အခန်း(၂)ကျင့်ကြံသူတို့ရဲ့ တပည့် ရွေးပွဲ

13.7K 1.2K 24
                                    

ကျင့်ကြံသူတို့ရဲ့ တပည့်ရွေးချယ်ပွဲကြောင့် ထင်တယ် မိဘတော်တော်များများက သူတို့ ကလေးလက်ကို ဆွဲပြီး ြမို့ကို ဦးတည် သွားနေကြတယ်။အားလုံးက စိတ်လှုပ်ရှားစွာနဲ့ ကျင့်ကြံသူတွေ ရောက်လာတာနဲ့ သူတို့ တပည့်ရွေးချယ်မှု အကြောင်းကို စိတ်ဝင်တစား ဆွေးနွေးနေကြတယ်။

ကျူ းယောင်တစ်ယောက် ထိုလူလိမ်တွေကို တစ်ကယ်ပဲ ချီးကျူးးနေမိတယ် သူတို့တွေ လူတွေရဲ့ ယုံကြည်မှုရအောင် လုပ်နိုင်လို့။

ကျူ းရွာက မြို့ နဲ့ သိပ်မဝေးတဲ့အတွက် ခြေလျင်တစ်နာရီအတွင်း သူတို့တွေ မြို့တံခါးဝကို ရောက်လာပြီ။လူတွေအတော်များများက ြမို့ထဲဝင်ဖို့
ကြိုးစားနေကြတာမလို့ ကောင်စုတ်လေးလက်ကို သေချာကိုင်ထားရတယ် ပျောက်မသွားရအောင်။ကောင်စုတ်လေးက သူ့လက်ကို မတွန်းလွှတ်ဘဲ အကိုင်ခံတယ် မျက်မှောင်ကြီးတော့ ကျုံု့နေသေးတယ်။

နောက်ဆုံးတော့ သူတို့နှစ်ယောက် ရွေးချယ်ပွဲလုပ်တဲ့ နေရာကို ရောက်လာတယ်။လူတွေအများကြီး ရောက်နှင့်နေပြီ။လူအုပ်အလယ်မှာ
စင်မြင့်တစ်ခု ဆောက်ထားတယ်။ပြီးတော့ စင်ပါ်မှာ လူလေးယောက်ရှိနေတယ်။

သူတို့လေးယောက်က အနားသတ်မှာ တိမ်တိုက်လိုသင်္ကေတတွေထိုးယှက်ထားတဲ့ အဖြူရောင်ဝတ်စုံတွေကို ဝတ်ဆင်ထားကြတယ်။တကယ့်ကို ကြီးကျယ်မြင့်မြတ်မှုကို ခံစားကြရတယ်။
မထင်မှတ်တာက သူတို့လေးယောက်က အတော်ကို ငယ်ရွယ်ကြသေးတယ်။သူမစိတ်ထဲ
မုတ်ဆိတ်အဖြူရောင်နဲ့ ဘိုးတော်ကြီးလို့
မှန်းထားခဲ့တာလေ။အဲ့လူလိမ်တွေက သူတို့အလုပ်ကို အရမ်းကျွမ်းကျင်တာပဲလို့ စိတ်ထဲက
ချီးကျူးးမိပြန်တယ်။

တကယ့်ကို ဝါရင့်သဘာရင့်တွေ ပဲ။

သူတို့ရဲ့ တူညီဝတ်စုံတွေကို ကြည့်ရင်း သူတို့တွေဟာ အဖွဲ့အစည်းတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း ဆိုတာသိသာတယ်။ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေလည်း ရှိပုံရတယ်။သူတို့ရဲ့ဝါကြွားနေတဲ့ပုံစံကို ကြည့်ရင်ကို လူတော်တော်များများ အရူးလုပ်ခံရမှာ သေချာတယ်။အားလုံးက သူတို့
ကလေးလက်တွေကို ဆွဲပြီး စင်ရှေ့မှာတန်းစီနေကြတယ်။တကယ့်ကို လူတန်းရှည်ကြီးပဲ။


နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now