အခန်း[၁၁]

1K 133 2
                                    

အမြွှာညီနောင်


Unicode:

ဓားရှည်သည် ရေစီယာမွန်၏ လည်ပင်းဆီသို့ ထိလုထိခင် အနေအထား၌ ရပ်တန့်လိုက်ပြီး ရေစီယာမွန် တစ်ချက်မျှလှုပ်ရှားလိုက်ရုံဖြင့် လည်ပင်းပြတ်ထွက်သွားတော့မည့်နှယ် ရှိနေသည်။ ရေစီယာမွန်က ထိုသူ၏ မျက်နှာအား သေချာစွာကြည့်လိုက်ပြီး ရယ်မောလာတော့သည်။

"ဟား... ဟား.. ဟား.. စိတ်လျှော့ပါ စိတ်လျှော့ပါ... စစ်သူကြီးခင်ဗျ... ဘာကိစ္စကြွလာရပါသလဲ... သေရည်လည်းရှိတယ်၊ မိန်းမလှလည်းရှိတယ်.. ဘာနဲ့ဧည့်ခံရမလဲပြော..."

'ဘာဘာ' သည်သူ၏ ဓားရှည်ကိုပြန်ရုတ်လိုက်ပြီး အေးတိအေးစက်လေသံဖြင့်ပြောပါ၏။

"သေရည်ပဲပေး... သုံးပြီးသား မိန်းကလေးဆို ငါမကြိုက်ဘူး..."

"ဟုတ်ကဲ့... ဒါဆို ကျွန်တော်မျိုး နောက်ကျ အပျိုစင်မိန်းကလေးတွေပဲ ရှာထားပေးပါ့မယ်
လာမယ်ဆို ကြိုပြောထားဗျာ...."

"အလုပ်ကိစ္စကပြီးပြီ ဒီနေ့ပဲ အဲ့တာလာပြောတာ.... "

"တော်သေးတာပေါ့... အခုချက်ချင်းသွားစရာရှိသေးလား.. မရှိတော့ရင် ကျွန်တော်နဲ့ တစ်ခွက်တစ်ဖလားလောက်သောက်ပြီး မိုးလင်းမှ ပြန်လေဗျာ... ဘယ်လိုလဲ..."

"ရတယ်.... "

တိုတိုတုတ်တုတ်နှင့် ခတ်ပြတ်ပြတ်ပြောပြီး ဘာဘာသည် သူ၏ရှေ့မှ သေရည်ခွက်ကို တစ်ကြိုက်တည်းမော့ချလိုက်သည်။ ရေစီယာမွန်က နောက်တစ်ခွက် ငှဲ့ပေးပါသည်။

နောက်တစ်ခွက်...

နောက်တစ်ခွက်.. နောက်တစ်ခွက်....။

သေရည် အတော်လေးမူးတော့မှ ရေစီယာမွန် ဘက်က စကားစမြည်စပြောလိုက်သည်။

"ကွေ့ကျိုးမှာ နေရတာ ဘယ်လိုလဲ.. အတော်လေး ပျော်စရာကောင်းခဲ့ရဲ့လား... ခင်ဗျားနှယ် စစ်ပွဲတွေချည်း တိုက်နေရလို့ထင်တယ် ဓားကိုင်ပုံက ကြမ်းတမ်းလာလိုက်တာ အခုပဲ လူသတ်တော့မယ့်ပုံနဲ့... "

စစ်သူကြီးဘာဘာသည် တစ်ခွန်းမျှ ပြန်မပြော။ သူ့ခေါင်းထဲမှာ သေရည်အရှိန်ကြောင့် ရီဝေ ရီဝေဖြစ်ကာ အတွေးစတို့က လွန့်လူးလာပြန်သည်။ သူသည် ဓားရှည်၌ ချည်ထားသော ခေါင်းစည်းပုဝါနီစလေးကို လက်ညိုးထိုးပြလိုက်သည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now