အခန်း[၄‌၃]

929 116 2
                                    

ညဉ့်ဦးယံ၏ လွမ်းမောစရာတေးတီငှက်ငယ်တို့ အိပ်တန်းတက်လေပြီ။ မယ်ဒေဝီ၏ အပြင်ဘက်တွင် နှင်းမြူတွေဟာ ခပ်ဖွဲဖွဲလေး ကျဆင်းနေပြီး မက်မွန်ပန်းပွင့် အကိုင်းအခက်ကလေးများအား လေးလံနေစေခဲ့သည်။

အရှင်သူရိယသည် အခန်းပြင်ဘက်မှ အစောင့်များကို ခေါ်ငင်လျက် ပူပူနွေးနွေးညစာကို အိပ်ခန်းဆောင်ထဲသို့ ယူလာပေးစေခဲ့သည်။ ပူပူနွေးနွေး ညစာအပြင် နွားနို့နှင့် ကြက်ဥအစိမ်းများ ရောထည့်ထားသည့် စိမ်းညှီညှီ အနံ့ထွက်နေသည့် အရည်တစ်ပန်းကန်ပါ, ပါသေး၏။

ဒေဝစ္စရာမှာ ကြိုတင်၍ပင် မျက်ခုံးလှုပ်နေပြီဖြစ်သည်။ ထို့ကြောင့် သူက ညစာကို တစ်ဇွန်းနှစ်ဇွန်းခန့် စားလိုက်ပြီး အိပ်ချင်ယောင်ဆောင်ရန်အလို့ငှာ စောင်ပုံထဲသို့ ငုတ်လျှိုးသွားတော့သည်။

အရှင်သူရိယကလည်း သူ့အထာကို သိနေနှင့်သည့်အလား ရုတ်ချည်းထလာပြီး သူ့ကိုယ်ကို စောင်ပုံထဲမှ ဆွဲထုတ်လိုက်၏။ ပြီးနောက်မူ နွားနို့နှင့် ကြက်ဥစိမ်းတို့ကို အတင်းအကြပ် တိုက်ကျွေးလာခဲ့သည်။

"ဒါလေးသောက်ရမှာကို ဘာတွေခက်ခဲနေလို့တုန်း.."

ဒေဝစ္စရာမှာ ထိုအရည်ပန်းကန်လုံးရှည်အား တွန်းထုတ်လိုက်ပြီး တဟွတ်ဟွတ်ဖြင့် ချောင်းဆိုးချင်ယောင်ဆောင်လိုက်သည်။

"အဟွတ်.. ! အဟွတ်.. ! အဲ့တာဆိုလည်း အရှင် ကိုယ်တိုင်ပဲ သောက်လိုက်ပါတော့လား..
ကျွန်တော်က မလိုဘူး ရတယ်"

သူသည် ကွေ့ကျိုးဒေသိယစကားဖြင့် ဗလုံးဗထွေးပြောမိသည်။ အရှင်က မောရိယ ဘာသာစကားဖြင့် ပြန်ပြောပါ၏။

"ဟုတ်ပြီ ဒါဖြင့် ကိုယ်ပဲသောက်လိုက်တော့မယ်... "

သူသည် ပြောပြီးသည်နှင့် ထိုပန်းကန်တစ်ခုလုံးအား သူ့ခံတွင်းထဲသို့ လောင်းထည့်လိုက်တော့၏။ သို့သည့်တိုင် သူ့ဝမ်းထဲသို့လည်း အနည်းငယ် မျိုချမိသွားပါသည်။ သူ့အနေနှင့်မူ ချိုရှရှအရသာလေးအပြင် ဘယ့်နှယ်မှမနေ။

ဒေဝစ္စရာသည် ထိုကြက်ဥစိမ်းပန်းကန်က ပြောင်သလင်းခါသွားတာ သေချာမှ ပြန်၍ထ,ထိုင်လာခဲ့သည်။ သို့သော် မထင်မှတ်ထားစွာပဲ အရှင်သခင်က သူ့၏ လည်မြိုနှင့် မေးရိုးစပ်ကြားနေရာသို့ လက်တစ်ဖက်ဖြင့် အတင်းအကြပ် ဆုပ်ကိုင်လာခဲ့သည်။ !

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now