အခန်း[၆၀]

783 113 1
                                    

"သရဝေဓိ... ဘာကိစ္စ.. ငါ့ကိုခေါ်ထားတာလဲဆိုတာသာ ပြောပါ။ အရေးမပါတာတွေပြောမနေနဲ့။ "

"အယ်... ကျွန်တော့်အတွက်တော့ အရေးပါတယ်ရော.."

သူတို့သည် လျှောက်ထွက်လာခဲ့ကြရင်း ကျောက်ဆိုင်ကျောက်သားတို့ဖြင့် အခိုင်အမာတည်ဆောက်ထားသော မှော်ဝင်နန်းတော်ကြီးရှေ့သို့ ရောက်လာခဲ့ကြသည်။ ကျောက်လှိုင်ဂူကလေးမှာ ဤနန်းတော်ကြီးမှနေ၍ အနောက်ဘက်ခပ်ကျကျ နေရာလေး‌တွင်ရှိနေခြင်းဖြစ်သည်။ သရဝေဓိတစ်ယောက် နေ့လယ်နေ့ခင်း တိတ်ဆိတ်အေးချမ်း‌စွာ အနားယူနိုင်ရန် ပြုလုပ်ထားပုံရသည်။

ဒေဝစ္စရာအတွက်မူ မြင်မြင်လေသမျှ နေရာတိုင်းမှာ အထူးအဆန်းဖြစ်လို့နေပြီး သူ့စိတ်နှလုံးမှာလည်း ထူးကဲစွာပျော်မြူးလို့နေသည်။ သည်လိုမှန်းသိလျှင် ဒီဃာဝုမင်းသားလေးပါ ခေါ်လာရမှာဟု သူတွေးမိနေသည်။ ဒီဃာဝုမင်းသားလေးပါ, ပါလာလျှင်တော့ ကလေးကိုမှီး၍ သူပါ ပြေးဆော့လို့ရပေမည်။ ခုတော့ ဣန္ဒြေကြီးတစ်ခွဲသားနှင့် ခုန်ပေါက်မြူးထူးနေသည့် စိတ်ကလေးကို ထိန်းချုပ်နေရပေ၏။

အရှင်သူရိယက သူ့ညီတော်ကို စိတ်မရှည်ရကား ခြေလှမ်းတို့ကို တုံ့ခနဲရပ်တန့်လိုက်သည်။ သရဝေဓိတစ်ယောက် မျက်နှာပြန်တည်သွားပြန်ကာ ပြောလာခဲ့တော့၏။

"နောင်တော့်ကို နှမလေး အာလောက,ကခေါ်ခိုင်းလိုက်တာ။ ကျွန်တော်တို့ ထွက်ပြေးခဲ့တဲ့ညက အကြောင်း သူကျွန်တော့်ကိုမေးတယ်။ ကျွန်တော်လည်း မှတ်မိသလောက်တော့ ပြောပြထားတယ်။ ဒါပေမယ့် သူက နောင်တော်နဲ့မှ တိုက်ရိုက်စာရင်းရှင်းချင်နေပုံပဲ။ "

အရှင်သူရိယမှာ သရဝေဓိ၏ စကားထဲမှ လိုရင်းကို စိတ်မဝင်စားပဲ တခြားကိစ္စတစ်ခုအား ပို၍စိတ်ဝင်စားနေသည်။

"ဘာ... အာလောက ဟုတ်လား? သူနဲ့အတူ မိန်းမပျိုလေးတစ်ယောက်ပါသေးလား။? "

"ပါတယ်။ သိမ်သိမ်မွေ့မွေ့ပုံစံလေးနဲ့လေ။ "

ထိုအခါ သူက ညီဖြစ်သူအား တိုက်ရိုက်တဲ့တိုး စကားလုံးတို့ဖြင့်ဆော်၊ နှက်တော့၏။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now