၽန္မမွာ အစ္ကိုေတြအမ်ားႀကီးရွိခဲ့ဖူးတယ္ေလ... အဲ့ဒါေၾကာင့္လည္း ကြၽန္မ ေယာက္်ားေလးေတြရဲ႕ ကိုယ္သင္းရနံ႔နဲ႔ ကိုယ္ေနဟန္ထား ျပဳမူလႈပ္ရွားပုံေတြကို တျခားမိန္းကေလးေတြထက္ ပိုၿပီးသိေနတာပါ...."

"ေၾသာ္... မင္းအစ္ကိုေတြက မင္းကို ေတာ္ေတာ္ခ်စ္ၾကမွာပဲေနာ့္..."

"သူတို႔ခ်စ္ခဲ့ၾကပါတယ္... ဒါေပမယ့္ အခုမရွိၾကေတာ့ဘူးေလ... တစ္ေယာက္မွ.."

စကားဝိုင္းငယ္သည္ တဖန္တိတ္ဆိတ္သြားျပန္သည္။ ယခုမွ သူတို႔ႏွစ္ေယာက္၏ ဆုံေတြ႕မႈကို ဟြားစစ္သေဘာေပါက္လာရသည္။ ႏွစ္ေယာက္စလုံးတြင္ တူညီသည့္ ခံစားခ်က္မ်ားရွိခဲ့ၾက၍ျဖစ္မည္။ ဟြားစစ္ေရာ အႏွီမိန္းမပ်ိဳပါ ခ်စ္ရသူ မိသားစုဝင္မ်ားကို ရက္စက္သည့္နည္းျဖင့္ ဆုံးရႈံးခဲ့ၾကပါသည္။

ျမစ္အတြင္းမွ ေမ်ာပါလာေသာ မီးအိမ္မ်ား လုံးဝ မရွိေတာ့သည့္အခ်ိန္မွ သူတို႔ႏွစ္ဦး လမ္းခြဲျဖစ္ခဲ့ၾကသည္။ အႏွီမိန္းကေလးကမူ ဂႏၲမာလာေတာင္ေျခရင္းဘက္သို႔ ေလွ်ာက္သြားခဲ့ၿပီး ဟြားစစ္ကမူ ႐ြာထဲရွိ ဧည့္ရိပ္သာကေလးဆီသို႔ ျပန္လာခဲ့ပါသည္။

10.11.2020(Tue)#
_________________________________________

Continua a leggere

Ti piacerà anche

1.5M 187K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
768K 96.8K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...
467K 79.9K 127
Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO0- 120 chapters+ 2 extras (Completed) I...
188K 20.6K 100
ဘာသာပြန်သူ - စွဲညို့အသင်း