အခန်း(၄၁)တပည်နဲ့မကစားပေးရင်သေတတယ် ၁

7.8K 840 70
                                    

၄၁dd
(Thank to Invisible clover for pics😁)
ပထမတစ်​ဝက်​...

ကျူး​ယောင်​က​တော့ ​ဆော့စရာ အသစ်​ရလိုက်​သလိုပဲ။သူ့ခန္ဓာကိုယ်​ ​နေရာတိုင်းကို ကျုံ့လိုက်​ ကျယ်​လိုက်​နဲ့ ။

အာ! ​နေပါဦး သူမကိုယ်​ သူမ ​ပူ​ဖောင်းလို ခံစား​ရတယ်​။သူမ ​လေမှုတ်​သွင်းလိုက်​တဲ့ ​နေရာတိုင်းက ​ဖောင်းလာတာ။

ကိုယ့်​ဘာသာ ​ပူ​​ဖောင်းမှန်း သိသွား​တော့ ကျူး​ယောင်​ ခမျာ မျက်​ရည်​​တောင်​ ကျချင်​ချင်​။
သူ့ကိုယ်​ထဲက ​လေလုံးကြီးက မ​လျှော့သွားဘဲ ပို​တောင်​ ကြီးကြီးလာသလိုပဲ။သူမလည်း ​လေလုံးကို ခန္ဓာ ကိုယ်​ ​နေရာအနှံ့ ကို အညီမျှ ပို့ပြီး ဖြန့်​ထုတ်​ဖို့ ကြိုးစားလိုက်​တယ်​။

ဒီလို လုပ်​တာက တစ်​​နေရာထဲ ပို့ရတာထက်​ကို
ပို အချိန်​ကုန်​တာပဲ။သူမ ဒီလိုလုပ်​တာ နှစ်​နာရီ​​ဆကျာ် ​ကြာမှ ပြီးတယ်​။ပြီးလည်းသွား​ရော
သူမကိုယ်​က ဆယ့်​​ငါးနှစ်​ ဆယ့်​​ခြောက်​နှစ်
မန်းမပျို ​လေးကိုယ်​လုံးရလာတယ်​။

တစ်​ညထဲနဲ့ ကြီးသွားတာ!တကယ့်​ကို ​စိတ်​ကူးယဉ်​ ဆန်​လွန်းတယ်​။

သူ့မကိုယ်​ကို ​သေချာစစ်​ကြည့်​လိုက်​​တော့ အားလုံးက ပုံမှန်​ပဲ။ချိုင့်​ ရမယ့်​​နေရာ​တွေက ချို့င့်​​နေပြီး ​ဖောင်းရမယ့်​ ​နေရာ​တွေ က​တော့...

ချိုင့်​​နေတယ်​။အ​တော်​ကို အဓိပ္ပါယ်​မရှိတာပဲ။

ကျူး​ယောင်​လည်း သူမရင်​ဘတ်​က မဖွံ့ထား​သေးတဲ့ ​ပေါက်​စီ​သေးနှစ်​လုံးကို တိတ်​တဆိတ်​ ကြည့်​ရင်း ရုတ်​တရက်​ အကြံရလာတယ်​။သူမ ကိုယ်​ကို ပုံ​ပြောင်း​အောင်​ ​လေမှုတ်​သွင်းပြီး ထိန်းချုပ်​နိုင်​တယ်​ဆို​တော့ သူမမှာ လွတ်​​နေတဲ့ တစ်​ချို့ ​နေရာ​လေး​တွေကို ပြန်​ ပြီး ပြင်​နိုင်​တယ်​လို့ ဆိုလိုတာပဲ မလား!

ကျူး​ယောင်​လည်း ​တွေးမိပြီး အ​တော်​​လေး စိတ်​လှုပ်​ရှားလာတယ်​။ချက်​ချင်းပဲ ​လေလုံးကို ထိန်းချုပ်​ရင်း သူမ ရင်​ဘတ်​ဆီကို တွန်းဖို့ ကြိုးစားတယ်​။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now