အခန်း[ ၂၂]

985 126 1
                                    

အတိတ်ဆီသို့ခြေရာပြန်ကောက်ခြင်း(ဒုတိယပိုင်း)

တိုက်တိုက်ဆိုင်ဆိုင် ထိုနှစ်က မှော်ဝင်တိုင်းပြည်၌ အုပ်ချုပ်သူမင်းလောင်းမရှိခဲ့ပေ။ ထို့ကြောင့် အာရိယန်လူမျိုးများက ပုလဲနက်မှ မွေးဖွားလာသော ကလေးကို ဝိုင်းဝန်းစောင့်ရှောက်ထားခဲ့ပြီး အရွယ်ရောက်လာသည့်အခါ ဘုရင့်ဥသျှောင်တင်ပေးလိုက်သည်။

သူ့ကို အာရိယန်လူမျိုးများက 'ပုလဲနက်ဘုရင်'ဟု ခေါ်တွင်ကြသည်။ ပုလဲနက်ဘုရင်သည် သဘာဝနတ်ဘုရားမ၏ သမီးတော်များထဲမှ တစ်ပါးဖြစ်သော 'သုန္နရီဒေဝီ' နှင့်ချစ်ကြိုးသွယ်ခဲ့ကြပြီး သူ(မ)နှင့် လက်ဆက်ခဲ့သည်။

သူတို့နှစ်ဦးမှ မွေးဖွားလာသော သမီးငယ်ကလေးမှာ လူမက နတ်မကျ ဖြစ်နေခဲ့ပြီး လူ့အသွင်နှင့် နတ်မိမယ်ကလေးဖြစ်သည်။ ထိုမင်းသမီးကလေးကို အာရိယန်များက 'ပုဏ္ဏမီနတ်မယ်' ဟုခေါ်တွင်ကြသည်။

'ပုဏ္ဏမီနတ်မယ်'ကလေးကို မွေးဖွားခဲ့ပြီး နှစ်နှစ်အကြာတွင် ပုလဲနက်ဘုရင်နှင့် မိဖုရားသုန္နရီဒေဝီ တို့တွင် နောက်ထပ် သမီးရတနာတစ်ပါး ထပ်၍ ထွန်းကားခဲ့သည်။ အာရိယန်များက ဒုတိယသမီးတော်အား အရှင်သီဝကို အစွဲပြု၍ 'သီဝလိနတ်မယ်' ဟုအမည်ပေးခဲ့ကြသည်။

'သီဝလိနတ်မယ်' အား ဖွားမြင်ပြီး နှစ်များမကြာမီ သုန္နရီဒေဝီ သည် လူ့လောကမှ ထွက်ခွာသွားခဲ့သည်။
ပုလဲနက်ဘုရင်သာလျှင် သမီးတော် နှစ်ပါးအား ပြုစုပျိုးထောင်ရင်း ကျန်ရစ်လေသည်။

မင်းသမီးနှစ်ပါးသည် မိခင်ဘက်မှ နတ်ဘုရားမျိုးနွယ်အရ နတ်တမျှ လှပတင့်တယ်ကြပြီး၊ ဖခင်ဘက်မှ ပုလဲရတနာ၏ သန္ဓေအမြုတေအရ ပုလဲရောင်ခြည်နှင့်မှ ရှင်သန်နိုင်ကြသည်။ သာမာန်နေရောင်ခြည်စူးစူးကို မခံနိုင်ကြပေ။ သလင်းကျောက်သားအတိဖြင့် တည်ဆောက်ထားသော နန်းမဟာမြိုင်အတွင်း၌ ပန်းနုရောင်ပုလဲလုံးများ၏ ရောင်ခြည်ဓာတ်ဖြင့်သာ နေထိုင်လေ့ရှိသည်။

ပုလဲနက်ဘုရင်က သမီးတော်နှစ်ပါးအား ချစ်မြတ်နိုးလွန်းလှကာ ကြီးပြင်းသည်အထိ မှည့်တစ်ပေါက်မစွန်းစေရ သ,ထားလေသည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now