အခန်း(၁၁၈)​ရှောင်လွှဲမရသောရှေ့ဖြစ်များ

2.8K 556 48
                                    

Unicode

''အင်း''

ကျူးယောင်လည်း ခေါင်းညိတ်လိုက်တယ်။
ဒီတစ်ကြိမ် သူ့ဆရာ ခိုးနမ်းစရာမလိုဘဲ
သူကပဲ အလျင် အာဘွားပေးရင်း တင်း
တင်းကျပ်ကျပ် ဖက်ထားလိုက်တယ်။
ကျူးယောင်လည်း ခေါင်းကို မြန်မြန်ညိတ်လိုက်တယ်။ဒီတစ်ကြိမ်မှာတော့ ယုယန်ခိုးနမ်းစရာ မလိုဘဲ ကျူးယောင်ကဘဲ ရွတ်ခနဲ နမ်းလိုက်ပြီး.တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ်။

အလင်းထဲ ဆန်တက် ပျောက်ကွယ်သွားခါနီးမှာတော့ ဒီလို မှာခဲ့တယ်။

''တစ်ခုခု လိုအပ်ရင် ဆရာ ကို ခေါ်လိုက်ပါ။''

နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားတယ်။
   

ကျူး ယောင်လည်း
မြေပြင်မှာရပ်လို့ ကျန်ခဲ့တယ်။
သူ့လက်ထဲမှာတော့ ရင်းရင်းနှီးနှီး ကို ရှိနေသော
ကျောက်စိမ်းပြားလေး။
ကျူးယောင်လည်း မနေနိုင်ဘဲ ပြုံးမ်ိတယ်။
အရင်လိုပြန်လည် ငြိမ်သက်သွားသော
ကောင်းကင်ကို မော့ကြည့်မိတယ်။
နည်းနည်းကြာမှ ကြည့်တာကို ရပ်တန့်လိုက်တယ်။

အိမ်ထဲ ပြန်လျှောက်ဝင်လာတော့ အနည်း
ငယ် တုန်လှုပ်သွားရတယ်။ သူအိပ်နေစဉ်
ယုယန် ခြုံပေးသွားတဲ့ ပိုးဖဲအလွှာစ
အပါးကို လေးကို ကြည့်ရင်း
တွေးမိကာ နောင်တတွေ
တသီကြီး ရသွားတယ်။

လခွမ်း! ဒီလောက်ကောင်းတဲ့
ရေကန်အသင့်ကြာအသင့် အခွင့်ရေး
ကြီး ရနေတာကို သူ လွတ်သွားရသလား။
အကြာကြီးနေမှ ဆရာ့ကို ပြန်မြင်ရတာလေ။
အမှန်က ယုယန်ကို တွန်းလှဲပြီး ဘာဘာညာညာ
ခဲ့ရမှာ။ အမှန်တရားတွေ ၊လောကသဘာဝ
ကြီးကြီးကျယ်ကျယ်တွေ ပြောဖို့ပဲ သတိရ
ပြီး အရေးကြီးဆုံးကို မေ့နေခဲ့ရသလား။

ဆရာရေ၊ တစ်ခေါက်လောက် ပြန်ဆင်း
လာပါဦး။

မက်မွန်တောထဲ ၇ ရက်နေပြီးနောက်မှာတော့
နှမ်းလေး ပြန်နိုးလာတယ်။ထို့နောက်
တစ်လကြာမှာတော့
ယွဲ့ယင်းပါ ပြန်သတိရလာတယ်။ ချိပ်ပိတ်
ကမ္ဘာမှာတုန်းက သူရခဲ့သော ဒဏ်ရာတွေက
အပြင်းထန်ဆုံးပေမဲ့လည်း ဆရာ့ ပြစုကုသ
ပေးမှုကြောင့် လုံးဝပြန်ကောင်းခဲ့ပြီ။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now