အခန်း[၁၅]

1.1K 147 5
                                    

မောရိယဧကရာဇ်၏ဒုတိယကြင်ယာတော်

"အရှင်...သူ....သူ...သူကဘာလို့ ယောက်ျားလေးဖြစ်နေရတာလဲ.... သူကဘယ်သူလဲ...."

စစ်သူကြီး သုမနသည် အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလေရာ အရှင်သခင်ဖြစ်သူ ခပ်ပြတ်ပြတ်သာ ပြန်ဖြေ၏။

"သုမန! ဘာမှမမေးနဲ့တော့ သူ့ကို အကျဉ်းထောင်ထဲမှာ သွားထားချေ..."

"အမိန့်တော်အတိုင်းပါဘုရား..."

စစ်သူကြီး သုမန နှင့် ငယ်သားများက ပိုင်ဟွားစစ်ကို ဆွဲယူလိုက်ကြသည်တွင် အရှင်သခင်က စောစောကတည်းက ဖြည်ချထားသော ပခုံးလွှားခြုံလွှာလေးကို ဟွားစစ်၏ ဗလာကျင်းနေသော ကိုယ်အထက်ပိုင်း ပေါ်သို့ လွှားတင်ပေးလိုက်သည်။ ကြိုးစကိုပါ လည်ပင်း၌ တစ်ပါတည်း ချည်ပေးလိုက်သေးသည်။

"ဒေဝစ္စရာ... အလှလေး မနက်ဖြန်မှ ဒီကိုယ်တော်က မင်းအတွက် ဘာလက်ဆောင်တွေ ပြင်ဆင်ထားသလဲဆိုတာ ကြည့်ကြတာပေါ့...."

သူ၏ နှုတ်ခမ်းထက် အေးစက်စက်အပြုံးတစ်ပွင့်ကို ဆင်မြန်းထားရင်း ပြောသည်။

"အရိုင်းအစိုင်းကောင်!! တိရစ္ဆာန်ကောင်!!..."

ဟွားစစ်သည် ကွေ့ကျိုးဒေသိယ ဘာသာစကားဖြင့် ပယ်ပယ်နယ်နယ် ဆဲရေးလိုက်သည်။

"ဘာရယ်... မင်းက ကိုယ်တော် နားမလည်ဘူးလို့ ထင်တယ်ပေါ့...."

ထိုစဉ်တွင် သုမနနောက်မှ ရောက်လာသော ငယ်ကျွန်တော်ကြီး ခါရာက....

"အရှင်.... ဒီရာဇဝတ်သားကို ဂရုစိုက်မနေပါနှင့်တော့ အရှင့်လက်ဖဝါးတော် သွေးထွက်လွန်နေမှာပဲ ခါရာ စိုးရိမ်မိပါတယ်၊ အရင်ဆုံး ကျွန်တော်မျိုးက သွေးတိတ်အောင် လုပ်ပေးပါရစေလား...."

အရှင်က စကားမဆိုပဲ ခါရာအား ခေါင်းသာညိမ့်ပြလိုက်သည်။

ခါရာက အရှင့်အနီးသို့ အပြေးကလေး ရောက်လာပြီး သွေးစတို့ကို အဝတ်သန့်သန့်ဖြင့် သုတ်သင်ပေးနေသည်။

သုမနနှင့် သူ၏ ငယ်သားများက ဟွားစစ်ကို ဖမ်းဆီးခေါ်ထုတ်သွားကြသည်။

"ဒါဖြင့် ဒီည အရှင့်အလိုတော် မပြည့်သေးဘူးပေါ့နော်... ခါရာ မိန်းကလေးတွေကို အသင့်ပြင်ခိုင်းထားချေရမလား"

ချစ်သောမဟာမောရိယ[Completed]Hikayelerin yaşadığı yer. Şimdi keşfedin