နောက်တကြိမ် သေသွားပြန်တဲ့ တပည...

By JohnTargreyan

997K 126K 12.1K

ကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည... More

အခန်း(၁)လယ်ကွင်းဘေးက တောသူမလေး
အခန်း(၂)ကျင့်ကြံသူတို့ရဲ့ တပည့် ရွေးပွဲ
အခန်း(၃)စပ်စုတတ်ရင်ဒုက္ခရောက်တတ်တယ်
အခန်း(၄)ဂိုဏ်းထဲသို့ ဝင်ရောက်ခြင်း
အခန်း(၅)တစ်ဆိတ်လောက်လူကြီး ရှင်ကဘယ်သူလဲ!
အခန်း(၆)ကျောက်စိမ်းသစ်တောတောင်သို့
အခန်း(၇)ဒုက္ခရှာဖို့ဝါသနာပါသူ
အခန်း(၈)ကျောက်စိမ်းသစ်တောတောင် ထိပ်ဝယ်
အခန်း(၉)သစ်ခုတ်သမားပုံပြင်လို ကျင့်ကြံမိသူ
အခန်း(၁၀)ကောင်စုတ်လေးနဲ့ ပြန်တွေ့ခြင်း
အခန်း(၁၁)ဆရာ့ ရဲစွမ်းရည်သစ်
အခန်း(၁၂)​နောက်ကျနေတဲ့အန်တီ
အခန်း(၁၃)စွယ်စုံထူးချွန်
အခန်း(၁၄)ဂိုဏ်းချုပ် ခေါင်းကိုက်ရခြင်း
အခန်း(၁၅)ကောင်စုတ်လေးနဲ့ ပြန်ဆုံခြင်း
အခန်း(၁၆)အရေးပေါ်
အခန်း(၁၇)ပြုတ်ကျလာတဲ့ဖက်တီးလေး
အခန်း(၁၈)သုံးဖက်မြင်
အခန်း(၁၉)သူငယ်ချင်းကောင်းလး
အခန်း(၂၀)ဆရာက ညစာစားဖို့ပြန်လာခဲ့ပါတဲ့
Sry to Next up!
အခန်း(၂၁)ငှက်နဲ့ ဝင်တိုက်မိတဲ့သူ
အခန်း(၂၂)​တောင်ပေါ် ကမုန်တိုင်း
အခန်း(၂၃)ဝမ်းနှုတ်ဆေး
!!😑😓
အခန်း(၂၄)မပျံနိုင်တဲ့ ကျင့်ကြံသူ
အခန်း(၂၅)အနိုင်မကျင့်တတ်ဘူးထင်နေလား
အခန်း(၂၆)​ကောင်စုတ်လေးတတိယအစ်ကို
အခန်း(၂၇)လူတစ်ယောက်ရဲ့အပြောင်းလဲ
အခန်း(၂၈)ဝမ်ရှုဟိုင်နဲ့ ရှောင်ရီ
အခန်း(၂၉)ဒေါ် လာတစ်ရာမပေးချင်တဲ့ဆရာ
Noti plz!😁
အခန်း(၃၀)သန်သန်မာမာမှ ယောကျာ်း
အခန်း(၃၁)အန်ချင်စရာဆင်ဆာအခန်း
အခန်း(၃၂)​ကောင်းတာတွေကအတွဲလိုက်လာတယ်
အခန်း(၃၃)အနုပညာကျောင်းဆင်း
အခန်း(၃၄)စောက်သုံးမကျတဲ့ အဖွဲ့ဝင်
အခန်း(၃၅)ကလေးပြန်ပေးသမား
အခန်း(၃၆)ကလေးတစ်ယောက်ရဲ့အစားစာ
အခန်း(၃၇)ပွတ်ပေတ်ိုက်ပေးတပည့်လေး
အခန်း(၃၈)တပည့်ကို ပျိုးထောင်ပေးတာနဲ့ ပက်သက်၍..၁
အခႏ္​pး(၃၈)....အပိုင္​း..၂..
အခႏ္​း(၃၉)ဆရာတပည့်ကြား ယုံကြည်မှု ၁
အခန္​း (၃၉)..အပိုင္​း..၂...
အခႏ္​း(၄၀)သမုိင္​းဥိီးမတုိင္​ခင္​​ေခတ္​က ဘီလူး​​ေလး
အခန်း(၄၁)တပည်နဲ့မကစားပေးရင်သေတတယ် ၁
​ေၾကာ္​ျငာ😁
အခန္​း(၄၁)...၂
အခန်း(၄၂) လံကြုတ်ဇာတ်လမ်း
အခန်း(၄၃)နှလုံးသားအစိုင်ခဲကိုခြေဖျက်ခြင်း
အခန်း(၄၄)ဇာတ်ဆောင်အရှိန်ဝါကမင်းက်ိုညာနေတယ်
အခန်း(၄၅)သူ့ရဲ့မမြင်ရတဲ့အခွင့်ရေး
အခန်း(၄၆)ရသင့်တဲ့ဇာတ်ဆောင်အခွင့်ရေး
လာၿပီ...😁😁
အခန်း(၄၇)လုံးဝန်းသော အမြူ တေ
အခန်း(၄၈)ဝင်ခွင့်စာမေးပွဲတော့လ်ိုတယ်
အခန်း(၄၉)တာရို့လူသို့ ထွက်ခွာခြင်း
အခန်း(၅၀)ဘေးလူအနေနဲ့ ပွဲကြည့်
အခန်း(၅၁)ဒါက ဘာပင်လဲ
အခန်း(၅၂)ဆေးပင်စောင့်မှော်သတ္တဝါ
အခန်း(၅၃)ဒုတိယမ္မိ စောက်သုံးမကျတဲ့ အဖွဲ့ဝင်
အခန်း(၅၄)ပွင့်လန်းလာတဲ့ ပန်းဂန္ဓာမာ(သေပန်းပွင့်)
အခန်း(၅၅)သယ်ရလွယ်ကျစ်လစ်သေသပ်တယ်
အခန်း(၅၆)အိမ်ကထွက်လာရင် ဆရာ့ကိုတပါတည်းခေါ်ဖို့ မမေ့နဲ့
အခန်း(၅၇)ပထမဆုံးလက်ထပ်ခွင့်
အခန်း(၅၈)ဖွင့်လော့နှမ်း
အခန်း(၅၉)အရှက်မရှိတဲ့ နတ်ဘုရား
အခန်း(၆၀) ဆရာ မင်းကို ကျောက်စိမ်းသစ်တောတောင်မှာ စောင့်နေမယ်
အခန်း(၆၁)ကျူ.းယောင်ဗားရှင်း ၃.ဝ
အခန်း(၆၂)တပည့်ဖြစ်ကြောင်းအထောက်ထား
အခန်း(၆၃)မှော်သတ္တဝါကောင်ကိုအရူးလုပ်ခြင်း
အခန်း(၆၄)ဇော်ကန့်လန့်
အခန်း(၆၅)နတ်ဝိညာဉ် အဆင့်သို့
ရှေးဟောင်းတောင်ဂိုဏ်းသို့ နောက်တစ်ကြိမ်
အခန်း(၆၇)ဂုဏ်ပြုပွဲအခမ်းနား
အခန်း(၆၈)အလုပ်မရှိကြောင်ရေချိုး
အခန်း(၆၉)ကယ်ဆယ်ရေးအဖွဲ့လေး
အခန်း(၇၀)အုပ်ချူပ်သူဘုရင်မ
အခန်း(၇၁)ဖော်ပြခြင်းငှါမစွမ်းသာသော
အခန်း(၇၂)​ခေါင်းလေးလုံးကပ်ိုသာတယ်
အခန်း(၇၃)ဟီ ဟီ ရှေးဟောင်းအစီရင်တဲ့
အခန်း(၇၄)ငါ.မင်းကို အရူးလုပ်မိပြီ
အခန်း(၇၅)လွှဲပြောင်းနိုင်သော ကျင့်ကြံဆင့်
အခန်း(၇၆)ဘာမှမသိ ဘေးကပွဲကြည့်သူ
အခန်း(၇၇)စိတ်မပူနဲ့ ငါ့ တာဝန်ထား
အခန်း(၇၈)ငါပြန်လာပြီ
အခန်း(၇၉)ဇီမို့ အတွေးများ
အခန်း(၈၀)အစ်မကြီးရယ် ကြောက်အောင် မခြောက်ပါနဲ့
အခန်း(၈၁)ငါကယောကျာ်းတွေပဲကြိုက်တာ
အခန်း(၈၂)တပည့်လေး လာ စမ်းသပ်စရာရှိတယ်
အခန်း(၈၃)အဖျက်ကောင်အသစ်
အခန်း (၈၄) ရှောင်ရီ့သောက်ကျိုးနည်းယူဆချက်
အခန်း (၈၅) ပြိုကွဲသွားသော ကမ္ဘာငယ်
အခန်း(၈၆)ဦးဆုံးသေတဲ့ဇတ်ရံကောင်
အခန်း(၈၇)ဟဲလို ကျူ းယောင်ဗားရှင်း ၄.ဝ
အခန်း(၈၈)ဒီ ဆရာတူညီမလေးကဘယ်သူလဲ
အခန်း(၈၉)အတင်းအဓမ္မ
အခန်း(၉၀)ဆရာသွားနှင့်တော့မယ်
အခန်း(၉၁)ကြုံသလိုမသေပါနဲ့တော့
အခန်း(၉၂)သန့်စင် ယင် ခန္ဓာကိုယ်
အခန်း(၉၃)နာမည်ပေးခြင်းအစဉ်လာ
အခန်း(၉၄)နောက်ကျနေတဲ့ ရှေ့ဖြစ်အိပ်မက်
အခန်း(၉၅)မျှော်လင့်တာနဲ့တခြားစီ
အခန်း(၉၆)ပြိုင်ဘက်ကင်း ရေဝိဉာဉ်ကြော
အခန်း(၉၇)အရံသရုပ်ဆောင်
အခန်း(၉၈)​စောင်ကလေးယုတ်မာမှု
notice
အခန်း(၉၉)အပြန်ခရီး
အခန်း(၁၀၀)ပျက်သုဉ်သွားသောဂိုဏ်း
အခန်း(၁၀၁)လောကနံပါတ်တစ်ဂိုဏ်းဆိုတာ
အခန်း(၁၀၂)ပူး​တွဲလေ့ကျင့်ကျင့်ကြံဆင့်
အခန္​း (၁၀၃)နှစ်ယောက်နဲ့ယှဉ်၍
အခန်း(၁၀၄)မုန်လာဉလေးပြောင်းလဲပြီ
အခန်း(၁၀၅)လှည့်စားတတ်တဲ့အဖျက်ကောင်
အခန်း(၁၀၆)မျက်နှာကြည့်ဖို့လိုတဲ့သည်လောက
အခန်း(၁၀၇)အရိပ်မည်း
noti
အခန်း(၁၀၈)ရေခဲထဲက အမြွှာ
အခန်း(၁၀၉)ထူးဆန်းသောမုန်လာဉလေး
အခန်း(၁၁၀)တစ်ခါခေါ် ​မှော်သတ္တဝါ
အခန်း(၁၁၁)သခင်မရယ် တိုက်ဆိုင်ချက်များဆိုတော့
အခန်း(၁၁၂)ပိုက်ဆံရှာတော်တဲ့ချန်းနင်း
အခန်း(၁၁၃)တစ်ခုတည်းသော မှတ်တမ်း
အခန်း (၁၁၄)နေရာအပြောင်းလဲနဲ့အကောင်ဆန်းများ
အခန်း(၁၁၅)လွတ်မြောက်ရာ လမ်းစ
အခန်း(၁၁၆)ဆရာ!
အခန်း(၁၁၇)နှုတ်ဆက်ပါတယ် ဆရာ
အခန်း(၁၁၈)​ရှောင်လွှဲမရသောရှေ့ဖြစ်များ
အခန်း(၁၁၉)ဘာလို့ငါ့ကျိန်ဆဲတာလဲ
အခန်း(၁၂၀)စေ့စပ်ပွဲဖျက်သိမ်းသောဝူဆောင်း
အခန်း(၁၂၁)မရှိခဲ့သောစေ့စပ်ပွဲ
အခန်း(၁၂၃)မိုးပြာပျံသန်းဂိုဏ်းနောင်တ
အခန်း (၁၂၄) ကျောက်စိမ်းသစ်တောတောင်က ပန်းပဲဆရာတွေသာ အတော်ဆုံး
အခန်း (၁၂၅) သော့ချက်ကို သိရတာ တကယ်ကောင်းတယ်
အခန်း(၁၂၆)ဂိုဏ်းပေါင်းစုံကအနိုင်လာကျင့်တယ်
အခန်း(၁၂၇)မုမေ့ယန်၏စိန်ခေါ်မှု
အခန်း(၁၂၈)အဖျက်ကောင်လို့‌ခေါ်ရင် မင်းပြန်ထူးမှာလား
အခန်း(၁၂၉ ) အစွမ်းအထက်ဆုံးလက်နက်
အခန်း(၁၃၀ )မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်
အခန်း (၁၃၁)နတ်သက်ကြွေ၏ နတ်ဘုံနန်း
အခန်း(၁၃၂)ပြားကိုးဆယ်မပြည့်သော နောက်ဆုံးတိုက်ပွဲ
အခန်း(၁၃၃)နတ်ဘုရားဆိုသော ထိုပုဂ္ဂိုလ်များ
အခန်း(၁၃၄ )နင့်အစ်မကို မိစ္ဆာနေ!!

အခန်း(၁၂၂)တံခါးပိတ်ကျင့်ကြံမယ်

2.5K 530 47
By JohnTargreyan

Unicode

ကျူးယောင်လည်း သူတို့ကို သွေးခွဲစကားပြော
ပေးတာ တော်‌ေလာက်ပြီလို့ တွေးရင်း
ယုလော်လက်ကို ဆွဲကာ ခန်းမကျယ်ထဲက
အရင်ထွက်လိုက်တယ်။
သုံးလေးလှမ်းအရောက်မှ နောက်ပြန်လှည့်
ကာ ဝူဆောင်းကို စကားတစ်ချို့ လက်ဆောင်
ပါးလိုက်တယ်။

''  အချစ်စစ်နဲ့ ဆုံစည်းနိုင်လို့ ဂုဏ်ယူပါတယ်
ဂိုဏ်းချုပ်ဝူ ....
သူ အပျိုမစစ်တော့လည်း
ဂိုဏ်းချုပ်ဝူအဖို့
ကိစ္စတော့ မရှိဘူးမလား ''

သူ့စကားလည်း ကြားရော မုမေ့ယန်မျက်နှာ
ကြီးက ချက်ချင်း ပျက်ယွင်းသွားတယ်။



ကျူးယောင်လည်း ကျောက်စိမ်းသစ်
တောတောင်ဆီကို စိတ်အေးကြည်သာစွာ
ဖြင့် ပျံသန်းလာခဲ့တယ်။မုမေ့ယန် အပျိုစင်
မဟုတ်တော့တဲ့ ကိစ္စက သူ့ ခန့်မှန်းချက်
သက်သက် ပဲ ဖြစ်တယ်။ရှေ့ဖြစ်အိပ်မက်ထဲ
ယွဲ့ဟန်ရှင်းရဲ့
အီစီကလီ အမျိုးသားတွေကို ရဖို့ မုမေ့ယန်
ဟာ ဘယ်နည်းနဲ့မဆို ရအောင်သုံး ယူခဲ့တယ်။ခုဆိုနှစ်တစ်ထောင်တောင် ရှိသွားပြီမလို့ မုမေ့ယန်
တစ်ယောက် အပျိုစင် အဖြစ်
သူ့က်ိုယ်သူ ထိန်းသိမ်းနိုင်ဦးမယ်ဆိုတာ
မဖြစ်နိုင်‌‌ေသာ ကိစ္စဖြစ်တယ်။

မုမေ့ယန် မျက်နှာသွင်ပြင် ကြည့်လိုက်ထဲက
သူထင်တာ မှားတော့ မှားပုံမရဘူး။

ကျင့်ကြံခြင်းလောကမှာ လက်တွဲဖော်ကျင့်ကြံသူ ရွေးချယ်ရတာဟာ တစ်ကယ်ကို အလေး
နက်ထားကြတဲ့ ကိစ္စဖြစ်တယ်။
ကိုယ့်အပျိုစင်ကိုလည်း  လက်တွဲဖော်ကိုသာ
ပေးအပ်လေ့ရှိတယ်။ ယောကျာ်းတကာနဲ့
ဖြစ်ချင်ရာဖြစ်သောသူတွေကိုတော့ အများစုက
ဒိဌိကျင့်ကြံသူ မီးပြင်းဖို အဖြစ်သာ သတ်မှတ်
တတ်ကြတယ်။ဒါကြောင့် ဝူဆောင်းသာ
ယုလော်နဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့မယ်ဆိုရင်
ယုလော် ဂုဏ်သိက္ခာအတွက် ကြီးကြီးမားမား
ထိခိုက်နိုင်တယ်။ ဒီအကြောင်းကြောင်းကြောင့် ယုလော်ဟာ သူ့ဆက်ခံသူတပည့် ၊သူ
သဘောမတူနိုင်ဘူးဆိုလို့သာ အခြေနေ
တစ်ခုလုံးကိုပြောင်းပြန်လှန်လိုက်နိုင်တာ။
ယုလော်က ဝူဆောင်း စေ့စပ်ခွင့်တောင်းတာကို ငြင်းပယ်သော ပုံစံချိုးသွားနိုင်ခဲ့တာ။




ရှိနေသော ဇီမိုလည်း အခြေနေကို အလွန်
ကျေနပ်အားရသွားပြီး ဒီငြင်းပယ်ခံရသော
အဖြစ်ကို ချဲ့ကားလုပ်ကြံလို့ အနယ်နယ်ရပ်ရပ်ကို ဖြန့်ဝေစေလိုက်တယ်။


ခုဆိုရင် ဝူဆောင်းကိုယ်တိုင်လည်း ဂိုဏ်း
ချုပ်တစ်ယောက်ဖြစ်နေပြီ။ တည်ထောင်သူ
ဖြစ်တဲ့ သူ့ကို ကျော်လွန်ပြီး ဝူဆောင်း
ဒီနေရာကို ဘယ်လိုရခဲ့လဲ မသိပေမဲ့
သူရခဲ့သောနေရာဟာ သံသယအကြည့်နဲ့သာ
အကြည့်ခံရမယ့် နေရာပဲ။



ဒါ့အပြင် နှစ်ဉီးသား ချစ်ခြင်းဟာ
အချစ်စစ်လို့ ဝူဆောင်း ထင်မှတ်နေရှာရာ
ကနေ ယခုတော့ အချစ်စစ်ကြီးက
တစ်ခြားတစ်ယောက်ကို ပုံအပ်ပြီးသားမှန်း
သိသွားပြီ။ ရှေ့ဖြစ်အ်ိပ်မက်ထဲမှာကဲ့သို့
မုမေ့ယန်ဟာ သူ့ကျေးဇူးရှင်လည်းမဟုတ်
တော့သလို ရင်ထဲက တမ်းတမ်းစွဲရသည့်
အပြစ်ကင်းသော လမင်းလေးလည်း
မဟုတ်တော့ရင် နှစ်ဉီးသား၏ အချစ်စစ်
ဇာတ်လမ်းကြီး ဘယ်အချိန်ထိ ဆက်က
နိုင်မလဲဆိုတာ သူ့အဖို့ စိတ်ဝင်စားစရာပဲ။


ကျူးယောင်  အလကားလျှောက်ပြော
သွားတာလို့လည်း သူတို့တွေ ထင်ချင်လည်း
ထင်န်ိုင်ပါတယ်။ မုမေ့ယန် အပျိုစင် ဟုတ်
မဟုတ်ဆိုတာ  တစ်ချက်ကြည့်ရုံဖြင့်
သ်ိနိုင်သော အရာမှ မဟုတ်တာ။
ဒါပေမဲ့ ကျူးယောင်ဆိုတာက ကျောက်စိမ်း
သစ်တောတောင်က မဟုတ်လား။ ကျင့်ကြံခြင်းလောကမှာ
ကျောက်စိမ်းသစ်တောင်တောင်ဟာ အစထဲ
နားမလည်နိုင်ဆုံး ထူးဆန်းသည့် နေရာတစ်ခု
ပဲ။ဒါ့အပြင် ပြောခံလိုက်ရချိန်မှာ ဖြစ်ပျက်
သွားသော မုမေ့ယန် မျက်နှာသွင်ပြင်က
ဘယ်ဟာအမှန်ဖြစ်နိုင်လဲဆိုတာ ပြသလို့နေတယ်။


မုမေ့ယန်ကတော့ သူရဲ့ ဒီလို ကံမကောင်း
အကြောင်းမလှရသည့်(ယောကျာ်းတကာနှင့် အိပ်) အကြောင်းရင်းခံဟာ
ပြိုင်ဘက်ဖြစ်သူ ပြစ်မျိုးမှဲ့မထင် အောင်မြင်
လွန်းသော ယွဲ့ဟန်ရှင်း ကြောင့် ထင်နေတယ်။
ယွဲ့ဟန်ရှင်းဟာ ယောကျာ်းတကာနှင့် မရှင်း
မရှင်း ဆက်ဆံရေးတွေ ရှိခဲ့တယ်ဆိုသော်
လည်း အီစိီကလီ အဆင့်မှာသာ ရပ်တန့်ပြီး
ထားရစ်ခဲ့တာများလို့ အနည်းဆုံးတော့
အပျိုစစ်စစ် အဖြစ် ကျန်ရှိနေသေးတယ်။
ချစ်ကြိုက်ပြီး သည်လို ဖြစ်ကြတဲ့ ကိစ္စမှာ
လက်ခုပ်ဆိုတာ နှစ်ဖက် တီးမှ မြည်တယ်
မဟုတ်လား။  တစ်ဖက်က လက်မခံဘဲနဲ့တော့
ဒီလိုကိစ္စဟာ အမြဲ မဖြစ်နိုင်တာမလို့
သူ့လို ဘေးကပွဲကြည့်သူနဲ့တော့ မဆိုင်လှပါဘူး။
မုမေ့ယန်သာ အရင်ဘဝထဲက မနာလိုဝန်တို အငြိုးတေးတွေ
ဒီလောက် ကြီးမနေရင်လည်း ခုလို ဖြစ်စရာမှ
မိလိုအပ်တာ။



'' ကျေးဇူးတင်ပါတယ်ဆရာ''

ယုလော်က ပြုံးနိုင်ဖို့ကြိုးစားပေမဲ့
သူ့အပြုံးဟာ သဘာဝကျကျ ပီပီပြင်ပြင် ဖြစ်မလာခဲ့ဘူး။

'' ဘာကိစ္စ ငါ့ကို ကျေးဇူးတင်နေတာလဲ''

ကျူးယောင်လည်း တပည့်ဖြစ်သူကို
လှည့်ကြည့်ကာ မေးတယ်။



''ဆရာကိုယ်တိုင် ရှေ့ထွက်ပြီး တပည့်
သိက္ခာကို ကာကွယ်ပေးခဲ့လို့ပါ''

ယုလော်က ခေါင်းငုံ့ထားတယ်။

''ဟင်း.....''

ခုနေတော့ ယုလော်ဟာ ဆောက်တည်ရာမဲ့ခံစားနေရတယ်ဆိုတာ
ကျူးယောင်လည်း  နားလည်တယ်။ဒါကြောင့်
တပည့်ဖြစ်သူကို ဖက်ထားရင်း ခေါင်းလေး
အသာယာပုတ်လို့ ငယ်စဉ်က ချော့ဖူးခဲ့သလိုသာ ချောနေမိတယ်။

'' ယုလော်...
ခြေသုံးချောင်းနဲ့ ဖားကသာ ရှာရ ခက်ချင်ခက်မယ်.....
ခြေထောက်နှစ်ချောင်းပါတဲ့ ယောကျာ်းတွေက
ပေါပါတယ်''

ယုလော်က ဆရာဖြစ်သူကို မော့ကြည့်ရင်း
မျက်ဝန်းအိမ်မှာ စိုစွတ်လာတယ်။

'' ဒါပေမဲ့ တပည့် မတွေးမိဘဲ မနေနိုင်ဘူး
ဘယ်လိုလုပ်များ တပည့်တို့ချင်း နှစ်ရာချီ
တစ်ဦးကို တစ်ဦးရှိလာတဲ့ သံယောဇဉ်နဲ့
ချစ်ခြင်းတွေကို....လျစ်လျူရှုနိုင်ပြီး
တွေ့တာမကြာသေးသူတစ်ယောက်နောက်
ကောက်ကောက်ပါအောင် လိုက်သွားနိုင်ရ
တာလဲ''

'' ဘာလို့ ကောင်းတဲ့ဘက်က မတွေးကြည့်
ရတာလဲ ယုလော်ရယ်....
မင်းတို့ကြားထားခဲ့တဲ့ နှစ်ရာချီ ချစ်ခြင်းတွေ
ကိုတောင် လျစ်လျူရှု နိုင်တဲ့ သူလိုလူမျိုးက
တစ်ခြား ခံစားချက်တွေကိုလည်း မျက်ကွယ်
ပြုနိုင်တာပေါ့ .. ဒီလို တစ်ကိုယ်ကောင်းသမားသရုပ်မှန်ကို စောစောသိရတာ ပိုကောင်းတာပေါ့ ယုလော်ရယ်''

ယုလော်က ခဏတာ တိတ်ဆိတ်သွားတယ်။
ပြီးတော့ မုမေ့ယန်ကို သတိရသွားရင်း သူ့မျက်လုံးက မှုန်မှိုင်းလာတယ်။

'' သူ ဘာကိစ္စ အဲ့မိန်းမကို ကယ်ခဲ့ရတာလဲ''

''ယုလော်''

ကျူးယောင်မျက်နှာက အလေးနက်တည်သွား
ပြီး အသံတိုးတိုးဖြင့် ပြောပြတယ်။

'' မုမေ့ယန်ကသာ မင်းတို့နှစ်ယောက်ကွဲကွာရခြင်းရဲ့ အဓိက အကြောင်းရင်းခံလို့ မင်းထင်နေတယ်ပေါ့''


'' ဒါပေမဲ့ ခုကိစ္စတွေအားလုံးက သူ့ကို
ကယ်လိုက်ပြီးမှ ဖြစ်ရတာချည်းပဲလေ''

'' မုမေ့ယန်မဟုတ်ရင်တောင် တစ်ခြားမိန်းမ
တစ်ယောက် ဖြစ်နိုင်တာပဲလေ...ခွေး
တစ်ကောင်သာ ကိုယ်ချင်တယ်ဆိုရင်
ကြိုးချည်ထားထား မထားထား ကိုက်ချင်
နေမှာပဲ....တစ်ခါ ကိုက်ဖူးရင် ကိုက်ချင်နေမှာပဲ... မကိုက်ချင်တဲ့ခွေးက ကြိုးချည်ထား
တောင် လူလာရင် အမြီးနှံ့ပြပြီး ကြိုမှာပဲ
မင်း နားလည်ရဲ့လား ''

ယုလော်မျက်နှာက ပြောစရာစကား မဲ့
လို့ နေသော အသွင်ရှိနေတယ်။

'' ဒါပေမဲ့ သူမလာခင် အရင်တုန်းကကျ...''

'' မင်း ခွေးတစ်ကောင် ဝယ်ပြီး မွေးတော့
မယ်ဆိုတာနဲ့ ဒိီခွေး ကြီးလာရင် ကိုက်မယ်
မကိုက်ဘူး သိနိုင်မှာလား ''

ကျူးယောင်ဟာ အတိတ်တုန်းက ခွေးတစ်ကောင်ကို မျက်စိလည်လမ်းမှားပြီး
ကယ်တင်ခဲ့မိသလို တပည့်ဖြစ်သူနားတောင်
ယောင်တောင်တောင်လုပ်နိုင်ဖို့ အခွင့်ရေး
ပေးခဲ့မိတယ်။

( ခြံခုန်ချင်တဲ့ကောင်က ခုန်မှာပဲ။)

သူ့စကားကို နားလည်သွားတော့ တပည့်ဖြစ်
သူက ငြိမ်သက်သွားတယ်။ မုန်းတီးကာ မပျော်ရွှင်ဖြစ်နေသော မျက်နှာကလည်း ပြေလျော့
လာတယ်။

''ယုလော်''

ကျူးယောင်လည်း သူ့ကျောကို အသာပုတ်တယ်။

'' မင်း လက်မခံချင်ဖြစ်နေတာ ဆရာ သိပါတယ် ဒါပေမဲ့ ဒါအမှန်တရားပဲ ...
ဒါနဲ့ပက်သက်ပြီးလည်း မင်း ဘာမှ ထပ်လုပ်
လို့မရတော့ဘူး လက်ခံမှရမယ်...
တစ်ချို့သော ကိစ္စတွေကျတော့ မင်း သေချာ
ကြိုးကြိုးစားစားမလုပ်ခဲ့လို့ မဟုတ်ဘူးလေ
မင်း ကြိုးကြိုးစားစား လုပ်ခဲ့ရဲ့သားနဲ့
ထင်သလို ဖြစ်မလာတော့ စိတ်ပျက်ရတာပေါ့
ဒါကြောင့် မင်းဂုဏ်သိက္ခာချနင်းချင်တဲ့
လူတစ်ယောက်အတွက် မင်းဘာလို့ ခံစားပြီး
နာကျင်နေရမှာလဲ''


'' တစ်ကယ်တော့  တစ်ဦးကိုတစ်ဦးချစ်
တာဆိုတာက စီးပွားရေး ရင်းနှီးမြှုပ်နှံမှု
တွေလိုပါပဲ''

ကျူးယောင်လည်း တပည့်ဖြစ်သူကို
ဆက်လက် အလင်းပြတယ်။

''  မင်းက ကုန်ပစ္စည်း ရင်းနှီးမြှုပ်နှံလိုက်ပေမဲ့လည်း အမြတ်ပြန်မရတာဟာ တစ်ခါတစ်ရံမှာ
စျေးကွက်မကောင်းလို့ မဟုတ်တတ်ဘူး
အဲ့ဒါထက် မင်း မြှုပ်နှံလိုက်တဲ့ ကုန်ပစ္စည်းကို
က အသုံးမလိုကြတဲ့ ခပ်ညံ့ညံ့ပစ္စည်း
တွေဖြစ်နေနိုင်တယ်.. ဒါပေမဲ့ ခုချ်ိန်မှာ
မင်းမြှုပ်နှံထားတဲ့ အရင်းနှီးတွေကို
ပြန်ထုတ်ပြီး တစ်ခြားမှာ မြှုပ်နှံဖို့ အချိန်မှီ
ပါသေးတယ်''

( အရာတစ်ခုကို မျှော်လင့်ချက်ကြီးကြီးရှိလေ
ထိုအရာ ဆုံးရှုံး/မပိုင်ရတဲ့ အခါ ပိုနာကျင်ရလေလေ')


'' ဆရာ စျေးကွက်မှာ ရင်းနှိီးမြှုပ်နှံတယ်
ဆိုတာက ဘာကိုဆိုလိုတာလဲ''


ကျူးယောင်>>>> ''*@$$.....''

'' အယ်.....''

ကျူးယောင်လည်း အသည်းကွဲသူငယ်ချင်း
တွေကို ခေတ်သစ်ကမ္ဘာမှာ နှစ်သိမ့်နေကျ
စကားလုံးတွေနဲ့ တပည့်ကို နှစိသ်ိမ့်ပေးမိသွားတယ်။

'' အင်း...ဆရာ ပြောချင်တာက ဝူဆောင်း
ဟာ မင်းအချစ်နဲ့ မတန်တဲ့ ကောင်ပဲ
မင်းအချစ်ကို ရဖို့စောင့်နေတဲ့ တစ်ခြား
ယောကျာ်းကောင်းတွေ အပြင်မှာ တစ်သီတစ်တန်းကြီး ရှိပါတယ်...
အဲ့တာကြောင့် သစ်ပင်တစ်ပင်တည်းပဲ
နားဖို့ ကြိုးစားမနေနဲ့ တစ်ခြားအပင်တေွ
လည်း ပျံသန်းပြီး လိုက်နားကြည့်ကြည့်ဦး''


တပည့်ကို ဖြောင်းဖြနေရာကနေ စနောက်ကျီစယ်တဲ့ဘက်ကို ရောက်လာတာကြောင့် ယုလော်လည်း ယခင်ကထက် မျက်နှာလေး ပိုလန်းလာတယ်။မနေနိုင်ဘဲ သူပြောချင်တာကို ပြောထွက်
လိုက်တယ်။

'' ဘယ်ဆရာကများ ကိုယ့်တပည့်ကို
ရည်းစားတွေ အများကြီးထားဖို့ အကြံပေး
မှာလဲ....''

ကဲ ငါက တင်စားပြောပြရုံ ဉပမာ အလင်္ံကာ
သုံးလိုက်ရုံပါကွယ်။

'' အဓိက ငါတို့ မိန်းမတွေက  ဘယ်သူမှ
ဂရုမစိုက်လည်း ကိုယ့်ကိုယ်ကို
ကောင်းကောင်းဂရုစိုက်ဖို့ လိုတယ်...ပျော်အောင်ထားရမယ် ... မင်း နားလည်ပြီလား''

ယုလော်လည်း ခဏလောက် မျက်နှာညိုး
သွားပြီးမှ ခေါင်းအသေချာညိတ်တယ်။

'' တပည့် အတတ်နိုင်ဆုံး
သူ့ကို မေ့ဖို့ ကြိုးစားပါ့မယ်''


'' လိမ္မာလိုက်တဲ့ တပည့်လေး ''

သူတပည့်ဟာ ထင်တဲ့အတိုင်းပဲ လမ်းကြောင်း
မှန်ပေါ် ပြန်ရောက်လာပြီ။

'' ဒါနဲ့ မင်း ကျင့်ကြံဆင့် ဘယ်နှယ့်
နတ်အမြူတေအဆင့်ပဲ ရှိနေသးတာလဲ''

တစ်ကယ်တမ်းဆိုရင် ဟို သာမန်မုန်လာဉ
တွေတောင် နတ်ဝိဉာဉ် အဆင့်ရောက်နေကြ
ပြီမလို့ သူ့တပည့်လို ထူးခြားတဲ့ အာကာဝိဉာဉ်ကြောပိုင်ရှင်ဟာ  အဆင့်တူတော့ အနည်းဆုံး
ရောက်သင့်နေပြီ မဟုတ်လား။
နတ်ဝိဇ္ဇာ အဆငိ့မဖြစ်ရင်တောင်
ဝူဆောင်းနဲ့တန်းတူ နတ်ဝိဉာဉ် ပြည့်စုံအဆင့်
တော့ ရောက်သင့်နေပြီ။




ယုလော်မျက်နှာလည်း နည်းနည်းညိုးသွား
ပြီးမှ ပြန်ဖြေတယ်။

'' တပည့် နတ်ဝိဉာဉ် အဆင့်ကို တက်လှမ်း
ဖို့ အဲ့တုန်းက အဆင်သင့်ဖြစ်နေပါပြီ
ဒါပေမဲ့ မုမေ့ယန်ကို ကယ်ရင်း ဝူဆောင်း
ဒဏ်ရာ တွေ အတော်ရသွားခဲ့တယ်
သူ့ကို ကုသပေးရင်း တပည့် ....''


'' မင်း အဲ့ကောင်ကို မင်း အပျ်ိုစင် ပေးပြီး
ကုလိုက်တာတော့ မဟုတ်ဘူးမလား''

ကျူးယောင်လည်း ရုတ်တရက် ဒေါသ
ထွက်လာတယ်။
ဒိီစောက်သုံးမကျတဲ့  သစ္စာမဲ့ကောင်ကိုတော့....။

'' အဲ့လိုမဟုတ်ရပါဘူးဆရာ ''

ယုလော်က အလျင်မြန် ​ရှင်းပြတယ်။

'' အဲ့တုန်းက တပည့်မှာရှိသမျှ ရေချီ
သုံးပြီး ကုသလိုက်မိတယ် ...ကုသလို့ပြီးခါနီး
တစ်ယောက်ယောက်က ဝင်နှောင့်ယှက်
လိုက်လို့ ချီတွန်းကန်ကာ ခံရပြီး တပည့်
ဝိဉာဉ်ကြောတွေ ဒဏ်ရာရကုန်တယ်
ပြီးတော့ တပည့် ကျင့်ကြံဆင့်လည်း
ပြုတ်ကျသွားတယ်''

ထိုအချိန်က သူ့ချီစွမ်းအားကို ပြန်ရုတ်သိမ်း
ဖို့လုပ်နေတုန်းက မုမေ့ယန် နောက်ကနေ
ရုတ်တရက်ဝင်လာကာ နှောင့်ယှက်တာကြောင့်
ဖြစ်သွားခဲ့တာဆိုပေမဲ့ ဆရာသာသိရင်
ပိုစိတ်ဆိုးနေမှာစိုးတာကြောင့် သူလည်း
ထုတ်မပြောဖြစ်တော့ဘူး။



ကျုးယောင်လည်း အလိုမကျတိုင်း မျက်မှောင်ကြုတ်ရလွန်းလို့ မျက်ခုံးနှစ်
ဘက်တောင် တစ်ဆက်တည်းဖြစ်တော့မယ်။
စက္ကန့်မလပ် တစ်စုံတစ်ယောက်ကို
မျိုးတုံးသွားအောင် သင်းကွပ်ချင်စိတ်က
ထိန်းမရဘူး။
မုမေ့ယန်နဲ့ နီးစပိသွားသမျှ ယောကျာ်းတိုင်း
ဟာ ဒီလိုပဲ ဟိုဟာမြင် ငမ်းငမ်းတက်သော စောက်သုံးမကျတဲ့ ယောကျာ်းဖျင်း
အရည်ချင်းတွေ အလိုလို ရလာတတ်တာလား။ယုလော်က သူ့အတွက် အားကုန်သုံး
ကယ်တင်ပေးခဲ့တာတောင် နောက်တစ်ယောက်
နဲ့ ဖောက်ပြန်ရဲသေးတယ်။
မျိုးမစစ် လူယုတ်မာကောင်!!!




ဒီလ်ိုမှန်း ဒီသကောင့်သားကို သူ မကယ်ခဲ့ပါဘူး
။သူလည်း အတော်ဒေါပွလာတယ်။
စာလိပ်နက်ကမ္ဘာခြားကနေ ထွက်လာနိုင်
ထဲက  အဖြစ်ပျက်တွေဟာ ရှေ့ဖြစ်အိပ်မက်
ထဲကလိုပဲ  ခပ်မြန်မြန် တသွေမတိမ်းလိုက်ဖြစ်နေပြီး သူ့မှာတော့ ဒါတွေ ရပ်အောင်
ဘယ်လိူလုပ်ရမယ် ခုထိ မသိသေးဘူး။


ရုတ်တရက် သူ လည်း စောစောက
အမှတ်မထင်သတိထားမိလိုက်တာတစ်ခုကို သတိရသွားတယ်။


'' မိုးပြာပျံသန်းဂိုဏ်းက
ချန်းနင်းနဲ့ အဆက်သွယ်ရှိနေတုန်းလား''

ကျူးယောင် အသံက ပြတ်သားတယ်။
လျော်ကြေးအနေနဲ့ ပစ္စည်းသိမ်းအိတ်ကို
ဝူဆောင်း ပေးစဉ်က သူ့ စိတ်ဝိဉာဉ်အာရုံ သူံးပြီး
တစ်ချက်ကြည့်လိုက်တော့ ချန်းနင်းရဲ့
ချီဝူ အိမ်တော် မှာတွေ့ဖူးသော ရှားပါး
မှော်ဂါထာ စာလိပ်တွေ ပါ ပါဝင်နေတာကို
တွေ့လိုက်ရတယ်။

ထူးဆန်းသော စာလိပ်နက်ကလည်း ချန်းနင်း
ဆီက ရတာပဲ။
ထိုအခိုက်တန့်မှာတော့ ကျူးယောင်၏
သင်းကွပ်လိုသော စာရင်းမှာ နောက်တစ်ကောင် စာရင်းထပ်တိုးလို့လာတယ်။



'' နတ်ဝိဇ္ဇာ ချန်းနင်းလား ''

ယုလော်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်
လုပ်တယ်။

''   သခင် ချန်းနင်းက
မိုးပြာပျံသန်းဂိုဏ်း ရဲ့ နတ်ဝိဇ္ဇာအကြီး
လုပ်နေတာ ကြာပြီလေ''

''ဘယ်လို ''

ဘာကိစ္စ ဒိီမယုံကြည်ရတဲ့ ခပ်ပေါပေါ
ချာချာ မှော်သတ္တဝါကောင် ကြက်လက်သည်း ချန်းနင်းပါ ပါလာရတာလဲ။

ကျူးယောင်လည်း အခြေနေအရပ်ရပ်
ကို မရှင်းမလင်းဖြစ်နေတယ်။

'' ဆရာ ပျောက်သွားတုန်းတော့ နတ်ဝိဇ္ဇာ
ချန်းနင်းက ထွက်မသွားဘဲ ဆရာ့ပြန်အလာ
ကို စောင့်မယ်ဆိုပြီး ဂိုဏ်းမှာနေနေတော့တာ
ခုထိပဲ ... ခုနှစ်တွေအတွင်း ဂိုဏ်းမှာလိူအပ်
တာတွေ အကုန်လုံး ဖြည့်ဆည်းကူညီပေးတယ်
''

ကျူးယောင်လည်း မျက်မှောင်ပြန်ကုတ်
သွားတယ်။ ဘာကြောင့် မိူးပြာပျံသန်းဂိူဏ်း
ဒီနှစ်တွေအတွင်း မြန်မြန်ထောင်တက်လာ
နိုင်လဲတွေးနေမိတာ လက်စသတ်တော့
နောက်ကွယ်က စပွန်ဆာက ချန်းနင်းကိုး။
ချန်းနင်းကိုယ်တိုင်က ဒသမဆင့် မှော်သတ္တဝါ
ဖြစ်ပြီး နတ်ဝိဇ္ဇာ ပြည့်စုံဆင့်နဲ့ တူတာကြောင့်
သူ့ နတ်ဝိဇ္ဇာ ဂုဏ်နဲ့တင် ဂိုဏ်းကို အနိုင်ကျင့်ရဲသူ မရှိအောင် ဖန်တီးပေးနိုင်တယ်။  ဒါ့အပြင်
ချမ်းလည်း ချမ်းသာသေးတယ်။ကျင့်ကြံခြင်းလောက ရှိ ရောင်းဝယ်ရေးတစ်ဝက်လောက်
ကို ခြယ်လှယ်နေတဲ့ ချီဝူ အိမ်တော်ကိုလည်း
ပိုင်ဆိုင်ထားတာကြောင့် မိုးပြာပျံသန်းဂိုဏ်းက
သူ့အကူညီကို မယူဘူးဆိုတာ မဖြစ်နိုင်သ
လောက်ပဲ။

အဓ်ိကအကြောင်းရင်းကတော့ ဒီ မှော်သတ္တဝါ
သူဌေးကောင် ချန်းနင်းက သူ ကိုယ်တိုင်
ခေါ် လာမိတယ်ဆိုတာပဲ။
ထင်တဲ့အတိုင်းပဲ သူလည်း ကိုယ်သေတွင်း ကိုယ်တူးမိခဲ့တယ်။

'' မုန်လာဉ.လေး..''

ကံဆိုးချင်တော့ သူ့မှာလည်း အချိန်မရှိတော့
ဘူး။ ဝူဆောင်းကို စိတ်တိုပေမဲ့လည်း
သည်ကိစ္စအရှုပ်တွေကို ရှင်းဖို့ထိ ဂရုမစိုက်အားတော့ဘူး။တံခါးပိတ် ကျင့်ကြံတော့မယ့်အကြောင်း တပည့်ဖြစ်သူကို အသိပေး
ခါနီးမှာပဲ တစ်စုံတစ်ယောက်က သူ့ကို
ဆွဲလိုက်တယ်။


ထုံးစံအတိုင်း ယွဲ့ယင်းက ဘယ်နားက
ပေါ် လာမှန်းမသိ သူ့နားရောက်လာတယ်။
တစ်ကိုယ်လုံး ပွေပွပြီး မျက်နှာသေ
မထုံတတ်တေး ရှိနေဆဲ။

ပြီးတော့ သူ့ကို ခေါ် ဖို့ ကြိုးစားတယ်။

'' မ .....ယောင်''

'' #$%......''

ငါ့ကို မယောင် လို့ မခေါ်ပါနဲ့ဆို။
ငါက ဖြူစင်ရိုးသားစွာ ရှင်သန်နေတဲ့
မိန်းမကောင်းလေးပါကွယ်။
သူ့နာမည်ကို ဘယ်လိုခေါ်ရမလဲ ယွဲ့ယင်း
ကို သူသင်ပေးတုန်းက ဘယ်လိုများ
အလွဲလွဲချော် သင်ပေးခဲ့မိပါလိမ့်။

ယွဲ့ယင်းက စကားဗလုံးဗထွေးပြောတယ်။

'' မတွေ့...ယောင်...သွား....နဲ့''

သို့ပေသိ ကျူးယောင်က တော့
သူပြောတာ နားလည် တယ်။ သူ့ကို
လိုက်ရှာရင်း ယွဲ့ယင်းခုလို ဟိုတိုးသည်တိူး
နဲ့ပေပွလာတာ။ထင်တဲ့ အတိုင်းပဲ ဒီကလေး
ဟာ မိခင်ကို အလွန်ကြူးစွဲလမ်းနှစ်သက်သော
ရောဂါ ရှိနေပါတယ်။
အညစ်ကြေးဖယ်ဂါထာကို သူ့ကိုယ်ပေါ်
  မန်းမှုတ် သန့်ရှင်းပေးရင်း အနည်းငယ်
ချော့လိုက်တယ်။သူ့ တံခါးပိတ်ကျင့်ကြံမယ့်
အကြောင်း ယုလော်ကို ပြောပြီး လေ့ကျင့်ဖို့
ညွန်ကြားချက်အချို့ပေးလိုက်တယ်။
ပြီးတော့ ယွဲ့ယင်းက်ို သူ့လက်ထဲအပ်လို့
စောင့်ရှောက်ရန်မှာလိုက်ပြီး သူ ကျင့်ကြံခဲ့
ဖူးသော ရေကန်ကြီးအောက်ခြေက
ကျောက်ဂူသို့ လာခဲ့တယ်။



ဂိုဏ်းချုပ်ဖြစ်ကတည်းက ဝူဆောင်း
ဒီတစ်ခါလောက် မချိမဆန့်ဒေါသ မထွက်
ရဖူးဘူး။ သူ ဂိုဏ်းကိုပြန်ရောက်တော့
ကျောက်စိမ်းသစ်တောတောင်
ဆက်ခံသူတပည့် ယုလော်ကို လက်ထပ်
ခွင့်တောင်းရင်း အငြင်းခံရတယ်ဆိုသော
သတင်းက တစ်လောကလူံးကို ပျံ့နှံ့နေ
ပြီဆိုတာ ကြားသ်ိလိုက်ရတယ်။


အစတုန်းကတော့ သူလည်း စိတ်ထဲ
မထားဘူး။ယောကျာ်း
တစ်ယောက် ဆိုတော့ ဒါတွေ ဂရုမစိုက်ဘူး‌ေပါ့။
အငြင်းခံရတယ်ဆိုတာက ကြားမကောင်း
ပေမဲ့လည်း ကိစ္စကြီးလည်း မဟုတ်ဘူး
လိူ့သာ သူ တွေးတယ်။ သူက အရင် ယုလော်ကို
ပေါ် ပျက်ပြားမိတာကြောင့်လည်း
ပါတယ်။

ဒါပေမဲ့ ဘာကြောင့်မှန်းမသိ
မကြာခင်မှာပဲ သူ့ကို တောင်ဘက်ကြယ်မင်း
ဂိုဏ်းက လာရှာတယ်။ သူတို့လက်ထဲ
ဂိုဏ်းသစ္စာဖောက် ရူလုကို လွှဲပေးဖို့ရန်တဲ့။
ထိုအခါမှသာ ကိစ္စတွေက ထင်ထားတက်
ပို ရှုပ်နေကြောင်း သူ သိလိုက်ရတယ်။
ဒီနှစ်တွေအတွင်းမှာ သူတို့ဂိုဏ်းဟာ
လျင်လျင်မြန်မြန် တိုးတက်လာတာမှန်သော်
ငြားလည်း သက်တမ်းနုသေးတာတော့
အမှန်ပဲမလို့ ကာကွယ်ပေးမယ့်
အာမခံချက်လည်း ကြီးကြီး
မားမားမရှိသေးဘူး။

သို့ပေသိ တောင်ဘက်ကြယ်မင်းဂိုဏ်းဆိုတာ
နှစ်သန်းချီ လက်ဆင့်ကမ်းတည်ထောင်
လာသော ဂိုဏ်းကြီးတစ်ခုဖြစ်သလို
သည်နှစ်တွေထဲမှာလည်း နောက်ထပ်
နတ်ဝိဇ္ဇာ တစ်ယောက်ရှိလာတာကြောင့်
ပိုကြီးကျယ်လာတယ်။ဘယ်လိုပဲတွေးတွေး
သူတို့ ဂိူဏ်းအနေနဲ့ တစ်ဖက်ဂိုဏ်းရန်သူ
အနေနဲ့ ရပ်တည်ဖို့မဖြစ်နိုင်ဘူး။ထုတ်ပေး
ဖို့တောင်းဆိုတဲ့လူတွေကလည်း နတ်ဝိဇ္ဇာ
သခင် ချီဟန်ကိုယ်စားလို့ ဆိုလာကြတယ်။


ရူလု လုပ်ကြံခဲ့တဲ့ ကောင်မလေးက
နတ်ဝိဇ္ဇာ ချီဟန်ရဲ့တပည့်မလေးလို့ ဆိုတယ်။
ဝူဆောင်းလည်း ဒါနဲ့ပက်သက်လို့
သံသယဖြစ်မိပေမဲ့ မုမေ့ယန်ကတော့
ရှိုက်ကြီးတငင်ငိုရင်း သူ့ကို  မတရားချောက်ချ
ခံခဲ့ရတာပါလို့ ပြောတယ်။
သူ့အနေနဲ့ ဘာကြောင့်များ ဆရာတူညီမလေး
ကို ဒုက္ခပေးချင်ရမှာလဲတဲ့။




အခန်း ၁၂၁ ပြီး၏။

နောက်အပိုင်း>>>> မိုးပြာပျံသန်းဂိုဏ်းနောင်တ


😎

လူထု ရွေးတဲ့ ပါတီက တရားသောအနိုင်ရခြင်း
နဲ့ အနိုင်ရခဲ့ပြီမလို့  ကတိပေးတဲ့အတိုင်း 3 ရက်ဆက် ရေးပါမယ်။

Zawgyi

က်ူးေယာင္လည္း သူတို႔ကို ေသြးခဲြစကားေျပာ
ေပးတာ ေတာ္လိုက္ၿပီလို႔ ေတြးရင္း
ယုေလာ္လက္ကို ဆဲြကာ ခန္းမက်ယ္ထဲက
အရင္ထြက္လိုက္တယ္။
သံုးေလးလွမ္းအေရာက္မွ ေနာက္ျပန္လွၫ့္
ကာ ဝူေဆာင္းကို စကားတစ္ခ်ိဳ႕ လက္ေဆာင္
ပါးလိုက္တယ္။

''  အခ်စ္စစ္နဲ႔ ဆံုစည္းႏိုင္လို႔ ဂုဏ္ယူပါတယ္
ဂိုဏ္းခ်ဳပ္ဝူ  သူ အပ်ိဳမစစ္ေတာ့လည္း
ဂိုဏ္းခ်ဳပ္ဝူအဖို႔
ကိစၥေတာ့ မရိွဘူးမလား ''

သူ႔စကားလည္း ၾကားေရာ မုေမ့ယန္မ်က္ႏွာ
ႀကီးက ခ်က္ခ်င္း ပ်က္ယြင္းသြားတယ္။

က်ူးေယာင္လည္း ေက်ာက္စိမ္းသစ္
ေတာေတာင္ဆီကို စိတ္ေအးၾကည္သာစြာ
ျဖင့္ ပ်ံသန္းလာခဲ့တယ္။မုေမ့ယန္ အပ်ိဳစင္
မဟုတ္ေတာ့တဲ့ ကိစၥက သူ႔ ခန႔္မွန္းခ်က္
သာသာ ပဲ ျဖစ္တယ္။ေရ႔ျွဖစ္အိပ္မက္ထဲ
ယဲြ႔ဟန္ရွင္းရဲ့
အီစီကလီ အမ်ိဳးသားေတြကို ရဖို႔ မုေမ့ယန္
ဟာ  ဘယ္နည္း
နဲ႔မဆို ရေအာင္သံုးယူခဲ့တယ္။ခုဆို
ႏွစ္တစ္ေထာင္ေတာင္ ရိွသြားၿပီမလို႔ မုေမ့ယန္
တစ္ေယာက္ အပ်ိဳစင္ အျဖစ္
သူ႔က္ိုယ္သူ ထိန္းသိမ္းႏိုင္ဦးမယ္ဆိုတာ
မျဖစ္ႏိုင္ဘူး။

မုေမ့ယန္ မ်က္ႏွာသြင္ျပင္ၾကၫ့္လိုက္ထဲက
သူထင္တာ မွားေတာ့ မွားပံုမရဘူး။

က်င့္ႀကံျခင္းေလာကမွာ လက္တဲြေဖာ္ ူက်င့္ႀကံသူ ေရြးခ်ယ္ရတာဟာ တစ္ကယ္ကို အေလး
နက္ထားၾကတဲ့ ကိႁစၥဖစ္တယ္။
ကိုယ့္အပ်ိဳစင္ကိုလည္း  လက္တဲြေဖာ္ကိုသာ
ေပးအပ္ေလ့ရိွတယ္။ ေယာက်ာ္းတကာနဲ႔
ျဖစ္ခ်င္ရာျဖစ္ေသာသူေတြကိုေတာ့ အမ်ားစု
ဒိဌိက်င့္ႀကံသူ မီးျပင္းဖို အျဖစ္သာ သတ္မွတ္
တတ္ၾကတယ္။ဒါေၾကာင့္ ဝူေဆာင္းသာ
ယုေလာ္နဲ႔ ေစ့စပ္ပဲြကို ဖ်က္သိမ္းခဲ့မယ္ဆိုရင္
ယုေလာ္ ဂုဏ္သိကၡာအတြက္ ႀကီးႀကီးမားမား
ထိခိုက္ႏိုင္တယ္။ ဒီအေၾကာင္းေၾကာင္းေၾကာင့္ ယုေလာ္ဟာ သူ႔ဆက္ခံသူတပၫ့္ ၊သူ
သေဘာမတူႏိုင္ဘူးဆိုလို႔သာ အေျခေန
တစ္ခုလံုးကိုေျပာင္းျပန္လွန္လိုက္ႏိုင္တာ။
ယုေလာ္က ဝူေဆာင္း ေစ့စပ္ခြင့္ေတာင္းတာကို ျငင္းပယ္ေသာ ပံုစံျဖစ္သြားႏိုင္ခဲ့တာ။

ရိွေနေသာ ဇီမိုလည္း အေျခေနကို အလြန္
ေက်နပ္အားရသြားၿပီး ဒီျငင္းပယ္ခံရေသာ
အျဖစ္ကို ခ်ဲ႔ကားလုပ္ႀကံလို႔ အနယ္နယ္ရပ္ရပ္ကို ျဖန႔္ေဝေစလိုက္တယ္။

ခုဆိုရင္ ဝူေဆာင္းကိုယ္တိုင္လည္း ဂိုဏ္း
ခ်ဳပ္တစ္ေယာက္ျဖစ္ေနၿပီ။ တည္ေထာင္သူ
ျဖစ္တဲ့ သူ႔ကို ေက်ာ္လြန္ၿပီး ဝူေဆာင္း
ဒီေနရာကို ဘယ္လိုရခဲ့လဲ မသိေပမဲ့
သူရခဲ့ေသာေနရာဟာ သံသယအၾကၫ့္နဲ႔သာ
အၾကၫ့္ခံရမယ့္ ေနရာပဲ။

ဒါ့အျပင္ ႏွစ္ဉီးသား ခ်စ္ျခင္းဟာ
အခ်စ္စစ္လို႔ ဝူေဆာင္း ထင္မွတ္ေနရွာရာ
ကေန ယခုေတာ့ အခ်စ္စစ္ႀကီးက
တစ္ျခားတစ္ေယာက္ကို ပံုအပ္ၿပီးသားမွန္း
သိသြားၿပီ။ ေရ႔ျွဖစ္အ္ိပ္မက္ထဲမွာကဲ့သို႔
မုေမ့ယန္ဟာ သူ႔ေက်းဇူးရွင္လည္းမဟုတ္
ေတာ့သလို ရင္ထဲက တမ္းတမ္းစဲြရသၫ့္
အျပစ္ကင္းေသာ လမင္းေလးလည္း
မဟုတ္ေတာ့ရင္ ႏွစ္ဉီးသား၏ အခ်စ္စစ္
ဇာတ္လမ္းႀကီး ဘယ္အခ်ိန္ထိ ဆက္က
ႏိုင္မလဲဆိုတာ သူ႔အဖို႔ စိတ္ဝင္စားစရာပဲ။

က်ူးေယာင္  အလကားေလ်ွာက္ေျပာ
သြားတာလို႔လည္း သူတို႔ေတြ ထင္ခ်င္လည္း
ထင္န္ိုင္ပါတယ္။ မုေမ့ယန္ အပ်ိဳစင္ ဟုတ္
မဟုတ္ဆိုတာ  တစ္ခ်က္ၾကၫ့္ရံုျဖင့္
သ္ိႏိုင္ေသာ အရာမွ မဟုတ္တာ။
ဒါေပမဲ့ က်ူးေယာင္ဆိုတာက ေက်ာက္စိမ္း
သစ္ေတာေတာင္က မဟုတ္လား။ က်င့္ႀကံျခင္းေလာကမွာ
ေက်ာက္စိမ္းသစ္ေတာင္ေတာင္ဟာ အစထဲ
နားမလည္ႏိုင္ဆံုး ထူးဆန္းသၫ့္ ေနရာတစ္ခု
ပဲ။ဒါ့အျပင္ ေျပာခံလိုက္ရခ်ိန္မွာ ျဖစ္ပ်က္
သြားေသာ မုေမ့ယန္ မ်က္ႏွာသြင္ျပင္က
ဘယ္ဟာအမွန္ျဖစ္ႏိုင္လဲဆိုတာ ျပသလို႔ေနတယ္။

မုေမ့ယန္ကေတာ့ သူရဲ့ ဒီလို ကံမေကာင္း
အေၾကာင္းမလွရသၫ့္(ေယာက်ာ္းတကာႏွင့္ အိပ္) အေၾကာင္းရင္းခံဟာ
ၿပိဳင္ဘက္ျဖစ္သူ ျပစ္မ်ိဳးမွဲ႔မထင္ ေအာင္ျမင္
လြန္းေသာ ယဲြ႔ဟန္ရွင္း ေၾကာင့္ ထင္ေနတယ္။
ယဲြ႔ဟန္ရွင္းဟာ ေယာက်ာ္းတကာႏွင့္ မရွင္း
မရွင္း ဆက္ဆံေရးေတြ ရိွခဲ့တယ္ဆိုေသာ္
လည္း အီစီကလီ အဆင့္မွာသာ ရပ္တန႔္ၿပီး
ထားရစ္ခဲ့တာမ်ားလို႔ အနည္းဆံုးေတာ့
အပ်ိဳစစ္စစ္ အျဖစ္ က်န္ရိွေနေသးတယ္။
ခ်စ္ႀကိဳက္ၿပီး သည္လို ျဖစ္ၾကတဲ့ ကိစၥ
လက္ခုပ္ဆိုတာ ႏွစ္ဖက္ တီးမွ ျမည္တယ္
မဟုတ္လား။  တစ္ဖက္က လက္မခံဘဲႏွင့္ေတာ့
ဒီလိုကိစၥဟာ အၿမဲမျဖစ္ႏိုင္တာမလို႔
သူ႔လို ေဘးကပဲြၾကၫ့္သူနဲ႔ေတာ့ မဆိုင္လွပါဘူး။
မုေမ့ယန္သာ အရင္ဘဝထဲက မနာလိုဝန္တို အၿငိဳးေတးေတြ
ဒီေလာက္ႀကီးမေနရင္လည္း ခုလို ျဖစ္စရာမွ
မိလိုအပ္တာ။

'' ေက်းဇူးတင္ပါတယ္ဆရာ''

ယုေလာ္က ႃပံုးႏိုင္ဖို႔ႀကိဳးစားေပမဲ့
သူ႔အႃပံုးဟာ သဘာဝက်က် ပီပီျပင္ျပင္ ျဖစ္မလာခဲ့ဘူး။

'' ဘာကိစၥ ငါ့ကို ေက်းဇူးတင္ေနတာလဲ''

က်ူးေယာင္လည္း တပၫ့္ျဖစ္သူကို
လွၫ့္ၾကၫ့္ကာ ေမးတယ္။

''ဆရာကိုယ္တိုင္ ေရ႔ွထြက္ၿပီး တျပၫ့္
သိကၡာကို ကာကြယ္ေပးခဲ့လို႔ပါ''

ယုေလာ္က ေခါင္းငံု႔ထားတယ္။

''ဟင္း.....''

ခုေနေတာ့ ယုေလာ္ဟာ ေဆာက္တည္ရာမဲ့ခံစားေနရတယ္ဆိုတာ
က်ူးေယာင္လည္း  နားလည္တယ္။ဒါေၾကာင့္
တပၫ့္ျဖစ္သူကို ဖက္ထားရင္း ေခါင္းေလး
အသာယာပုတ္လို႔ ငယ္စဉ္က ေခ်ာ့ဖူးခဲ့သလိုသာ ေခ်ာေနမိတယ္။

'' ယုေလာ္...
ေျခသံုးေခ်ာင္းနဲ႔ ဖားကသာ ရွာရခက္ခ်င္ခက္မယ္
ေျခေထာက္ႏွစ္ေခ်ာင္းပါတဲ့ ေယာက်ာ္းေတြက
ေပါပါတယ္''

ယုေလာ္က ဆရာျဖစ္သူကို ေမာ့ၾကၫ့္ရင္း
မ်က္ဝန္းအိမ္မွာ စိုစြတ္လာတယ္။

'' ဒါေပမဲ့ တပၫ့္ မေတြးမိဘဲ မေနႏိုင္ဘူး
ဘယ္လိုလုပ္မ်ား တပၫ့္တို႔ခ်င္း ႏွစ္ရာခ်ီ
တစ္ဦးကို တစ္ဦးရိွလာတဲ့ သံေယာဇဉ္နဲ႔
ခ်စ္ျခင္းေတြကို....လ်စ္လ်ူရႈႏိုင္ၿပီး
ေတြ့တာမၾကာေသးသူတစ္ေယာက္ေနာက္
ေကာက္ေကာက္ပါေအာင္ လိုက္သြားႏိုင္ရ
တာလဲ''

'' ဘာလို႔ ေကာင္းတဲ့ဘက္က မေတြးၾကၫ့္
ရတာလဲ ယုေလာ္ရယ္....
မင္းတို႔ၾကားထားခဲ့တဲ့ ႏွစ္ရာခ်ီ ခ်စ္ျခင္းေတြ
ကိုေတာင္ လ်စ္လ်ူရႈ ႏိုင္တဲ့ သူလိုလူမ်ိဳးက
တစ္ျခား ခံစားခ်က္ေတြကိုလည္း မ်က္ကြယ္
ျပဳႏိုင္တာေပါ့ .. ဒီလို တစ္ကိုယ္ေကာင္းသမားသရုပ္မွန္ကို ေစာေစာသိရတာ ပိုေကာင္းတာေပါ့ ယုေလာ္ရယ္''

ယုေလာ္က ခဏတာ တိတ္ဆိတ္သြားတယ္။
ၿပီးေတာ့ မုေမ့ယန္ကို သတိရသြားရင္း သူ႔မ်က္လံုးက မႈန္မိႈင္းလာတယ္။

'' သူ ဘာကိစၥ အဲ့မိန္းမကို ကယ္ခဲ့ရတာလဲ''

''ယုေလာ္''

က်ူးေယာင္မ်က္ႏွာက အေလးနက္တည္သြား
ၿပီး အသံတိုးတိုးျဖင့္ ေျပာျပတယ္။

'' မုေမ့ယန္ကသာ မင္းတို႔ႏွစ္ေယာက္ကဲြကြာရျခင္းရဲ့ အဓိက အေၾကာင္းရင္းခံလို႔ မင္းထင္ေနတယ္ေပါ့''

'' ဒါေပမဲ့ ခုကိစၥေတြအားလံုးက သူ႔ကို
ကယ္လိုက္ၿပီးမွ ျဖစ္ရတာခ်ည္းပဲေလ''

'' မုေမ့ယန္မဟုတ္ရင္ေတာင္ တစ္ျခားမိန္းမ
တစ္ေယာက္ ျဖစ္ႏိုင္တာပဲေလ...ေခြး
တစ္ေကာင္သာ ကိုယ္ခ်င္တယ္ဆိုရင္
ႀကိဳးခ်ည္ထားထား မထားထား ကိုက္ခ်င္
ေနမွာပဲ....တစ္ခါ ကိုက္ဖူးရင္ ကိုက္ခ်င္ေနမွာပဲ... မကိုက္ခ်င္တဲ့ေခြးက ႀကိဳးခ်ည္ထား
ေတာင္ လူလာရင္ အၿမီးႏွံ႔ျပၿပီး ႀကိဳမွာပဲ
မင္း နားလည္ရဲ့လား ''

ယုေလာ္မ်က္ႏွာက ေျပာစရာစကား မဲ့
လို႔ ေနေသာ အသြင္ရိွေနတယ္။

'' ဒါေပမဲ့ သူမလာခင္ အရင္တုန္းကက်...''

'' မင္း ေခြးတစ္ေကာင္ ဝယ္ၿပီး ေမြးေတာ့
မယ္ဆိုတာနဲ႔ ဒီေခြးႀကီးလာရင္ ကိုက္မယ္
မကိုက္ဘူး သိႏိုင္မွာလား ''

က်ူးေယာင္ဟာ အတိတ္တုန္းက ေခြးတစ္ေကာင္ကို မ်က္စိလည္လမ္းမွားၿပီး
ကယ္တင္ခဲ့မိသလို တပၫ့္အျဖစ္သူနားေတာင္
ေယာင္ေတာင္ေတာင္လုပ္ႏိုင္ဖို႔ အခြင့္ေရး
ေပးခဲ့မိတယ္။

( ၿခံခုန္ခ်င္တဲ့ေကာင္က ခုန္မွာပဲ။)

သူ႔စကားကို နားလည္သြားေတာ့ တပၫ့္ျဖစ္
သူက ၿငိမ္သက္သြားတယ္။ မုန္းတီးကာ မေပ်ာ္ရႊင္ျဖစ္ေနေသာ မ်က္ႏွာကလည္း ေျပေလ်ာ့
လာတယ္။

''ယုေလာ္''

က်ူးေယာင္လည္း သူ႔ေက်ာကို အသာပုတ္တယ္။

'' မင္း လက္မခံခ်င္ျဖစ္ေနတာ ဆရာ သိပါတယ္ ဒါေပမဲ့ ဒါအမွန္တရားပဲ ...
ဒါနဲ႔ပက္သက္ၿပီးလည္း မင္း ဘာမွ ထပ္လူပ္
လို႔မရေတာ့ဘူး လက္ခံမွရမယ္...
တစ္ခ်ိဳ႕ေသာ ကိစၥေတြက်ေတာ့ မင္း ေသခ်ာ
ႀကိဳးႀကိဳးစားစားမလုပ္ခဲ့လို႔ မဟုတ္ဘူးေလ
မင္း ႀကိဳးႀကိဳးစားစား လုပ္ခဲ့ရဲ့သားနဲ႔

ထင္သလို ျဖစ္မလာေတာ့ စိတ္ပ်က္ရတာေပါ့
ဒါေၾကာင့္ မင္းဂုဏ္သိကၡာခ်နင္းခ်င္တဲ့
လူတစ္ေယာက္အတြက္ မင္းဘာလို႔ ခံစားၿပီး
နာက်င္ေနရမွာလဲ''

'' တစ္ကယ္ေတာ့  တစ္ဦးကိုတစ္ဦးခ်စ္
တာဆိုတာက စီးပြားေရး ရင္းႏွီးၿမွဳပ္ႏွံမႈ
ေတြလိုပါပဲ''

က်ူးေယာင္လည္း တပၫ့္ျဖစ္သူကို
ဆက္လက္ အလင္းျပတယ္။

''  မင္းက ကုန္ပစၥည္း ရင္းႏွီးၿမွဳပ္ႏွံလိုက္ေပမဲ့လည္း
အျမတ္ျပန္မရတာဟာ တစ္ခါတစ္ရံမွာ
ေစ်းကြက္မေကာင္းလို႔ မဟုတ္တတ္ဘူး
အဲ့ဒါထက္ မင္း ၿမွဳပ္ႏွံလိုက္တဲ့ ကုန္ပစၥည္းကို
က အသံုးမလိုၾကတဲ့ ခပ္ညံ့ညံ့ပစစည္း
ေတျြဖစ္ေနႏိုင္တယ္.. ဒါေပမဲ့ ခုခ်္န္မွာ
မင္းၿမွဳပ္ႏွံထားတဲ့ အရင္းႏွီးေတြကို
ျပန္ထုတ္ၿပီး တစ္ျခားမွာ ၿမွဳပ္ႏွံဖို႔ အခ်ိန္မွီ
ပါေသးတယ္''

( အရာတစ္ခုကို ေမ်ွာ္လင့္ခ်က္ႀကီးႀကီးရိွေလ
ထိုအရာ ဆံုးရႈံး/မပိုင္ရတဲ့ အခါ ပိုနာက်င္ရေလေလ'')

'' ဆရာ ေစ်းကြက္မွာ ရင္းႏိွီးၿမွဳပ္ႏွံတယ္
ဆိုတာက ဘာကိုဆိုလိုတာလဲ''

က်ူးေယာင္>>>> ''*@$$.....''

'' အယ္.....''

က်ူးေယာင္လည္း အသည္းကဲြသူငယ္ခ်င္း
ေတြကို ေခတ္သစ္ကမ႓ာမွာ ႏွစ္သိမ့္ေနက်
စကားလံုးေတြနဲ႔ တပၫ့္ကို ႏွစိသ္ိမ့္ေပးမိသြားတယ္။

'' အင္း...ဆရာ ေျပာခ်င္တာက ဝူေဆာင္း
ဟာ မင္းအခ်စ္နဲ႔ မတန္တဲ့ ေကာင္ပဲ
မင္းအခ်စ္ကို ရဖို႔ေစာင့္ေနတဲ့ တစ္ျခား
ေယာက်ာ္းေကာင္းေတြ အျပင္မွာ တစ္သီတစ္တန္းႀကီး ရိွပါတယ္...
အဲ့တာေၾကာင့္ သစ္ပင္တစ္ပင္တည္းပဲ
နားဖို႔ ႀကိဳးစားမေနနဲ႔ တစ္ျခားအပင္ေတြ
လည္း ပ်ံသန္းၿပီး လိုက္နားၾကၫ့္ၾကၫ့္ဦး''

တပၫ့္ကို ေျဖာင္းျဖေနရာကေန စေနာက္က်ီစယ္တဲ့ဘက္
ကို ေရာက္လာတာေၾကာင့္ ယုေလာ္လည္း
ယခင္ကထက္ မ်က္ႏွာေလး ပိုလန္းလာတယ္။
မေနႏိုင္ဘဲ သူေျပာခ်င္တာကို ေျပာထြက္
လိုက္တယ္။

'' ဘယ္ဆရာကမ်ား ကိုယ့္တပၫ့္ကို
ရည္းစားေတြ အမ်ားႀကီးထားဖို႔ အႀကံေပး
မွာလဲ....''

ကဲ ငါက တင္စားေျပာျပရံု ဉပမာ အလႍကာ
သံုးလိုက္ရံုပါကြယ္။

'' အဓိက ငါတို႔ မိန္းမေတြက  ဘယ္သူမွ
ဂရုမစိုက္လည္း ကိုယ့္ကိုယ္ကို
ေကာင္းေကာင္းဂရုစိုက္ဖို႔ လိုတယ္...ေပ်ာ္ေအာင္ထားရမယ္ ... မင္း နားလည္ၿပီလား''

ယုေလာ္လည္း ခဏေလာက္ မ်က္ႏွာညိုး
သြားၿပီးမွ ေခါင္းအေသခ်ာညိတ္တယ္။

'' တပၫ့္ အတတ္ႏိုင္ဆံုး
သူ႔ကို ေမ့ဖို႔ ႀကိဳးစားပါ့မယ္''

'' လိမၼာလိုက္တဲ့ တပၫ့္ေလး ''

သူတပၫ့္ဟာ ထင္တဲ့အတိုင္းပဲ လမ္းေၾကာင္း
မွန္ေပ ၚ ျပန္ေရာက္လာၿပီ။

'' ဒါနဲ႔ မင္း က်င့္ႀကံဆင့္ ဘယ္ႏွယ့္
နတ္အျမဴေတအဆင့္ပဲ ရိွေနသးတာလဲ''

တစ္ကယ္တမ္းဆိုရင္ ဟို သာမန္မုန္လာဉ
ေတြေတာင္ နတ္ဝိဉာဉ္ အဆင့္ေရာက္ေနၾက
ၿပီမလို႔ သူ႔တပၫ့္လို ထူးျခားတဲ့ အာကာဝိဉာဉ္ေၾကာ
ပိုင္ရွင္ဟာ  အဆင့္တူေတာ့ အနည္းဆံုး
ေရာက္သင့္ေနၿပီ မဟုတ္လား။
နတ္ဝိဇၨာ အဆငိ့မျဖစ္ရင္ေတာင္
ဝူေဆာင္းနဲ႔တန္းတူ နတ္ဝိဉာဉ္ ျပၫ့္စံုအဆင့္
ေတာ့ ေရာက္သင့္ေနၿပီ

ယုေလာ္မ်က္ႏွာလည္း နည္းနည္းညိုးသြား
ၿပီးမွ ျပန္ေျဖတယ္။

'' တပၫ့္ နတ္ဝိဉာဉ္ အဆင့္ကို တက္လွမ္း
ဖို႔ အဲ့တုန္းက အဆင္သင့္ျဖစ္ေနပါၿပီ
ဒါေပမဲ့ မုေမ့ယန္ကို ကယ္ရင္း ဝူေဆာင္း
ဒဏ္ရာ ေတြ အေတာ္ရသြားခဲ့တယ္
သူ႔ကို ကုသေပးရင္း တပၫ့္ ....''

'' မင္း အဲ့ေကာင္ကို မင္း အပ်္ိုစင္ ေပးၿပီး
ကုလိုက္တာေတာ့ မဟုတ္ဘူးမလား''

က်ူးေယာင္လည္း ရုတ္တရက္ ေဒါသ
ထြက္လာတယ္။
ဒီေစာက္သံုးမက်တဲ့  သစၥာမဲ့ေကာင္ကိုေတာ့....။

'' အဲ့လိုမဟုတ္ရပါဘူးဆရာ ''

ယုေလာ္က အလ်င္ျမန္ ​ရွင္းျပတယ္။

'' အဲ့တုန္းက တပၫ့္မွာရိွသမ်ွ ေရခ်ီ
သံုးၿပီး ကုသလိုက္မိတယ္ ...ကုသလို႔ၿပီးခါနီး
တစ္ေယာက္ေယာက္က ဝင္ေနွာင့္ယွက္
လိုက္လို႔ ခ်ီတြန္းကန္ကာ ခံရၿပီး တပၫ့္
ဝိဉာဉ္ေၾကာေတြ ဒဏ္ရာရကုန္တယ္
ၿပီးေတာ့ တပၫ့္ က်င့္ႀကံဆင့္လည္း
ျပဳတ္က်သြားတယ္''

ထိုအခ်ိန္က သူ႔ခ်ီစြမ္းအားကို ျပန္ရုတ္သိမ္း
ဖို႔လုပ္ေနတုန္းက မုေမ့ယန္ ေနာက္ကေန
ရုတ္တရက္ဝင္လာကာ ေနွာင့္ယွက္တာေၾကာင့္
ျဖစ္သြားခဲ့တာဆိုေပမဲ့ ဆရာသာသိရင္
ပိုစိတ္ဆိုးေနမွာစိုးတာေၾကာင့္ သူလည္း
ထုတ္မေျပာျဖစ္ေတာ့ဘူး။

က်ဳးေယာင္လည္း အလိုမက်တိုင္း မ်က္ေမွာင္ၾကဳတ္ရလြန္းလို႔ မ်က္ခံုးႏွစ္
ဘက္ေတာင္ တစ္ဆက္တည္းျဖစ္ေတာ့မယ္။
စကၠန႔္မလပ္ တစ္စံုတစ္ေယာက္ကို
မ်ိဳးတံုးသြားေအာင္ သင္းကြပ္ခ်င္စိတ္က
ထိန္းမရဘူး။
မုေမ့ယန္နဲ႔ နီးစပိသြားသမ်ွ ေယာက်ာ္းတိုင္း
ဟာ ဒီလိူပဲ ဟိုဟာျမင္ ငမ္းငမ္းတက္ ေသာ ေစာက္သံုးမက်တဲ့ ေယာက်ာ္းဖ်င္း
အရည္ခ်င္းေတြ အလိုလို ရလာတတ္တာလား။ယုေလာ္က သူ႔အတြက္ အားကုန္သံုး
ကယ္တင္ေပးခဲ့တာေတာင္ ေနာက္တစ္ေယာက္
နဲ႔ ေဖာက္ျပန္ရဲေသးတယ္။
မ်ိဳးမစစ္ လူယုတ္မာေကာင္!!!

ဒီလ္ိုမွန္း ဒီသေကာင့္သားကို သူ မကယ္ခဲ့ပါဘူး
။သူလည္း အေတာ္ေဒါပြလာတယ္။
စာလိပ္နက္ကမ႓ာျခားကေန ထြက္လာႏိုင္
ထဲက  အျဖစ္ပ်က္ေတြဟာ ေရ႔ျွဖစ္အိပ္မက္
ထဲကလိုပဲ  ခပ္ျမန္ျမန္ တေသြမတိမ္းလိုက္ျဖစ္ေနၿပီး သူ႔မွာေတာ့ ဒါေတြ ရပ္ေအာင္
ဘယ္လိူလုပ္ရမယ္ ခုထိ မသိေသးဘူး။

ရုတ္တရက္ သူ လည္း ေစာေစာက
အမွတ္မထင္သတိထားမိလိုက္တာတစ္ခုကို သတိရသြား
တယ္။

'' မိုးျပာပ်ံသန္းဂိုဏ္းက
ခ်န္းနင္းနဲ႔ အဆက္သြယ္ရိွေနတုန္းလား''

က်ူးေယာင္ အသံက ျပတ္သားတယ္။
ေလ်ာ္ေၾကးအေနနဲ႔ ပစၥည္းသိမ္းအိတ္ကို
ဝူေဆာင္း
ေပးစဉ္က သူ႔ စိတ္ဝိဉာဉ္အာရံု သူံးၿပီး
တစ္ခ်က္ၾကၫ့္လိုက္ေတာ့ ခ်န္းနင္းရဲ့
ခ်ီဝူ အိမ္ေတာ္ မွာေတြ့ဖူးေသာ ရွားပါး
ေမွာ္ဂါထာ စာလိပ္ေတြ ပါ ပါဝင္ေနတာကို
ေတြ့လိုက္ရတယ္။

ထူးဆန္းေသာ စာလိပ္နက္ကလည္း ခ်န္းနင္း
ဆီက ရတာပဲ။
ထိုအခိုက္တန႔္မွာေတာ့ က်ူးေယာင္၏
သင္းကြပ္လိုေသာ စာရင္းမွာ ေနာက္တစ္ေကာင္ စာရင္းထပ္တိုးလို႔လာတယ္။

'' နတ္ဝိဇၨာ ခ်န္းနင္းလား ''

ယုေလာ္က မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္
လုပ္တယ္။

''   သခင္ ခ်န္းနင္းက
ခု မိုးျပာပ်ံသန္းဂိုဏ္း ရဲ့ နတ္ဝိဇၨာအႀကီး
လုပ္ေနတာ ၾကာၿပီေလ''

''ဘယ္လို ''

ဘာကိစၥ ဒီမယံုၾကည္ရတဲ့ ခပ္ေပါေပါ
ခ်ာခ်ာ ႏိွပ္စက္ခံခ်င္ေနေသာ ေမွာ္သတၲဝါ
ေကာင္ ၾကက္လက္သည္း ခ်န္းနင္းပါ
ပါလာရတာလဲ။

က်ူးေယာင္လည္း အေျခေနအရပ္ရပ္
ကို မရွင္းမလင္းျဖစ္ေနတယ္။

'' ဆရာ ေပ်ာက္သြားတုန္းေတာ့ နတ္ဝိဇၨာ
ခ်န္းနင္းက ထြက္မသြားဘဲ ဆရာ့ျပန္အလာ
ကို ေစာင့္မယ္ဆိုၿပီး ဂိုဏ္းမွာေနေနေတာ့
ခုထိပဲ ... ခုႏွစ္ေတြအတြင္း ဂိုဏ္းမွာလိူအပ္
တာေတြ အကုန္လံုး ျဖၫ့္ဆည္းကူညီေပးတယ္
''

က်ူးေယာင္လည္း မ်က္ေမွာင္ျပန္ကုတ္
သြားတယ္။ ဘာေၾကာင့္ မိူးျပာပ်ံသန္းဂိူဏ္း
ဒီႏွစ္ေတြအတြင္း ျမန္ျမန္ေထာင္တက္လာ
ႏိုင္လဲေတြးေနမိတာ လက္စသတ္ေတာ့
ေနာက္ကြယ္က စပြန္ဆာက ခ်န္းနင္းကိူး။
ခ်န္းနင္းကိုယ္တိုင္က ဒသမဆင့္ ေမွာ္သတၲဝါ
ျဖစ္ၿပီး နတ္ဝိဇၨာ ျပၫ့္စံုဆင့္နဲ႔ တူတာေၾကာင့္
သူ႔ နတ္ဝိဇၨာ ဂုဏ္နဲ႔တင္ ဂိုဏ္းကို အႏိုင္က်င့္ရဲသူ မရိွေအာင္ ဖန္တီးေပးႏိုင္တယ္။  ဒါ့အျပင္
ခ်မ္းလည္း ခ်မ္းသာေသးတယ္။က်င့္ႀကံျခင္းေလာက ရိွ ေရာင္းဝယ္ေရးတစ္ဝက္ေလာက္
ကို ျခယ္လွယ္ေနတဲ့ ခ်ီဝူ အိမ္ေတာ္ကိုလည္း
ပိုင္ဆိုင္ထားတာေၾကာင့္ မိုးျပာပ်ံသန္းဂိုဏ္းက
သူ႔အကူညီကို မယူဘူးဆိုတာ မျဖစ္ႏိုင္သ
ေလာက္ပဲ။

အဓ္ိကအေၾကာင္းရင္းကေတာ့ ဒီ ေမွာ္သတၲဝါ
သူေဌးေကာင္ ခ်န္းနင္းက သူ ကိုယ္တိုင္
ေခၚ လာမိတယ္ဆိုတာပဲ။
ထင္တဲ့အတိုင္းပဲ သူလည္း ကိုယ္ေသတြင္း ကိုယ္တူး
မိခဲ့တယ္။

'' မုန္လာဉ.ေလး..''

ကံဆိုးခ်င္ေတာ့ သူ႔မွာလည္း အခ်ိန္မရိွေတာ့
ဘူး။ ဝူေဆာင္းကို စိတ္တိုေပမဲ့လည္း
သည္ကိစၥအရႈပ္ေတြကို ရွင္းဖို႔ထိ ဂရုမစို
က္အားေတာ့ဘူး။တံခါးပိတ္ က်င့္ႀကံေတာ့မယ့္အေၾကာင္း တပၫ့္ျဖစ္သူကို အသိေပး
ခါနီးမွာပဲ တစ္စံုတစ္ေယာက္က သူ႔ကို
ဆဲြလိုက္တယ္။

ထံုးစံအတိုင္း ယဲြ႔ယင္းက ဘယ္နားက
ေပ ၚ လာမွန္းမသိ သူ႔နားေရာက္လာတယ္။
တစ္ကိုယ္လံုး ေပြပြၿပီး မ်က္ႏွာေသ
မထံုတတ္ေတး ရိွေနဆဲ။

ၿပီးေတာ့ သူ႔ကို ေခၚ ဖို႔ ႀကိဳးစားတယ္။

'' မ .....ေယာင္''

'' #$%......''

ငါ့ကို မ ေယာင္ လို႔ မေခၚပါနဲ႔ဆို။
ငါက ျဖဴစင္ရိုးသားစြာ ရွင္သန္ခ်င္ေနတဲ့
မိန္းမေကာင္းေလးပါကြယ္။
သူ႔နာမည္ကို ဘယ္လိုေခ ၚရမလဲ ယဲြ႔ယင္း
ကို သူသင္ေပးတုန္းက ဘယ္လိုမ်ား
အလဲြလဲြေခ်ာ္ သင္ေပးခဲ့မိပါလိမ့္။

ယဲြ႔ယင္းက စကားဗလံုးဗေထြးေျပာတယ္။
'' မေတြ့...ေယာင္...သြား....နဲ႔''

သို႔ေပသိ က်ူးေယာင္က ေတာ့
သူေျပာတာ နားလည္ တယ္။ သူ႔ကို
လိုက္ရွာရင္း ယဲြ႔ယင္းခုလို ဟိုတိုးသည္တိူး
နဲ႔ေပပြလာတာ။ထင္တဲ့ အတိုင္းပဲ ဒီကေလး
ဟာ မိခင္ကို အလြန္ၾကဴးစဲြလမ္းႏွစ္သက္ေသာ
ေရာဂါ ရိွေနပါတယ္။
အညစ္ေၾကးဖယ္ဂါထာကို သူ႔ကိုယ္ေပၚ
  မန္းမႈတ္ သန႔္ရွင္းေပးရင္း အနည္းငယ္
ေခ်ာ့လိုက္တယ္။သူ႔ တံခါးပိတ္က်င့္ႀကံမယ့္
အေၾကာင္း ယုေလာ္ကို ေျပာၿပီး ေလ့က်င့္ဖို႔
ၫြန္ၾကားခ်က္အခ်ိဳ႕ေပးလိုက္တယ္။
ၿပီးေတာ့ ယဲြ႔ယင္းက္ို သူ႔လက္ထဲအပ္လို႔
ေစာင့္ေရွာက္ရန္မွာလိုက္ၿပီး သူ က်င့္ႀကံခဲ့
ဖူးေသာ ေရကန္ႀကီးေအာက္ေျခက
ေက်ာက္ဂူသို႔ လာခဲ့တယ္။

ဂိုဏ္းခ်ဳပ္ျဖစ္ကတည္းက ဝူေဆာင္း
ဒီတစ္ခါေလာက္ မခ်ိမဆန္႔ေဒါသ မထြက္
ရဖူးဘူး။ သူ ဂိုဏ္းကိုျပန္ေရာက္ေတာ့
ေက်ာက္စိမ္းသစ္ေတာေတာင္
ဆက္ခံသူတပၫ့္ ယုေလာ္ကို လက္ထက္
ခြင့္ေတာင္းရင္း အျငင္းခံရတယ္ဆိုေသာ
သတင္းက တစ္ေလာကလူံးကို ပ်ံ႔ႏွံ႔ေန
ၿပီဆိုတာ ၾကားလိုက္ရတယ္။

အစတုန္းကေတာ့ သူလည္း စိတ္ထဲ
မထားဘူး။ေယာက်ာ္း
တစ္ေယာက္ ဆိုေတာ့ ဂရုမစိုက္ဘူး။
အျငင္းခံရတယ္ဆိုတာက ၾကားမေကာင္း
ေပမဲ့လည္း ကိႁစၥကီးလည္း မဟူတ္ဘူး
လိူ႔ ေတြးတယ္။ သူကအရင္ ယုေလာ္ကို
ေပ ၚ ပ်က္ျပားမိတာေၾကာင့္လည္း
ပါတယ္။

ဒါေပမဲ့ ဘာေၾကာင့္မွန္းမသိ
မၾကာခင္မွာပဲ သူ႔ကို ေတာင္ဘက္ၾကယ္မင္း
ဂိုဏ္းက လာရွာတယ္။ သူတို႔လက္ထဲ
ဂိုဏ္းသစၥာေဖာက္ ရူလုကို လႊဲေပးဖို႔ရာတဲ့။
ထိုအခါမွသာ ကိစၥေတြက ထင္ထားတက္
ပို ရႈပ္ေနေၾကာင္း သူ သိလိုက္ရတယ္။
ဒီႏွစ္ေတြအတြင္းမွာ သူတို႔ဂိုဏ္းဟာ
လ်င္လ်င္ျမန္ျမန္ တိုးတက္လာတာမွန္ေသာ္
ျငားလည္း သက္တမ္းႏုေသးတာေတာ့
အျမန္ပဲမလို႔ အာမခံခ်က္လည္း ႀကီးႀကီး
မားမားမရိွေသးဘူး။

သို႔ေပသိ ေတာင္ဘက္ၾကယ္မင္းဂိုဏ္းဆိုတာ
ႏွစ္သန္းခ်ီ လက္ဆင့္ကမ္းတည္ေထာင္
လာေသာ ဂိုဏ္းႀကီးတစ္ခုျဖစ္သလို
သည္ႏွစ္ေတြထဲမွာလည္း ေနာက္ထပ္
နတ္ဝိဇၨာ တစ္ေယာက္ရိွလာတာေၾကာင့္
ပိုႀကီးက်ယ္လာတယ္။ဘယ္လိုပဲေတြးေတြး
သူတို႔ ဂိူဏ္းအေနနဲ႔ တစ္ဖက္ဂိုဏ္းရန္သူ
အေနနဲ႔ ရပ္တည္ဖို႔မျဖစ္ႏိုင္ဘူး။ထုတ္ေပး
ဖို႔ေတာင္းဆိုတဲ့လူေတြကလည္း နတ္ဝိဇၨာ
သခင္ ခ်ီဟန္ကိုယ္စားလို႔ ဆိုလာၾကတယ္။

ရူလု လုပ္ႀကံခဲ့တဲ့ ေကာင္မေလးက
နတ္ဝိဇၨာ ခ်ီဟန္ရဲ့တပၫ့္မေလးလို႔ ဆိုတယ္။
ဝူေဆာင္းလည္း ဒါနဲ႔ပက္သက္လို႔
သံသယျဖစ္မိေပမဲ့ မုေမ့ယန္ကေတာ့
ရိႈက္ႀကီးတငင္ငိုရင္း သူ႔ကို  မတရားေခ်ာက္ခ်
ခံရတာပါလို႔ ေျပာတယ္။
သူ႔အေနနဲ႔ ဘာေၾကာင့္မ်ား ဆရာတူညီမေလး
ကို ဒုကၡေပးခ်င္ရမွာလဲတဲ့။

အခန္း ၁၂၁ ၿပီး၏။

ေနာက္အပိုင္း>>>> မိုးျပာပ်ံသန္းဂိုဏ္းေနာင္တ

လူထု ေရြးတဲ့ ပါတီက တရားေသာအႏိုင္ရျခင္း
နဲ႔ အႏိုင္ရခဲ့ၿပီမလို႔  ကတိေပးတဲ့အတိုင္း 3 ရက္ဆက္ ေရးပါမယ္။

Continue Reading

You'll Also Like

44.2K 3.6K 16
NASTAVAK PRIČE "ŽELIM LJIBAV" Luka. Ostavljen, razočaran, samohrani otac. Iz sve snage se trudi uspeti biti svojoj bebi i otac i majka. Adriana. Sam...
92.1K 7K 28
ချစ်ခြင်းတစ်ခုကို ခပ်ချိုချို အီစိမ့်စိမ့်ဖတ်ချင်ပါသလား မရိုးမရွ အားမရ ဝတ္ထုထဲဝင် ​စေ့စပ်ချင်တဲ့အထိ ဖတ်ချင်ပါသလား ဒါဆို သင်​နေရာမှန်ပါပြီ ခ်စ္ျခင္းတစ...
384K 63.1K 105
ဝတၳဳေပါင္း ဇာတ္​လမ္​းေပါင္​း ေျမာက္​မ် ားစြာကေန ျဖစ္​ေပၚလာတဲ့ ေလာကေတြ ကမၻာေတြဆီကို သြားလို႔ရတယ္​လို႔ စိတ္​ကူးၾကည္​့ပါလား။ သင္​သာဆိုရင္​ ဘယ္​ဇာတ္​ရုပ...