အခန်း[၄၈]

720 114 1
                                    

နတ်ပျိုမဒီရှုမျှော်စင်ထက်မှ စောင်းတီးနေသော မိန်းမပျိုလေးမှာ တေးသီချင်းတစ်ပုဒ်ဆုံးသွား၏။ သူ့နေရာတွင် ရှိုက်ဖိုကြီးငယ် အသွယ်သွယ်က ထင်ထင်ရှားရှား ပေါ်လွင်လှသော နောက်မိန်းမပျိုလေးတစ်ဦးက ဝင်ရောက် နေရာယူလိုက်သည်။ မိန်းမပျိုလေးမှာ လဝန်းပမာ ဝင်းပပ မျက်နှာလေးကို အစွမ်းကုန် ပြုံးဝင့်လျက် ဖျော်ဖြေတင်ဆက်နေသည်။

ဒေဝစ္စရာသည် မသိစိတ်၏ စေ့ဆော်မှုအရ သူ့၏ ခင်ပွန်းသည်ယောက်ျားသားကို ဖျတ်ခနဲ လှမ်း၍ကြည့်လိုက်၏။ အရှင်သူရိယသည် စင်မြင့်ထက်မှ ထိုမိန်းမပျိုလေးအား ရွှန်းရွှန်းဝေဝေ ကြည့်ရှုနေလေသည်။ သူ့နှုတ်ခမ်းပါးများကမူ ပြုံးပင်ပြုံးလိုက်သေး၏။

ဒေဝစ္စရာ၏ ဝမ်းထဲသို့ ပွက်ပွက်ဆူနေသည့် ရေနွေးအိုးကြီးတစ်လုံး ရောက်လာသလို ဗလောင်ဆူသွားရသည်။ သူသည် သူ့နေရာ၌ပင် ထိုင်ရမလို၊ ထရမလို မရိုးမရွဖြစ်လာ၏။ အရှင့်ကို မျက်စောင်းခဲ၍ ကြည့်နေသော်ငြား သူ၏ အရှင်သခင်လင်တော်မောင်က သူ့အား တစ်စက်ကလေးမှ ပြန်လှည့်မကြည့်ခဲ့ပေ။

ပိုင်ဟွားစစ်သည် ပို၍ပိုကာ ဒေါသထွက်လာရသည်။ အရှင်သခင်ကမူ ခပ်လှမ်းလှမ်းမှ မြွေဟောက်အမောက်ထောင်နေသည်ကို မမြင်မိပဲ နှုတ်ခမ်းပါးတို့ ကွေးတက်အောင်ပင် ပြုံးနေသေး၏။

မိန်းမပျိုလေးမှာ ရေမြေ့ရှင်ဘုရင်မင်းမြတ်က သူမအား ရှုစားနေသောကြောင့် ပို၍ ရဲတင်းလာပြီး စင်ရှေ့နားသို့
တိုးကပ်လာခဲ့သည်။ ဟွားစစ် သည်းမခံနိုင်တော့ပေ။

သူ့၏ နီလာရောင် ရတနာသိုက်ကလေးအား တစ်ပါးသူက လုယူသွားမှာ စိုးရပါ၏။ !

ဒေဝစ္စရာသည် ထိုင်ရာမှ ရုတ်ချည်း ထရပ်လိုက်ပြီး ဘေးနားက အစေခံလေးများကိုပင် အသိမပေးပဲ အရှင့်၏ ပုလ္လင်အနီးသို့ ဒိုးဒိုးဒေါက်ဒေါက် ရောက်ချလာတော့သည်။ တစ်ဖက်စင်မြင့်ပေါ်မှ မိန်းမပျိုလေးသည် ရုတ်တရက် အံ့ဩသွားဟန်ပေါ်ပါ၏။

ဤသို့ သုံးပွင့်ဆိုင် အနေအထားရောက်တော့မှ အရှင်သူရိယက သူ့ကြင်ယာတော်လေးအား ဖြန့်ကားထားသော ပေါင်တံနှစ်ဖက်ပေါ်သို့ ဆွဲထိုင်စေလိုက်သည်။ ထို့နောက် သူ၏ ပခုံးလွှားခြုံလွှာကို ပိုက်ထားသော လက်တစ်ဖက်ဖြင့် ကြင်ယာတော်လေး၏ နောက်ကျောကို ထိမ်းပွေ့ထားလိုက်သည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now