အခန်း[၃၅]

847 118 2
                                    

Unicode~~~~
.
.

သွေးအလိမ်းလိမ်း ပေကျံနေသော မင်းသားလေး အဝေရာ ၏ခန္ဓာကိုယ်လေးမှာ ချောက်ကမ်းပါးစွန်းမှသည် တစ်ထစ်ချင်း၊ တစ်ဆင့်ချင်း လှိမ့်ဆင်းလာခဲ့သည်။ ကလေးငယ်လေး၏ ကိုယ်ဖြစ်ရာ ဟိုနွယ်မှာငြိ၊ သည်သစ်ကိုင်းမှာငြိဖြင့် တဖြည်းဖြည်းချင်းမှ ခြောက်ကမ်းပါး၏ အောက်ခြေသို့ ရောက်လာခဲ့သည်။ ချောက်ကမ်းပါး၏ အောက်ခြေသည် ရေများရှိမနေပဲ ပကတိအတိုင်းမြေသားဖြစ်လျက် ဝါးရုံပင်များက ဟိုတစ်စု ဒီတစ်စုပေါက်ရောက်နေကြသည်။

အဝေရာ မသေသေးပါချေ။ အသက်ခပ်မျှင်းမျှင်းလေး ရှူရှိုက်နေသေးသည်။ သူအသက်ရှူလိုက်တိုင်းတွင် နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်လျက် နာကျင်နေခဲ့သည်။ မောဟိုက်ပင်ပမ်းစွာဖြင့် နာကျင်လွန်းခဲ့သည်။ နင့်နင့်သီးသီး နာကျင်ခဲ့ပါ၏။

"တောင်းပန်ပါတယ် မယ်တော်ဘုရားရယ်....၊ မယ်တော်က ခက်ခက်ခဲခဲနဲ့ မွေးဖွားပေးခဲ့တဲ့ ဒီအသက် ဒီ့ထက်ပိုပြီး ရှင်သန်မနေခဲ့လို့... "

သူ့တစ်ကိုယ်တည်း စိတ်ထဲမှပြောနေခဲ့သည်။ သွေးဆုတ်၍ ဖြူဖျော့နေပြီဖြစ်သော သူ၏ နှုတ်ခမ်းလေးများမှာ ဖွင့်ဟဖို့ရာ အားမရှိတော့။

"မယ်တော် မသေခင်ကလည်း ဒီလို ဝေဒနာမျိုး ခံစားခဲ့ရမှာပဲ၊ ဘာလို့ ကျွန်တော်တို့သားအမိကိုမှလဲ.... နာလိုက်တာ... နာကျင်လိုက်တာ... ဖြစ်နိုင်ရင် သား မြန်မြန်ပဲ မယ်မယ့်နောက်လိုက်ခဲ့ချင်ပြီ၊ ဘာဖြစ်လို့ ဒီခွေးအသက်က မသေနိုင်ရသေးတာများလဲ..."

သူ့တစ်ကိုယ်တည်း ပြည့်ဝိုင်းနေသော လမင်းအား မျက်နှာမူလျက် စိတ်မှပြောနေမိသည်။ ထိုအခိုက် တရွှတ်ရွှတ် ခြေသံများကို သူ့တောတ အာရုံက ကြားမိပြန်သည်။

/ဒီတစ်သက် ငါ့ရန်သူတွေ မကုန်နိုင်သေးဘူးလား...?/

ခြေသံများက ခပ်စိပ်စိပ်ဖြစ်နေပြီး ရွက်ခြောက်များပေါ်သို့ ခပ်ဖော့ဖော့သာ နင်းလျက်။ တစ်ဦးတစ်ယောက်တည်း၏ ခြေသံမဟုတ်ပဲ အဖွဲ့လိုက်၏ ခြေသံဖြစ်နေသည်။ ဒီလို တောကြီးမြက်မည်းထဲမှာ ဘယ်လိုလူတွေကများ ညကြီးအချိန်မတော် လာရဲပါ့အုံးမလဲ။

ချစ်သောမဟာမောရိယ[Completed]Onde as histórias ganham vida. Descobre agora