အခန်း[၁၄]

1K 149 5
                                    

မင်္ဂလာဦးညတွင်ရန်သူအားလုပ်ကြံသတ်ဖြတ်ခြင်း

မောရိယ ဘုရင်၏ တတိယမြှောက် မိဖုရားရတနာမှာ ချွင်းချက်မရှိ ဒုဌဝတီ မင်းသမီးပင် ဖြစ်ခဲ့သည်။

ကြင်ယာရွေးပွဲပြီးသည့် နောက်တစ်နေ့ နံနက်ခင်းတွင် မဟာမောရိယ တော်ဝင်မင်းအဆက်ဆက်ကို ခစားလာခဲ့သော ပညာရှိ ဂုရုကြီး စာဏကျ က မောရိယ မင်းတို့၏ မှတ်တမ်းရာဇဝင်များကို ပြုစုနေလေသည်။

"‌မဟာမောရိယမျိုးနွယ် တတိယမင်းဆက်ဧကရာဇ် အရှင်မဟာ သတ္တသူရိယ၏ ပထမ မိဖုရားမှာ အတိရတနာ၊ ဒုတိယ မိဖုရားမှာ ဒေဝစ္စရာနှင့် တတိယ မိဖုရားမှာ ဒုဌဝတီ ဖြစ်သခိုက်..."

ဟူ၍ ဂရုကြီး စာဏကျက ပေလွှာထက်၌ ရေးထိုးလိုက်၏။

ဆက်၍ "ဤသို့လျှင် အရှင်မင်းကြီး၌ အတိရတနာ၊ ဒေဝစ္စရာနှင့် ဒုဌဝတီ မည်သော မိဖုရား ရတနာသုံးသွယ်နှင့် ပြည့်စုံခဲ့ပြီးလေသောကြောင့်....."

စာကို သည်အထိ အရောက်တွင် ဂုရုကြီး၏ အခန်းတံခါးမှာ ဝုန်းခနဲ တွန်းဖွင့်ခံလိုက်ရချေသည်။

မုတ်ဆိတ်မုတ်နားတို့ ဖြူဆွတ်နေပြီဖြစ်သော အဘိုးအိုရွယ် ဂုရုကြီးက တံခါးဝဆီသို့ မော့ကြည့်လိုက်သည်။

ဝင်လာသူမှာ သူ၏ တပည့်သူငယ် တစ်ဦးဖြစ်၏။ သူငယ်ပျိုက ဂုရုကြီးနားသို့ ခပ်သွက်သွက်လျှောက်လာပြီး.....

"ဂုရုကြီး.... ဂုရုကြီး... အကြောင်းတော့ ထူးပြီဗျို့... ဒီနေ့မနက်ပဲ နန်းတွင်းထဲမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်တယ်...."

အဘိုးအို စာဏကျက သူ၏ ဖြူဆွတ်နေသော နှုတ်ခမ်း‌မွှေးတို့ကို လက်ဖြင့်သပ်လိုက်ပြီး.....

" ဟေ.... ဘာဖြစ်ကုန်တာလဲ မနေ့ကပဲ အရှင့်ကြင်ယာရွေးပွဲမဟုတ်လား.... ဒီတစ်ညတွင်းချင်း ဘာတွေများ ဖြစ်ပျက်သွားလည်းဆိုတာ ဒီအဘိုးကြီး မစဉ်းစားတတ်တော့အောင်ပါပဲ....."

လူငယ်က အကျပ်ရိုက်နေသည့်မျက်နှာထားဖြင့်....

"ဟုတ်ပါတယ် ဂရုကြီးရေ... ပြဿနာကလည်း အဲ့ဒီ ကြင်ယာရွေးပွဲက စလာတာပဲ ခုတော့ အားလုံး ဖုံးမနိုင် ဖိမရတွေ ဖြစ်ကုန်ပြီ.... ဂုရုကြီး သိချင်ရင် ကျွန်တော်မျိုးနဲ့ နန်းတော်ထဲသာ လိုက်ခဲ့ပေတော့....."

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now