အခန်း[၃]

1.6K 195 3
                                    

အညံ့ခံမလားစစ်ထိုးမလား

"အရှင်မင်းကြီး ရာဇသံမှာသူရေးထားတာက 'အညံ့ခံမလားစစ်ထိုးမလား' တဲ့...၊ အကယ်၍ နေမဝင်ခင်စာမပြန်လာရင် အညံ့ခံမယ်ဆိုတဲ့သဘောယူဆပါမယ်တဲ့....၊ စစ်ထိုးမယ်ဆိုရင် ရာဇသံပြန်ပြီး စစ်ပွဲကိုဒီညစတင်တိုက်ခိုက်ပါမယ်တဲ့...."

ဘာသာပြန်သူက စာလိပ်ကိုဖြည်ကာ ဖတ်ပြနေသည်။

"အဟား....ဟား...ဟား...ဟား..အဟက်... အဟွတ်...အဟွတ်...."

အဘိုးတော်မင်းကြီးသည် ချောင်းဆိုးပြီး တံတွေးသီးသည်အထိပင်ရယ်လေသည်။ ဘေးနားမှ အထိန်းတော်ကြီးက ကျောကိုအသာပုတ်ပေးရသည်။ ခမည်းတော်၏ မျက်နှာမှာ ပြိုတော့မည့်မိုးလို မည်းမှောင်နေသည်။ အဘိုးတော်က သူ့သားတော်မောင်၏ မျက်နှာထားကို သတိပြုမိသည့်ဟန်ပြောတော့သည်။

"ငါ့ရဲ့သားတော်က လမ်းဘေးခွေးလေးကိုတောင်တယ်...ကြောက်တတ်နေပါလား.... ဘာလဲယောက္ခမမြေမို့လို့ မစော်ကားရဲဘူးပေါ့... အဟားဟား...ဟား.... စစ်ထိုးမယ် စစ်ထိုးမယ်လို့ ရာဇသံမြန်မြန်ရေးလိုက်..."

"ခမည်းတော် စဥ်းစားတော်မူပါအုံး... ဒါကျွန်တော်တို့အားလုံးအတွက် အဆုံးသတ်ဖြစ်သွားနိုင်တယ်.... ဘယ်အရာကိုမှ အလျင်စလိုလုပ်လို့မကောင်းပါဘူး...ခဏအချိန်ဆွဲထားပြီး ကျွန်တော်တို့ သေချာစဥ်းစားစီစဥ်ကြရအောင်ပါ...."

ဟွားစစ်သည် ဖခင်အနီးတွင် ရို့ရို့လေးထိုင်ကာ လူကြီးများစကားပြောနေသည်ကို မနှောက်ယှက်ပဲနေ,နေသည်။ အဘိုးတော်က စားပွဲကိုတစ်ချက်ပုတ်လိုက်ကာ....

"ဒီမယ်... မင်ဟွား... အဲ့ဒါကြောင့် ငါမင့်ကို ထီးနန်းမလွဲချင်တာ၊ မင်းဟာ တစ်ခုခုကို ဆုံးဖြတ်ချက်ချတဲ့အခါ တွေဝေလွန်းတယ်၊ တွန့်ဆုတ်လွန်းတယ်....၊ ငါတို့ဟာ ကြောက်တတ်တဲ့လူမျိုးတွေ သတ္တိကြောင်တဲ့လူမျိုးတွေမဟုတ်ဘူးကွ.... အဲ့ဒီလမ်းဘေးခွေးသာသာလေးကို ဘာကြောက်နေစရာလိုသလဲ..."

"ကျွန်တော်ကြောက်လို့မဟုတ်ပါဘူး ခမည်းတော်...ဒါပေမယ့် ကျွန်တော်တို့အတွက် နေ့တစ်ဝက်တည်းနဲ စစ်ရေးပြင်ဆင်ချိန်ဟာ သိပ်နည်းလွန်းတယ်....."

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now