အခန်း[၃၄]

863 120 1
                                    

Unicode~~~~~
.
.

နောက်တစ်နေ့ စာသင်ချိန်အပြီး အဝေရာသည် စာသင်ဆောင်မှ ထွက်လာခဲ့သည့်အခိုက် ယမန်နေ့က သူနှင့်ခင်မင်ခဲ့သော မိန်းကလေးအား ထပ်တွေ့ရပါ၏။ သူမက စာသင်ဆောင်အပြင်ဘက်၌ မတ်တပ်ရပ်လျက်သာ နေသည်။

"ဒီမှာ ဘာလာလုပ်နေတာပါလဲ... မမအလှလေးက "

အဝေရာ တစ်စက်မှ မယဉ်ကျေးစွာဖြင့် ပြောလာသည်။

"မောင်တော်လေးကို လာကြိုတာလေ... ဒီနေ့လည်း အရှေ့ဘက်ဥယျာဉ်‌မှာ သွားကစားချေရအောင်..."

အချိန်ကာလအတန်ကြာ သူ့အား ဤစာသင်ဆောင်၏ အပေါက်ဝ၌ လာစောင့်ကြိုနေသူ တစ်ဦးတစ်ယောက်မှ မရှိဖူးခဲ့လေရာ အဝေရာသည် သူမဆီမှ ထိုစကားကို ကြားရသည့်အခိုက် သူ့နှလုံးသားလေးမှာ နွေးထွေးပျော်ရွှင်သွားခဲ့သည်။

အဝေရာသည် သူ့အားဤသို့ချစ်ခင်မှုပေးသည့်လူရှိလာလေလေ သူက ထိုနွေးထွေးမှုအား ပို၍လိုချင်တောင့်တလာလေလေ ဖြစ်ရသည်။

"ဒါဖြင့်ရင် ပွေ့ ...၊
ကျွန်တော့်ကိုပွေ့ချီ သွားလို့... "

သူက အစ်မတော် ပုပ္ပစန္ဒာဆီသို့ သူ့လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်ရင်း ဆိုပါ၏။ တစ်ဖက်လူက သူ့အား အလွယ်တကူကောက်ပွေ့နိုင်ရန်အလို့ငှာ ရည်ရွယ်လျက်။

" အယ်... အဲ့လိုတော့ မချီနိုင်လောက်ဘူးထယ်တယ် အရှင့်သား... ကျွန်တော်မျိုးမရဲ့ ဒီလက်နှစ်ဖက်က အားနည်းနည်းလေးပဲ ရှိတာပါ"

ပုပ္ပစန္ဒာက ရှက်ပြုံးကလေးပြုံးလိုက်ရင်းဖြင့် နုညံ့ချိုသာစွာဆိုပြောလိုက်သည်။ အဝေရာသည် ဟွန့် ခနဲနှာမှုတ်လိုက်ကာ...

"အဲ့လိုဆိုလည်း ပြီးရော..."

ဟုပြောပြီး သူ့လက်နှစ်ဖက်အား ခါယမ်းလျက် ရှေ့သို့လျှောက်သွားတော့သည်။

ပုပ္ပစန္ဒာက အနှီကလေးငယ်အား နောက်မှလျင်မြန်စွာ လိုက်ဖမ်းဆွဲလိုက်ပြီး ဆိုပါ၏။

"ဒါပေမယ့် ပိုးမယ်ဆိုရင်တော့ ပိုးနိုင်ပါတယ်..."

"ဟုတ်ပြီလေ.. ဒါဆိုရင်ပိုးမယ်"

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now