အခန်း(၆၈)အလုပ်မရှိကြောင်ရေချိုး

7.1K 874 89
                                    

(အပေါ်ကပုံက တောင်ပေါ် နှင်းဆီကို
အခိုးငွေ့မည်းတွေ ခိုးသွားတာနော့်😁)

သေချာစဉ်းစားကြည့်တော့တစ်ကယ်ကို ဖြစ်
နိုင်တယ်ဆိုတာ ကျူ းယောင် တွေ့ရှိရတယ်။
ဝိညာဉ်ကြော ငါးခု ပိုင်ရှင် တစ်ယောက်က
ကျင့်ကြံဆင့် မြှင့်ချင်တယ်ဆိုရင် ဝိညာဉ်ကြော
ငါးခု လုံးအတွက် ချီ တွေကို တစ်ပြိုင်နက်တည်း
မှာ မျှတအောင် ယူဆောင်နိုင်ရမယ်။နှစ်ခုဆို
ရင် နှစ်မျို းယူရမှာ ဖြစ်ပြီး သုံးခုဆို သုံးမျိူ း
ယူရမှာ ဖြစ်တယ်။ရှောင်ရီက သစ်သားနဲ့
သတ္ထု ဝိညာဉ်ကြော ပိုင်ရှင် ဖြစ်ပြီး ဟိုတစ်လော
က သတ္ထု  ချီ ပရမ်းပတာ ဖြစ်မှုကြောင့် သူ
့မှာ သတ္ထု  ချီ အမြောက်အမြား  ကိုယ်ထဲ
ရှိနေပေမဲ့ သစ်သား ချီ ယူဖို့ သစ်သားဝိညာဉ်က
မရှိ နေပြန်ဘူး။သူ့အနေနဲ့ နတ်ဝိညာဉ် ဖြစ်
ပေါ်ဖို့ ထိုအသုံးမကျတော့တဲ့ သစ်သားဝိညာဉ်
ကို ဖယ်ရှားပစ်မှဖြစ်တော့မယ်။

နောက်ဆုံးကျတော့ ရှောင်ရီဆိုတာ ဒီလောက
ရဲ့ အဓိက ဇာတ်ဆောင်ပဲမဟုတ်လား။သူ့
အတွက် ကံကောင်းမှုနဲ့အခွင့်ထူးတွေဆိုတာ
အမြဲ ပြည့်နှက်နေတယ်။

အရင်အကြောင်းကို ပြန်တွေးမိတော့ ထိုတုန်းက ရှောင်ရီက ကောင်းကင်စည်းချက် ကြာပွင့်ကို ဖွက်ထားခဲ့လို့ မီးရေယဉ်ပါး မှော်သတ္တဝါ က
သူမတစ်ကိုယ်လုံးကို အပေါက်ဗလပွ ဖန်တီး
ပေးခဲ့တယ်လေ။ပြီးတော့ သေတောင်သေတော့
မလို့။အဆုံး အကျိူ းခံစားရတာ ရှောင်ရီ။

ထင်တဲ့အတိုင်းပဲ သူမက မယားငယ်က မွေးလာတဲ့သမီး ဖြစ်ရမယ်။ ဟုတ်ကို ဟုတ်တယ်။

(TN: ဇာတ်ကားထဲ မယားငယ်သမီးဆို
အနှိမ်ခံလေးပေါ့..LOL)

လူစုံပြီဆိုတာတွေ့ရတော့ ဇီမိုလည်း ခန်းမတံခါး
ကို ဖွင့်ခိုင်းပြီး ဂုဏ်ပြုပွဲလာတဲ့ ဂိုဏ်းဂဏအသီး
သီးကို ဝင်စေတယ်။

အချက်ပေးသံ မြည်သွားပြီး ခဏအတွင်းမှာပဲ
ဂိုဏ်းအသီးသီးက ဧည့်သည်တွေက တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြတယ်။ဂိုဏ်းအသီးသီးက နတ်ဝိညာဉ်အဆင့် အကြီးကဲတွေသာမက သူတို့ ဂိုဏ်းရဲ့ လက်တိုလက်တောင်း
ခိုင်းစေဖို့ အတော်ဆုံး တပည့်တွေကိုလည်း
ခေါ်ဆောင်လာတယ်။ပထမဆုံး သူတို့တွေက
နတ်ဝိဇ္ဇာ သုံးယောက်ဆီ သွားတယ်။နှုတ်
ဆက်တယ်။ ရှောင်ရီကို ယဉ်ကျေးပျူ ငှါ
ဟန်ဆောင်စွာ ပြောကြမယ်။ပြီးတော့ ဇီမို
စီစဉ်ပေးထားတဲ့ တပည့်တွေက ဧည့်ခံဖို့
ခေါ်သွားမယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now