အခန်း[၄၁]

905 128 9
                                    

Unicode>>>
.
.

ဒေဝစ္စရာသည် ခင်ပွန်းသည်မရှိသည့်အခိုက် မယ်ဒေဝီ၏ အပမ်းဖြေနန်းဆောင်ထဲဝယ် အိပ်လိုက်စားလိုက် အညောင်းလေးဆန့်လိုက်ဖြင့် သူ၏အချိန်တို့အား ကုန်ဆုံးသွားစေခဲ့သည်။ တစ်နေ့တစ်နေ့ ဒီဃာဝုမင်းသားလေးနှင့် အတူဆော့ကစားပေးရုံမှအပ, ဘာအလုပ်မျှ မရှိပါပဲ ပျင်းရိငြီးငွေ့စွာသာ နေထိုင်နေရ၏။

သို့နှင့် တစ်ညနေခင်းလေးတွင် အပျင်းပြေစေရန် အလို့ငှာ နန်းဝတ်နန်းစားများအား ချွတ်ပစ်ထားလျက် မိမိ၏မွေးရပ်မြေဖြစ်သော ရှန့်အဲ့တော်ဝင်နန်းမြို့တော်ကြီးထဲသို့ ဟိုဟိုဒီဒီလျှောက်သွားကာနေ၏။ ယခင်က သူ ပန်းသည်လုပ်ခဲ့သော ဈေးကလေးဆီသို့ ပြန်ရောက်ခဲ့သည်။ စစ်မဖြစ်မီ တစ်ရက်အလိုက နံနက်ခင်းစောစော၌ ဖြတ်လျှောက်ခဲ့သော လူစည်ကားလှသည့် လမ်းသွယ်လေးများဆီသို့ ပြန်ရောက်သည်။ အရှင်သခင်နှင့် ပြန်လည်ဆုံတွေ့‌ခဲ့သော 'နှင်းပွင့်ဝေဆာ' လမ်းထဲသို့ ပြန်ရောက်ခဲ့၏။

ညနေခင်းသည် မှောင်ရီပျိုးလာကာ ဒေဝစ္စရာတစ်ယောက်ကတော့ဖြင့် လမ်းမများထက်ဝယ် လျှောက်သွားနေဆဲဖြစ်သည်။ 'ထိုင်နေလျှင်အကောင်းသား ထ,သွားမှကျိုးမှန်းသိ' ဆိုသလို ယခုကဲ့သို့ ဒေဝစ္စရာ၏ လမ်းသလားမှုက ကြီးမားသော ပြဿနာတစ်ရပ်အား စတင်မီးမွှေးခဲ့သလို ဖြစ်စေခဲ့မှန်း သူကိုယ်တိုင်လည်း သတိမမူမိခဲ့ပါချေ။

ဝှစ်ကနဲမြည်သံနှင့်အတူ သူ၏ဦးခေါင်းအနီးမှ ပွတ်ကာသီကာ ဖြတ်သန်းသွားသော မြှားတစ်စင်းက ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်လေသည်။ !

ဟွားစစ်သည် လမ်းဘေးနံရံတစ်ဖက်၌ စိုက်ဝင်သွားသော မြှားတံအား ဆွဲနုတ်၍ ကြည့်ရှုလိုက်သည်။

မြှားတံမှာ အလုံးအထည်ခပ်တုတ်တုတ်ဖြစ်ပြီး အဖျား၌မူ ချွန်မြနေအောင် ပြုလုပ်ထားသည်။ ဤကဲ့သို့သော မြှားတံမျိုးအား မောရိယန်တွေသာ အသုံးများကြောင်း ဒေဝစ္စရာသိထားပါ၏။ သူသည် မြှားတံအား ကိုင်၍ကြည့်ရှုစစ်ဆေးနေစဉ် ဝရောသောပါး ခြေသံများဖြင့် သူ့အနီးသို့ လူတစ်အုပ်က ရောက်ချလာသည်။

သူတို့အားလုံးမှာ ဝတ်ရုံပြည့်ဝတ်ဆင်ထားပြီး မျက်နှာဖုံးများတပ်ဆင်ထားကာ ကောင်းသည့်ရည်ရွယ်ချက်ဖြင့် လာခြင်းတော့ လုံးဝမဟုတ်ခဲ့ပေ။

ချစ်သောမဟာမောရိယ[Completed]Onde as histórias ganham vida. Descobre agora