အခန်း[၆၅]

694 107 3
                                    

ဟိုင်နန်တိုက်ပွဲတွင် မောရိယန်စစ်သည်တို့ မရှုမလှ စစ်ရှုံးခဲ့၏။ မသေပဲကျန်ခဲ့သည့် စစ်သည်များမှာ ဟဲနန်ခံတပ်အထိ တပ်ဆုတ်ပေးခဲ့ရသည်။

ပြောရပါလျှင် ဟိုင်နန်တိုက်ပွဲသည်ကား နှစ်ဖက်စလုံးအတွက် အကျအဆုံးများခဲ့သည်ပင်။ ဖီးလစ်သည် မောရိယန်စစ်သည် ငါးသိန်းကို အနိုင်တိုက်နိုင်ရန်အတွက် သူ့၏ ပြည်မသားစစ်သည်ခုနှစ်သိန်းခန့်ကို အသုံးပြုခဲ့ရသည်။ ထို့ပြင် မောရိယန်စစ်သည် တစ်ဝက်လောက် သေကြေပျက်စီးရန်အတွက် သူ့၏ စစ်သည်သုံးသိန်းလောက်ကိုလည်း ဆုံးရှုံးခဲ့ရ၏။

အနောက်ပိုင်းပြည်နယ်ရှိမြို့ရွာများသည်ကား အစောကတည်းက ဖီးလစ်၏ ခြေရာတွေထပ်နေခဲ့ပြီးဖြစ်ကာ၊ ဟိုင်နန်ပြည်နယ်ကိုပါ အနိုင်ရလိုက်၍ သူ၏ ပိုင်နက်နယ်မြေမှာ ပို၍ကျယ်ပြန့်လာခဲ့‌သည်။
သို့သော်.. သူ၏ ပိုင်ဆိုင်လိုစိတ်ပြင်းပြသည့် အလိုလောဘတို့မှာ အတောမတတ်နိုင်သေးပဲ "ရလေလိုလေ အိုတစ္ဆေ" ဖြစ်နေသည်။ ဟိုင်နန်ပြီးပါက ဒုတိယပစ်မှတ်မှာ ဟဲနန်ခံတပ်ဖြစ်ပြီး၊ ဟဲနန်ကိုရပါက တတိယနေရာမှာ 'ရှင်းကူး' ပြည်နယ်ဖြစ်လာပေလိမ့်မည်။

အကယ်၍ ကံကောင်းထောက်မစွာဖြင့် ရှင်းကူးပြည်နယ်အထိပါ အပိုင်သိမ်းနိုင်ပါက ၎င်းသည်-- ကွေ့ကျိုးပြည်ကြီးကို အရှေ့နှင့်အနောက် ခေါက်ချိုးညီညီ ထက်ဝက်ပိုင်း၊ ထို့အထဲမှ အနောက်ခြမ်း တစ်ပိုင်းလုံးကို သူအပိုင်ရလိုက်သည်နှင့် တူ‌ပေ၏။ ထို့ကြောင့် သောက်လေသောက်လေ ငတ်မပြေသည့်ပင်လယ်ဆားငံရေလို သူက တောက်လျှောက် အနိုင်ယူသိမ်းပိုက်ချင်နေသည်။

သို့သော် ရှင်းကူးခံတပ်မှာ အခိုင်အမာ တည်ဆောက်ထားသည့်အပြင် အင်ပါယာရှင် စစ်ဘုရင်တစ်ပါးအဖြစ် အနောက်တိုင်းနိုင်ငံတွေအထိပါ ဂုဏ်သတင်းကြီးလေသော မောရိယဧကရာဇ်ကိုယ်တိုင် လာရောက်ကာကွယ်စောင့်ရှောက်မည်ဖြစ်ရာ ၎င်းသည်က ထင်သလောက်မလွယ်ကူမှန်း ဖီးလစ်တွက်ထားပြီးသားပင်။

ဖီးလစ်သည် အသက်လေးဆယ့်ပြည့်တော့မည်ဖြစ်သည်။ သူသည် အနောက်ဘက်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ နိုင်ငံငယ်လေးများကို သိမ်းပိုက်ခဲ့ပြီးပေပြီ။ ကွေ့ကျိုးပြည်ကိုပါ ရရှိပါက သူ၏ ခေတ်တစ်ခေတ်အတွက် နေမဝင်အင်ပါယာကို ထူထောင်ဖို့ရာ အိပ်မက်ကလေးမှာ သုံးပုံနှစ်ပုံခန့်ပြီးမြောက်သွားမည်ဖြစ်သည်။ ကွေ့ကျိုးပြည်တွင် လေးငါးနှစ်ခန့် ခြေကုပ်ယူပြီးပါက နောက်ခြေတစ်လှမ်းမှာ ရွှေအိုရောင် မြေကြီးနှင့် ရွှေအိုရောင်အင်ကြင်းပန်းတွေ လှိုင်လှိုင်ပေါသည့် ပဉ္စဒီပဏီတိုင်းဌာနီကြီးဖြစ်လေသည်။

ချစ်သောမဟာမောရိယ[Completed]Место, где живут истории. Откройте их для себя