အခန်း[၄၉]

737 105 1
                                    

Unicode>>>
.

ထို့အစား သူမက အစ်ကိုတော်၏ ပေါင်တစ်ဖက်ပေါ်သို့ ထိုင်ချလိုက်ကာ နောက်ထပ်သေရည်တစ်အိုးကို ကျန်လက်တစ်ဖက်ဖြင့် လှမ်းယူပြီး အစ်ကိုတော်၏ နှုတ်ခမ်းဆီသို့ အတင်းအကြပ်တိုက်လိုက်၏။ သေရည်အချို့သာ ခံတွင်းထဲသို့ ဝင်သွားပြီး အချို့ကမူ လည်တိုင်တစ်လျှောက် ပြန်စီးကျလာကြသည်။

"သောက်ပါ.. ဒီသေရည်တွေထဲမှာ အဆိပ်မခတ်ထားပါဘူး။ ခတ်ထားရင်လည်း အစ်ကိုတော့် အသွေးအသားတွေက အဆိပ်မတိုးဘူးဆိုတာ နှမလေး သိပါတယ်။ ဒီသေရည်က အစ်ကို့ကို မူးနေ‌စေရုံလေးပဲ။ "

အရှင်သူရိယသည် အသိစိတ်ခပ်ပါးပါးကြားမှ ဒေါသထွက်သွားရပြီး ခပ်ထန်ထန်အော်ပြောလိုက်၏။

"အာလောက! ဖယ်စမ်းပါ.. ငါက မင်းကို အရင်သတ်မိလိမ့်မယ်။ " !

"ဖယ်စေချင်ရင် မြန်မြန်ပြောလေ.. ခမည်းတော်ကို ဘယ်သူသတ်တာလဲလို့... "!

အာလောက,ကလည်း ရုတ်ချည်း ထရပ်လိုက်ပြီး မလျော့သော အသံနှုန်းဖြင့် အော်လိုက်သည်။

မောင်နှမနှစ်ဦးမှာ မီးဝင်းဝင်းတောင်နေသည့် မျက်လုံးများဖြင့် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြ၏။

ထိုအခိုက်ဝယ် အာလောက,က သူမ၏ ခါး၌ ဆောင်ထားသော ခပ်ပါးပါးဓားပြားလေးကို ဆွဲထုတ်ပြီး အစ်ကိုတော်၏ လည်မြိုဆီသို့ နီးနီးကပ်ကပ် ထောက်လိုက်သည်။ နီးကပ်လွန်း၍ အရှင့်၏အရေပြားလွှာလေးကိုပင် ပွတ်ရှစေခဲ့ကာ ထိုနေရာမှသည် သွေးစလေးများပင်စို့တက်လာ၏။

"အာလောက.. ‌အာလောက.. မင်းဘာဖြစ်လို့များ သိချင်ရတာလဲ.. ခမည်းတော်ကို ဘယ်သူပဲသတ်သတ် ခမည်းတော်က သေသွားခဲ့ပြီ။ သတ်တဲ့သူကို သိတော့ရော.. ခမည်းတော်က ပြန်အသက်ရှင်လာမလား။ လက်စားချေဖို့လား... မမျှော်လင့်နဲ့ ဝေးသေး။ လက်စားပြန်ချေလို့လည်း မရတော့ဘူး။ "

အရှင်သူရိယက မျက်ဝန်းတို့ကို မေးစင်းလျက် ခပ်လေးလေး ရေရွတ်၏။

အာလောက၏ မျက်ဝန်းထဲဝယ် မျက်ရည်ဥအချို့ ဝေ့သီလာကြသည်။ သူမက တုန်ရီလှိုက်မောစွာဖြင့် ပြောလာခဲ့၏။

ချစ်သောမဟာမောရိယ[Completed]Où les histoires vivent. Découvrez maintenant