အခန်း[၁၇]

1.1K 145 2
                                    

မောရိယသွေးတို့၏အန္တရာယ်(ဒုတိယပိုင်း)

ဒေဝစ္စရာသည် မောဟိုက်ပင်ပန်းမှုကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။ တစ်ရေးကြီးကြီး အိပ်ပြီးနောက် စူးရှရှ အသံတစ်ခုကြောင့် ရုတ်တရက်လန့်နိုးလာခဲ့ရသည်။

အပြင်ဘက်မှ လပြည့်ဝန်း၏ ငွေတော်တာရောင်ခြည်များမှာ အခန်းတွင်းသို့ ဖြာကျလျက်ရှိရာ အခန်းလေးမှာ အနည်းငယ် အလင်းရောင်ရနေသည်။

ဟွားစစ်သည် ကမန်းကတန်း ထထိုင်လိုက်ရာ ခုတင်ခြေရင်းတွင် ညဝတ်ရုံကို အလျင်အမြန် ပြန်ဝတ်နေသော မောရိယအရှင်ကို ခပ်ရေးရေးမျှ တွေ့ရသည်။

"ဘာတွေဖြစ်နေတာလဲဟင်....."

ဟွားစစ်က ဗလုံးဗထွေးမေးလိုက်ရာ....

"ဟို ‌ေ-ာက်ကောင်တွေ လာပြန်ပြီနေမယ်.... ကိုယ်တော် သွားကြည့်လိုက်အုံးမယ်... မင်းအိပ်နေပါ...."

ဟုပြောပြီး သားရိုင်းတစ်ကောင်၏ အမြန်နှုန်းဖြင့် အိပ်ခန်းပြတင်းပေါက်မှ ခုန်ချသွားလေသည်။

ဟွားစစ်မှာ ကြောင်စိစိဖြင့် တစ်ယောက်တည်းထိုင်ရင်း ကျန်ရစ်ခဲ့သည်။

[ဘယ်က ‌ောက်ကောင်တွေလဲ...?‌]

မနီးမဝေး တစ်နေရာမှ ကလေးငယ် တစ်ဦး၏ အသည်းအသန် အော်ဟစ်ငိုကြွေးနေသံကို ကြားနေရသည်။ သေချာ နားစိုက်ထောင်ပါက ၎င်းမှာ မိဖုရားကြီး၏ တောင်နန်းဆောင်ဘက်မှ လာသည်ကို သိရှိရသည်။

အပြင်ဘက်တွင် ရှုပ်ယှက်ခတ်နေသည့် ခြေသံများ၊ အော်ဟစ်သံများ၊ ကလေးငိုသံများဖြင့် ညကြီးမင်းကြီး လောကကြီးမှာ ဆူညံပွက်လောရိုက်လျက်ရှိသည်။

ဟွားစစ်မှာ ဒီအတိုင်း မနေနိုင်တော့သဖြင့် ထလိုက်ကာ ညဝတ်အင်္ကျီကို ယူဝတ်လိုက်သည်။ ပြီးသည်နှင့် မောရိယ ဘုရင်၏ အိပ်ခန်းဆောင်မှသည် စင်္ကြန် လျှောက်လမ်းအတိုင်း ပြေးဆင်းလာခဲ့သည်။

မိဖုရားကြီး၏ အိပ်ခန်း‌ဆောင်ဘက်သို့ ခြေလှမ်းခပ်သွက်သွက်ဖြင့် ပြေးလာခဲ့ပြီး အနီးသို့ရောက်လုပေပြီ။ ရုတ်တရက်ဆိုသလို သူ့အနီးသို့ ဝှီးး ခနဲလေထုတစ်ဖြာက ဖြတ်ပြေးသွားသည့်အခိုက် ဟွားစစ်မှာ အလန့်တကြား ‌ထအော်မိရသည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now