အခန်း[၄၀]

888 122 2
                                    

Unicode;
.
.

ပဉ္စဒီပဏီရွှေနန်းတော်ကြီးဝယ်....။

ခင်ပွန်းသည်ဖြစ်သူ အရှင်သတ္တသူရိယ၊ ကြင်ယာတော် ဒေဝစ္စရာနှင့် မင်းသားငယ်လေး ဒီဃာဝုတို့က ကွေ့ကျိုးပြည်သို့ ခရီးထွက်သွားပါကြောင်း တတိယမိဖုရားဖြစ်သူ ဒုဌဝတီ သိ၏။

အချိန်ကား ညဦးယံခါသမယဖြစ်ကာ ဒုဌဝတီသည် သူမ၏အလယ်နန်းဆောင်မှ ပြတင်းတံခါးတချို့ကို ပိတ်လိုက်သည်။ ထိုအခါလတ်ဆတ်အေးမြသော လေများမှာ သူမ၏နန်းဆောင်တွင်းသို့ ဝင်ခွင့်မရရှာတော့ပဲ... အတားအဆီးတစ်ခုခြားထားသလို ဖြစ်သွားတော့သည်။

ပတ်ဝန်းကျင်မှ မွှေးပျံ့သောပန်းရနံ့နှင့် နံ့သာမှုန့်များက သူမအတွက်မလိုအပ်ခဲ့။ သူမက သဘာဝအတိုင်းကြည်လင်ဝင်းပသော အသားအရည်မျိုးကိုပိုင်ဆိုင်ထားကာ ရုပ်ရည်မှာလည်း သဘာဝအတိုင်းပင်တင့်တယ်လှသည်။ ပြတင်းတံခါးများကို ပိတ်ပြီးနောက် ခန်းစီးပုဝါစများကိုပါ ဖြည်ချလိုက်ကာ သူမ၏ နက်မှောင်ဖြောင့်စင်းနေသော ဆံနွယ်ရှည်တို့ကိုပါ ဆံထိုးထက်မှ ပြေလျှောကျစေလိုက်၏။

ခါးသေး၍ ရင်ချီသော မိန်းမပျိုလေး၏ ယခုပုံစံမှာ အနည်းငယ် ကပိုကသီနိုင်လှကာ သူမ၏ မျက်နှာထက်ဝယ် စိတ်လှုပ်ရှား‌မှုလေးများက ထင်ဟပ်လို့နေသည်။ အနောက်မှ အစေခံမိန်းမသူလေးများက သူမ၏ဆံနွယ်တို့အား သပ်ရပ်စွာဖြီးသင်ပေးလိုက်ကြသည်။

"ရပါပြီ... မယ်မယ်ဘုရား..."

နောက်ဆုံးသော ပန်းကပ်ဆံထိုးတစ်ချောင်းကို သူမ၏ဆံနွယ်ခွေများထဲ ထိုးစိုက်ပေးပြီးနောက် အစေခံမလေးက အလိုက်သိစွာဖြင့် အခန်းပြင်သို့ တိတ်တဆိတ်ထွက်ခွာသွားပေးခဲ့သည်။

ဒုဌဝတီတစ်ယောက် ညခင်းပိုင်း၌ နန်းတော်၏ အပြင်ဘက်သို့ ထွက်ထွက်သွားသည်မှာ ငါးရက်မြောက်ပင်ရှိခဲ့လေပြီ။ အစပထမပိုင်း၌ သူမက ၎င်းနန်းတော်ဂိတ်တံခါးစောင့်များဆီမှ ခိုးထွက်ရန်ကြံသေးသော်ငြား မိန်းမသားတစ်ဦးဖြစ်သော သူမက သိုင်းပညာလည်းမတတ်လေရာ မည်သို့မျှ ခိုးမထွက်နိုင်ပဲ နောက်ဆုံး၌ ပြောင်ပြောင်တင်းတင်းသာ ဘုရင့်မိဖုရားတစ်ပါး၏ အမိန့်မျိုးဖြင့် နန်းတော်တံခါးကို ဖွင့်စေပြီး ထွက်ခဲ့သည်ချည်း။

ချစ်သောမဟာမောရိယ[Completed]Unde poveștirile trăiesc. Descoperă acum