အခန်း[၅၈]

747 108 8
                                    

"မင်းစဉ်းစားကြည့်ဖူးရဲ့လား? ငယ်ငယ်တုန်းက အဝေရာဟာမိဖုရားခေါင်ကြီးဆီကနေ အဆိပ်ခတ်ခံရတာရော၊ သတ်ဖြတ်ခံရ‌တာရော အမျိုးမျိုးကြုံခဲ့ရပေမယ့် သူ့ဘေးနားမှာ ငါရောက်လာတဲ့ အချိန်ကစပြီး အဲ့သည် မိဖုရားခေါင်ကြီးက သူ့ကို ဘာမှမလုပ်တော့ဘူးတဲ့လေ... ဘာဖြစ်လို့များလဲ? သူမက ငါ့လို ကျွန်သာသာ အစေခံလေးရဲ့ ကာကွယ်ပေးမှုတွေကို ကြောက်နေခဲ့လို့လား။? ဒါမှမဟုတ် သူမက အဝေရာကို ချစ်ခင်သွားလို့လား။?

အဟက်.. နှစ်ခုစလုံး မဟုတ်ခဲ့ဘူးလေ.. ဘာဖြစ်လို့လည်းဆိုတော့ ငါက အဝေရာနဲ့ ‌သေအတူရှင်မကွာ ရှိနေခဲ့တော့.. ငါ့ရဲ့ မယ်တော်က သူ့ရဲ့သားအရင်းကို သူ့ရဲ့လက်နဲ့တော့ ဘယ်သတ်ချင်ပါတော့မလဲ။"

ဟုတ်ပါ၏။ ခါရာသည်ကား မိဖုရားခေါင်ကြီး မာယာဒေဝီက အရပ်သားခင်ပွန်းသည်ဖြင့် ပေါင်းဖက်၍မွေးခဲ့သော သားရင်းချာဖြစ်ခဲ့ပေသည်။ သို့သော်လည်း မာယာဒေဝီ၏ မိဘများက သူမလိုမင်းသမီးတစ်ပါးအဖို့ သာမာန်အရပ်သားနှင့် ပေါင်းဖက်ခြင်းမှာ မအပ်စပ်ဟုတွေးတောကာ သူတို့၏ ရွှေသမက်တော်အား မြန်မြန်ပင် ရှင်းထုတ်လိုက်လေသည်။ ထို့နောက် သားတစ်ယောက်မိခင် သူတို့သမီးကလေးအား အပျိုရည်သွန်းကာ ရွှေနန်းတော်ရှိ တော်ဝင်မင်းသားလေးနှင့် လက်ဆက်စေခဲ့သည်ပင်။

အစပိုင်း၌ ခါရာက အဘိုး၊ အဘွားမိသားစုနှင့် ကျန်ရစ်ခဲ့သော်ငြား ဆယ်ကျော်အသက်ရောက်သည့်အခါ မိဖုရားခေါင်ကြီး မာယာဒေဝီက သူမ၏ သားကြီးဖြစ်သူအား နန်းတော်ထဲသို့ တိတ်တဆိတ်ခေါ်သွင်းခဲ့တော့သည်။ ထို့နောက် သားဖြစ်သူက လက်ရုံးရည်ရော၊ နှလုံးရည်ပါမပြည့်စုံလေမှန်း သိသွားလေပြီး နန်းတွင်းထဲ၌ ဆက်လက်ရပ်တည်ဖို့မှာ လုံးဝမလွယ်ကူမှန်း သိရှိသွားရသည်။

ဤဖြစ်အင်ကို နောက်ပိုင်း၌ မောရိယဘုရင်ကြီးကပါ သိရှိသွားခဲ့ပြီး သူ့၏ မယားပါသားဖြစ်သူအား နန်းတော်ထဲတွင် ဆက်လက်နေနိုင်စေရန် ကူညီစောင်မ,ပေးခဲ့ပေသည်။ ပထွေးဖြစ်သူ ဘုရင်ကြီးမှာ ခါရာအား လက်ရုံးရည်ရော၊ နှလုံးရည်ပါ သိပ်မလိုသည့် ရာထူးရာခံတစ်မျိုးကို ပေးကမ်းခဲ့၏။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now