အခန်း[၅]

1.5K 177 0
                                    

သင်္ချိုင်းတောင်ကုန်းပေါ်မှထွက်ပြေးလွတ်မြောက်ခြင်း

တချို့သော နန်းဆောင်များမှာ ပြာကျကာ မီးကျည်းခဲဘဝပင်ရောက်သွားကြပြီ။ အဆောက်အဦးတချို့ကမူ မီးဟုန်းဟုန်းတောက်နေသေးသည်။ မီးခိုးငွေ့ကလည်း တလူလူထွက်နေသည်။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ကောင်းကင်မှနေ၍ မီးမှုတ်သွားသည့်နှယ်။ ရှန့်အဲ့တော်ဝင်နန်းတော်ကြီးသည် တစ်ခဏတွင်းချင်း မီးလောင်ပျက်စီးသွားခဲ့ပါရောလား။

ဟွားစစ်သည် အားအင်ကုန်ခမ်းလျက်ရှိသော ခန္ဓာကိုယ်ကို သယ်ကာ အသိလက်လွတ်ဖြင့် မီးဟုန်းဟုန်းတောက်လောင်နေသော နန်းတော်ဝင်းကြီးအတွင်းသို့ ဝင်လာခဲ့မိသည်။ သူ၏ နှလုံးအိမ်မှာ နန်းတော်ကြီးနှင့်အတူ မီးရှုံ့ဖျက်ဆီးခံလိုက်ရသလို ပူလှောင်ကာ နာကျင်လှသည်။ သွေးစွန်းနေသော လက်နှင့် သွေးစွန်းနေသော မျက်နှာကလေးမှာ အလွန်ဖျော့တော့ကာ ကူကယ်ရာမဲ့ပါသည်။

"ခမည်းတော်... ခမည်းတော်ရော... ဘယ်မှာပါလိမ့်... မီးထဲများပါသွားသလား...."

သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ သူ၏မွေးသဖခင်ရင်းချာကို လိုက်ရှာနေမိသည်။

"ခမည်းတော်... ခမည်းတော်... ဘယ်မှာလဲ အသက်ရှိသေးရင် ပြန်ထူးပါအုံး... ဒီမီးတွေက ဘယ်သူရှို့သွားတာလဲ...သားကိုပြော သားအဲ့ဒီလူကို သတ်မယ်.... "

အတန်ကြာ ဖခင်ကိုတစာစာ အော်ခေါ်ရင်းဖြင့် မီးစွဲလောင်နေသည့် နန်းဆောင်တချို့ကို ဝင်ကြည့်ပြီးပေပြီ။ ဖခင်၏ အရိပ်အရောင်တစ်စက်ကလေးပင်မတွေ့ရ၍ သူ၏ရင်မှာ ပိုပြီးပူလှောင်လာသည်။ တစ်ဆောင်ဝင် တစ်ဆောင်ထွက် နန်းဆောင်အနှံ့ရှာပြီးသည်တွင် သူသည် လာရာလမ်းအတိုင်း ပြည်လှည့်လာခဲ့မိပြန်သည်။ အကြောင်းမှာ သူ၏နောက်ဖျားမှ ခြေသံတစ်ချို့ကို အာရုံခံမိ၍လည်း ဖြစ်နိုင်ပေသည်။

ထိုစဥ် ရုတ်တရက်သူ၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန်တစ်ချက် အရိုက်ခံလိုက်ရသည်။

ဟွားစစ်သည် မိုက်ခနဲပြိုလှဲသွားကာ သတိမလစ်ခင်နောက်ဆုံး အချိန်တွင် ဤသူများမှာ မောရိယန်များဖြစ်သည်ကို သေချာသိလိုက်ပါသည်။ သူသည် မောရိယန်များကို အရိုးထဲ အသားထဲထိ စွဲနေအောင်မုန်းလှကာ သူ၏ အလောင်းကိုပင် မောရိယန်များ သယ်ယူမသွားစေချင်ခဲ့ပေ။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now