အခန်း[၃၁]

925 133 4
                                    

Unicode~~~~

နောက်တစ်နေ့ညတွင်လည်း မောရိယဘုရင်နှင့် သူ၏အပေါင်းအပါတစ်စုမှာ ပြောင်ပြောင်တင်းတင်းပင် တည်းခိုဆောင်မှ ထွက်သွားခဲ့ကြသည်။ ထို့ကြောင့် ပိုင်ဟွားစစ်နှင့် ကလေးငယ်သာ တည်းခိုဆောင်‌၌ ကျန်ရစ်ခဲ့ပြန်ပါ၏။

/ဘယ်အိမ်တော်ကများ ဒီညကံစမ်းမဲပေါက်မလဲ...?/

ဟု ဟွားစစ်မတွေးပဲမနေနိုင်။

ကြာလာလျှင် 'အလုပ်ကလူကိုသင်' ဟူသည့်စကားအတိုင်း ဟွားစစ်လည်း ကလေးထိန်းတတ်နေပြီဖြစ်သည်။ ကလေးကို အစားဝအောင်ကျွေးပြီးမှ နွေးနွေးထွေးထွေးသိပ်လိုက်သည်။

ဤသို့ ညစဉ်ညတိုင်း မောရိယဘုရင်နှင့် အပေါင်းအပါတစ်စုမှာ ထွက်သွားကြသဖြင့် ဟွားစစ်သည် တည်းခိုဆောင်၌ မိမိတို့နှစ်ဦးတည်း ကျန်ခဲ့ခြင်းကို ငြီးငွေ့နေပြီဖြစ်၏။

ထို့ကြောင့် နောက်တစ်ည၌ သူတို့တစ်စု ဘယ်ကိုပဲသွားသွား ဟွားစစ်သည် ကလေးပိုးပြီး လိုက်တော့မည်ဟု အခိုင်အမာဆုံးဖြတ်ချက်ချထားသည်။

တကယ်တမ်း အရှင်သခင်ဖြစ်သူကို သူလိုက်မည့်အကြောင်းပြောကြည့်တော့ ထင်သလောက်မလွယ်လှပေ။

"ကိုယ်တော်တို့က တောထဲ၊ တောင်ထဲသွားမှာပါ အချစ်က ဘာလိုက်လုပ်မလို့တုန်း... ညကြီးမင်းကြီး အေးကအေးသနဲ့...."

"ဒါဖြင့် ကျွန်တော်က ညတိုင်းကလေးထိန်းပြီးပဲ နေခဲ့ရမှာလား.... ကလေးက ညတိုင်းငိုပြီး ကျွန်တော်အိပ်ရေးပျက်မယ့်အတူ မထူးတော့ဘူးလေ.. အတူလိုက်တာပဲ ပိုကောင်းတာပေါ့...."

အမှန်မှာ ကလေးက ညတိုင်းမငိုပါ။ သူကသာ လိုက်ချင်၍ ကလေးကို ခုတုံးလုပ်ကာ ရမည်ရှာခြင်းဖြစ်သည်။

မောရိယပြည့်ရှင်သည် အနည်းငယ် အံ့ဩသွားဟန်ဖြင့်....

"အိုး.... သူညတိုင်းငိုသလား... ကိုယ်တော့်ကို စောစောကပြောရောပေါ့....၊ ဒါဖြင့် သူ့ကိုခေါ်သွားမယ် မင်းနေခဲ့...."

ပိုင်ဟွားစစ်; "............."

သူ့အကြောင်းပြချက်မှာ လမ်းလွှဲသွားပြီဖြစ်ကြောင်း သဘောပေါက်ပြီးသကာလ သူကနောက်ထပ်တစ်မျိုးပြောင်းပြောရပြန်သည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now