အခန်း[၁၆]

1.2K 160 8
                                    

မောရိယသွေးတို့၏အန္တရာယ်

Warning; In this chapter includes some sensitive words. If you are under 18, please skip this chapter.

Unicode>>>

"အရှင်... ခေတ်သမိုင်းအဆက်ဆက်က မောရိယတော်ဝင်မျိုးနွယ်တွေမှာ ယောက်ျားသားကို ကြင်ယာထားတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး၊ အရှင့်လက်ထက်မှာမှ ဒီလို သမိုင်းကိုအမဲစက်စွန်းစေခဲ့မယ်ဆိုရင် ကျွန်တော်မျိုး ဒီအဘိုးအိုက နောင်လာမယ့် မျိုးဆက်သွေးတော်တွေအတွက် စိုးရိမ်မိပါတယ်ဘုရား..."

အနီးရောက်လာသည့်အခါ အဘိုးအိုက ဆိုသည်။

ဟွားစစ်မှာ ၎င်းအဘိုးအိုကို လှမ်းကြည့်မိရသည်။ မောရိယန်တို့၏ နန်းတွင်းထဲတွင် ဟွားစစ်နေလာခဲ့သည့် တစ်လျှောက် ဤသို့အသက်ကြီးကြီး လူကြီးများကို တစ်ကြိမ်မျှပင် မတွေ့ဖူးခဲ့ပါချေ။

အစေခံကျွန်များမှအစ တော်ဝင် မဟာဆီမဟာသွေးများအဆုံး အားလုံးမှာ ငယ်ရွယ်နုပျို‌သေးသည့် အရွယ်များသာ ဖြစ်ကြသည်။

အသက်ကြီးသွားသည့် အစေခံများကိုမူ နန်းတွင်းမှ ထုတ်ပယ်ပစ်လေ့ရှိသည် ဟုပင်ကြားဖူးပါသည်။

သို့ဆိုလျှင် အနှီအဘိုးအိုမှာ အဘယ်ကြောင့် ဤအသက်အရွယ်အထိ မောရိယဧကရာဇ်ထံ ခစား၍ နေနိုင်ခဲ့ပါသနည်း....။

ထို့ပြင် နန်းတွင်းထဲသို့ တံခါးမရှိ ဓားမရှိ ဝင်ရောက်နိုင်နေသေးသည်...။

အဘိုးအို၏ စကားသံကိုကြားတော့ အရှင်သူရိယ မှာ လှောင်ပြုံးတစ်ခုသာ ပြုံးလာပါ၏။

"ဒီမယ်...စာဏကျ မောင်မင်း ဘယ်တုန်းက ကိုယ်တော့်ရဲ့ လုပ်ရပ်တွေကို အကောင်းမြင်ခဲ့လို့တုန်း....၊ နောက်ပြီးတော့ ပိုအ‌ရေးကြီးတာ တစ်ခုက မောင်မင်း ဘယ်တုန်းက ကိုယ်တော့်ရဲ့ ဆုံးဖြတ်ချက်တွေကို တားဆီးနိုင်ခဲ့လို့လဲ....၊ ကဲကဲ... လေကုန်ခံမနေပါနှင့်တော့ နန်းတွင်းရောက်တုန်း ရောက်ခိုက် လက္ဖက်ရည်လေး ‌သုံးဆောင်သွားပါ ကိုယ်တော် ပြန်ကြွမယ်...."

"ဒါပေမယ့် အရှင့်သားရဲ့ လုပ်ရပ်က အနာဂတ်မှာ မကောင်းတဲ့ကိစ္စတွေပဲ ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်မျိုး သေချာပြောရဲတယ်၊နောက်ပြီး ဒီနေ့ပဲ အရှင့်ရဲ့ ကြင်ယာတော်တွေကို ကျွန်တော်မျိုးက မှတ်တမ်းတင်ပြီးပါပြီ... ကျွန်တော်မျိုး သူ့ရဲ့ တည်ရှိမှုကို ပြန်ပြင်ပေးနိုင်မှာ မဟုတ်ပါဘူး...."

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now