အခန်း[၅၃]

702 113 1
                                    

Unicode>>>

မြောက်ပိုင်း ချန်းဟွေပြည်နယ်စပ်မှသည် အရှေ့ဘက်တစ်ကြောလုံးအနှံ့ရှာဖွေခဲ့ပြီး ပြန်လည်စုံဆင်းလာသော အရှင်သူရိယ၏ ဝံပုလွေတစ်အုပ်နှင့် အနောက်ဘက်တစ်ကြောလုံးအနှံ့ရှာဖွေပြီး ပြန်လည်စုံဆင်းလာသော စစ်သေနာပတိချုပ် ဘာဟုသင်္စတို့သည် တောင်ပိုင်းနယ်စပ် နန်ကျန်းမြို့၌ ပြန်လည်ဆုံစည်းကြသည်။ ကြားရသည့် သတင်းမှာ အားရဖွယ်မရှိ။ နှစ်ဖက်စလုံး အနံ့အသက်ကလေးတစ်ခုတလေမျှတောင်ရှာမတွေ့ခဲ့သည်ပင်။

သို့သော်.. အရှင်သူရိယသည် နန်ကျန်း၏ မြို့လယ်ထဲသို့ ခြေချမိသည်နှင့် ခပ်ဝေးဝေးတစ်နေရာဆီမှ လှိုင်လှိုင်ထကြွသော သွေးနံ့အချို့ကို ရနေသည်။ သူ့နှာခေါင်း၏ အနံ့ခံအာရုံများမှာ ဝံပုလွေတစ်အုပ်ထက်ပင် ပါးလွှာသေး၏။ !

ထို့ကြောင့် သူနှင့်ဝံပုလွေရိုင်းနှစ်ကောင်မှာ အပြေးပြိုင်နေသကဲ့သို့ ကမူးရှူးထိုးပြေးခဲ့ကြတော့သည်။ နောက်မှ စစ်သည်တော်တစ်ဖွဲ့မှာ ပြတ်၍ကျန်ခဲ့၏။ ဘာဟုသင်္စကလည်း ဝံပုလွေ‌တစ်ကောင်နှင့်အတူ ခပ်လှမ်းလှမ်းမှ အပြေးလိုက်လာခဲ့သည်။

နန်ကျန်းမြို့၏ ချောင်ကျကျတစ်နေရာ၌ နှစ်ထပ်ဆောင်ကြာမြိုင်လေးတစ်ခုက ရှိနေသည်။ ပုံမှန်အတိုင်းဆိုပါက မည်သူမျှ သတိထားမိလိမ့်မည် မဟုတ်။

ယနေ့သည် ကြင်ယာတော် ပျောက်ဆုံးသွားပြီးသည့် ခြောက်ရက်မြောက်နေ့ဖြစ်သည်။ သူသည် အလောတကြီး ဆောင်ကြာမြိုင်အတွင်းသို့ ဝင်ချလာပြီး အခန်းကြမ်းပြင်များကို ဓားဖြင့်ကလော်ထုတ်ပစ်လိုက်၏။

နေ့ခင်းဘက်ဖြစ်၍ ဆောင်ကြာမြိုင်အတွင်း၌ ဧည့်သည်များ မရှိကြပေ။ ဆိုင်ပိုင်ရှင်မှာ ကြောက်လန့်တကြားဖြင့် ဘာမှဝင်မပြောရဲပဲ ချောင်တစ်ချောင်၌ ကုပ်နေရသည်။ ကြမ်းပြင်ရှိ ပျဉ်ပြားသုံးလေးချပ်ခန့် လှန်ခွာပြီးသော် အောက်၌ မြေအောက်ခန်းတစ်ခုကို တွေ့ရ၏။ ထိုအခိုက်သွေးညှီနံ့များက စူးစူးဝါးဝါး ပျံ့လွှင့်လို့လာချေသည်။

အရှင်သူရိယမှာ သူ့ချစ်သူ၏ သွေးတွေဆိုတာ ပို၍သေချာစွာ သိလာရသည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now