အခန်း[၄၂]

942 121 4
                                    

Warning; In this chapter includes some sensitive words. So if you're under 18, please skip this chapter.

ပူလောင်ပြင်းရှသည့် ရမ္မက်မီးတို့ဟာ နှုတ်ခမ်းနှစ်စုံအကြား အလျှံညီးညီး တောက်လောင်လို့နေသည်။ ဒေဝစ္စရာမှာ အနှီလူသားက လိုချင်ပြီဆိုလျှင် သူ့အား ဘယ်အရာကမျှတားဆီး၍မရသည့် တဇွတ်ထိုးဉာဉ်ဆိုးကလေးရှိကြောင်း သူနှင့် ပေါင်းသင်းလာသမျှကာလနှင့်အညီ ပို၍ပိုကာ သိလာရသည်။

ထို့ကြောင့် ငြင်းဆန်ရုန်းကန်မှုများက ထိုလူသားအတွက် အရာမရောက်လေပဲ ထိုသို့ပြုလုပ်ခြင်းဖြင့် သူ့ဒေါသကိုဆွပေးသလို ဖြစ်စေမည်--- ဖြစ်လေသောကြောင့် ဒေဝစ္စရာမှာ အသာတကြည်သာ ခွင့်ပြုလိုက်လျောပေးထား၏။ သူ့၏ စိတ်ရိုင်းကိုလည်း ချွန်းဖွင့်ကာ အစွမ်းကုန် လွှတ်လပ်ခွင့်ပေးထားလိုက်သည်။

အရှင်သူရိယသည် ကြမ်းတမ်း၍ပြင်းရှသော၊ စိုစွတ်၍ နွေးထွေးသော အနမ်းမိုးများကို ဒေဝစ္စရာဆီသို့ခြွေချအပ်နှင်းပြီးသကာလ--- သူ၏ လက်များဖြင့် ချစ်ရသူ၏ အပေါ်ယံဝတ်ရုံတို့ကို တစ်လွှာချင်း ဖယ်ခွာလေတော့သည်။ နောက်ဆုံးသော အတွင်းဝတ်ရုံအရောက်တွင်တော့ သူက စိတ်မရှည်နိုင်တော့ပဲ ဗြိခနဲမည်အောင် ဆွဲဖြဲပစ်လိုက်တော့၏။ !

သူ့အတွက်မူ ဤအပေါ်ယံအထပ်ထပ် အဝတ်အစားများသည်က လူ့ယဉ်ကျေးမှုကို ဖော်ပြရာတွင် သုံးသော ပကာသန, အဆောင်အယောင်များထက် ဘာမျှမပိုခဲ့။ ထိုဝတ်ရုံများ၏ အောက်ရှိ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်ကသာလျှင် တကယ့်လူဘောင်လောက၏ သရုပ်သကန်ဧကန်ဖြစ်လေသည်။

မောရိယန် ယောက်ျားသားတို့အတွက်မူ မိမိ၏ ကိုယ်လုံးတီးဗလာကိုယ်ခန္ဓာအား လူများရှေ့တွင် ချွတ်၍မပြရဲသူသည် ယောက်ျားမပီသ, ဟုသတ်မှတ်ကြသည်။ ထို့ကြောင့် သူတို့က မြစ်တွေ၊ ချောင်းတွေထဲသို့ ရေချိုးဆင်းလျှင် ဗလာကိုယ်သက်သက်သာ ဆင်းလေ့ရှိပြီး အမျိုးသမီးများကမူ အခြားရေချိုးဆိပ်တစ်နေရာ၌သာ အသုံးပြု၍ ချိုးကြရသည်။

အရှင်သူရိယသည် သူ့ကိုယ်မှရော ချစ်သူ၏ကိုယ်မှပါ ပကာသနများကို ဖယ်ခွာပြီးနောက်တွင်မှ သူတို့၏ ကိုယ်များမှာ မိမွေးတိုင်း ဖမွေးတိုင်းဖြစ်သွားလျက် တစ်ဦးကိုတစ်ဦး ‌အသွေးအသားချင်း နီးနီးကပ်ကပ်ခံစားရစေသည်ဟု တွေးမိ၏။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now