အခန်း(၇၈)ငါပြန်လာပြီ

6.8K 1K 150
                                    

ဒီတစ်ခါတော့ အပေါက်နက်က အရင်တစ်ခါက
လို ဆွဲငင်အားတွေ မရှိတော့ဘူး။ မျက်စိတစ်
မှိတ်အတွင်းမှာပဲ သူတို့တွေ ပင်လယ်ကမ်းခြေ
တစ်ခုကို ရောက်နေပြီ။

လေထဲမှာ ချီ ပြည့်နှက်နေတာမလို့ လေရှူ လိုက်
တာနဲ့ကို ကျူ းယောင် အသက်ပြန်ရှင်လာသလို
ခံစားရတယ်။

ငါ ပြန်လာပြီကွ!!

သူတို့အရင်ထွက်လာတဲ့.ဖန်းရီကတော့ မြေပြင်
မှာ.တရားထိုင်ရင်းနဲ့ ချီ ပြန်ဖြည့်ဖို့.ကြိုးစား
နေတယ်။

ကျူ းယောင်လည်း ဖန်းရီပုံစံအတုယူကာ ထိုင်
ချလိုက်ရင်း တရားထိုင်ဖို့.ကြိုးစားတယ်။
ဘေးက ကျီတန်ကတော့ သူတို့.နှစ်ယောက်
အဖို့.ကာကွယ်ရေးဂါထာတွေ ချ ပေးနေတယ်။

ဆယ့်ငါးမိနစ်လောက်ရှိတော့.အားလုံးရဲ့.
မျက်နှာတွေက ပန်းနုရောင် သမ်းလာကြတယ်။

ဖန်းရီက မတ်တပ်ထရပ်လိုက်ရင်း ကျူ းယောင်
ကို တစ်ချက်ငဲ့ ကြည့်လိုက်တယ်။ဘေးချ
ထားတဲ့ သူ့လက်က လက်သီးဆုပ်မိလျက်သား
ုဖြစ်နေပြီး သူ့ကြည့်ရတာ တစ်ခုခုကို တုံ့ဆိုင်း
နေသလိုပဲ။ နောက်ဆုံးမှာတော့ ကျူ းယောင်
နားကို လျှောက်လာတယ်။မာန်မာနကြီးတဲ့ ပုံရိပ်
တစ်စိတောင် မရှိတော့ဘူး။

'' ငါ့ ကို ကယ်တဲ့ အတွက် ကျေးဇူး တင်ပါ
တယ်''

ဖန်းရီက သူ့ကို အသေချာကို ကျေးဇူးတင်နေတာ
ကြည့်ရင်း ကျူ းယောင်လည်း နည်းနည်း
ရှက်လာတယ်။

''ရပါတယ်....ဂိုဏ်းချုပ်က ကယ်ခိုင်းလို့
လာကယ်ရတာပဲလေ''

'' ဘယ်လို ပဲ ဖြစ်ဖြစ် ငါ.မင်းကိူ ကျေးဇူး
တင်တုန်းပဲ''

ဖန်းရီက သူ့မျက်လုံးတည့်တည့်ကို ကြည့်တယ်။

''မင်း ဖြစ်ချင်တာ.တစ်ခုခုရှိရင် ပြောလေ..
ငါ တတ်နိုင်သမျှ အကုန်လုပ်ပေးပါ့မယ်''

''တစ်ကယ်ကြီးလား''

ကျူ းယောင်လည်း တစ်စုံတစ်ခုကို တွေးမိသွား
တယ်။

ဖန်းရီက ခေါင်းညိတ်တယ်။

''ဒါဆို...ကျတော့်ကို ရေဝိညာဉ်ပေးပါ''

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now