အခန်း[၁၂]

1K 137 2
                                    

ဒေဝစ္စရာနှင့်ဒုဌဝတီ

နေရောင်ခြည်လက်တံများသည် ရွှေရောင်အလား တဖိတ်ဖိတ်တောက်လဲ့ကာ ရာဇဝင် အုတ်မြစ်ခိုင်မာလှသည့် ပဉ္စဒီပဏီ၏ နီညိုရောင် မြေကြီးပေါ်သို့ ဖြန့်ကျက်လျက်ရှိသည်။

၎င်းမြေပြင်ပေါ်တွင် မတ်တပ်ရပ်ကာ တမျှော်မျှော်စောင့်ဆိုင်းနေသော အယောက်တစ်ရာမျှရှိသော ပဉ္စဒီပဏီ၏ ရတနာမိန်းမပျိုလေးများကြားတွင် ဟွားစစ်တစ်ယောက်လည်း အပါ အဝင်ဖြစ်လေသည်။

နေသည်ရွှေမှုန်ကြဲထားသည့်အလား မိန်းမပျိုလေးများ၏ အသားအ ရေများမှာ ဝါဝင်းတောက်ပကာ လှသွေးကြွယ်နေကြသည်။ သူတို့အားလုံးသည် ယမန်နေ့က ပဏာမအဆင့် ရွေးချယ်ခံထားရသော မဟာမောရိယ ဧကရာဇ်၏ ဒုတိယမြောက်နှင့် တတိယမြောက် မိဖုရား အလောင်းအလျာများ ဖြစ်ကြပေသည်။

သူတို့အားလုံး၏ မျက်နှာမူထားရာ အရပ်သည်ကား မဟာမောရိယတို့စံရာ ကြီးကျယ်ခမ်းနားပြီး မိုးထိအောင် မြင့်သွန်းထည်ဝါလှပါသည့် တော်ဝင်နန်းတော်ကြီးပင်တည်း။

ရွှေအို ရောင်ဖြန့်ကျက်ထားသည့်အလား နီညိုရောင် သန်းနေပါသည့် မောရိယန်မြေနှင့် တော်ဝင်နန်းတော်ကြီးတို့အကြားတွင် မြစ်ငယ်တစ်စင်းစာမျှရှိသော ကျုံးတစ်ခုက ပတ်လည်ဝန်းရံလျက်။ ကျုံးတော်၏ အလွန်တွင်မူဆင်တစ်ရပ်ထက်မနည်း မြင့်မားလှသော နန်းမြို့တံတိုင်းက ခန့်ညားစွာ တည်၏။

နန်းတော်တံတိုင်း၏ အတွင်းဘက်၌ကား ပြဿာဒ်အဆောင်ဆောင်ဖြင့် ခမ်းနားတင့်တယ် ကြီးကျယ်လှသော ရွှေရောင်၊ ငွေရောင်၊ ပတ္တမြားရောင်တို့ အတိပြီးသော ပဉ္စဒီပဏီနန်းတော်ကြီးက ကောင်းကင်ပြာကိုနောက်ခံပြုလျက် သားရဲတို့အလယ် ခြင်္သေ့မင်းနှယ် မာန်ဟုန်ဝင့်စွာတည်ရှိပါ၏။

မင်းဆက်သုံးဆက်တိုင် တိုင်းပြည်ငါးခုစာ၏ အခွန်ပဏ္ဍာများ တောက်လျှောက်စီးဝင်လျက်ရှိရာ ပဉ္စဒီပဏီနန်းတော်ကြီးသည် ဤမျှချမ်းသားကြွယ်ဝမှု အထွဋ်အထိပ်၌ ရှိနေခြင်းမှာ အံ့သြလောက်စရာတော့ မဟုတ်ပေ။

ထို့ပြင် နယ်မြေပိုင်ဆိုင်မှုနှင့် တိုင်းပြည်၏ အကျယ် အဝန်းက လက်ရှိဘုရင်လက်ထက်တွင် သူ၏ အဘိုးတော်နှင့် ခမည်းတော်တို့အား ကျော်လွန်၍ အများပြားဆုံးဖြစ်နေသည် မဟုတ်ပါလား။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now