အခန်း[ ၂၁]

1K 144 7
                                    

အတိတ်ဆီသို့ခြေရာပြန်ကောက်ခြင်း(ပထမပိုင်း)

ဒေဝစ္စရာသည် နန်းတော်သို့ ပြန်ရောက်ပြီးသည့်နောက်တွင် ထွေထွေထူးထူး လုပ်စရာကိစ္စများမရှိ၍ တစ်နေကုန် စားလိုက် အိပ်လိုက်ဖြင့်သာ ကုန်ဆုံးနေရသည်။ အရှင်သူရိယကတော့ဖြင့် တိုင်းပြည်ထဲတွင် နေရာအနှံ့ ရေလှောင်တမံများ ဆောက်လုပ်ရေးအတွက် ခါတိုင်းထက်ပို၍ အလုပ်များလျက်ရှိသည်။

အနှီသူက အလုပ်ရှုပ်နေလျှင် သူ့တွင် ဇနီးမယား၊ ကြင်ယာတော်၊ သားသမီး များရှိသေးသည်ကိုပင် မေ့နေဟန်ရှိပါသည်။ ဒေဝစ္စရာလည်း မောရိယတို့၏ နန်းတွင်းဓလေ့နှင့် အသားကျနေပြီဖြစ်သည်။

စံအိမ်အကျဉ်းထောင်ထဲတွင် ချန်မယ်တော်နှင့် ညီတော် ဟွားကျင့် ရှိနေသည်ကို သိသည့်တိုင် သူသွားမတွေ့ဖြစ်ပေ။ ပြောစရာစကား နယ်နယ်ရရ မရှိသည်ကတော့အမှန်ပင်။

မောရိယဘုရင်၏ တရားဝင် ကြင်ယာတော် ဟူသည့် ရာထူးဂုဏ်သိမ်ဖြင့် သူသည် နန်းတွင်းထဲတွင် လွတ်လပ်စွာ သွားလာခွင့်ရှိနေပြီဖြစ်သည်။ အရှင်သခင်က သူ့တွင် ထွက်ပြေးချင်သည့် အရိပ်အခြေများ မရှိသည်ကို သိရှိသွား၍ ထင်ပါ၏၊ ယခင်က မြောက်နန်းဆောင်ကို စောင့်ကြပ်သည့် တပ်သားများကို သုမန နှင့်အတူ ရေကာတာ ဆောက်လုပ်ရေးဘက်သို့ လွှတ်လိုက်ပြီဖြစ်သည်။

ယနေ့တွင် ဒေဝစ္စရာသည် နံနက်စာကို သုံးဆောင်ပြီးသည်နှင့် နန်းတော်ရာထဲသို့ လှည့်လည်ကြည့်ရှုရန် ခြေဆန့်ခဲ့တော့သည်။

နန်းတော်ဝင်းသည် အလွန်ကျယ်ဝန်းလှပြီး အထဲတွင် ယခင်ဘုရင်လက်ထက်က မင်းညီမင်းသားများ နေထိုင်ခဲ့သည့် အဆောင်များကို အလျှိုလျှိုအလီလီ တွေ့ရမည်ဖြစ်သည်။ အမည်ရေးထိုးထားသည့် နန်းဆောင်များအရ ယခင် မောရိယ ဧကရာဇ်တွင် သားတော်၊ သမီးတော် စုစုပေါင်းမှာ ဆယ်ပါးရှိလေသည်။

သူဖတ်ခဲ့ဖူးသည့် စာအုပ်ထဲတွင် ဆယ့်တစ်ပါးဟု ဆိုထားပေမင့် နန်းဆောင်များမှာ ဆယ်ခုသာရှိသည်။ ဒေဝစ္စရာ၏ ဆင်ခြင်ဉာဏ်စွမ်းအရ တစ်ယောက်ယောက်တွင် အမြွှာရှိ၍သာ ဟုကောက်ချက်ချလိုက်သည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now