အခန်း(၁၇)ပြုတ်ကျလာတဲ့ဖက်တီးလေး

7.4K 1K 33
                                    

၁၇

မြေပြင်ပေါ်က ကိုယ်ထည်က လုံးဝ အသက်မရှုတော့ဘူး လှုပ်လည်း မလှုပ်တော့ဘူး
ခေါင်းကလည်း သွေးတွေ တရစပ်ထွက်နေပြီး
ခဏနေတော့ မြေပြင်တစ်ဝိုက်လုံး သွေးတွေ ရွဲသွားတယ်။သူမ အသက်နှစ်ဆယ့်ရှစ်နှစ်မှာ
ဒီလို ပထမဆုံး ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို
မြင်ရတာပဲ။လဲနေတဲ့ ကိုယ်လုံးလေးကလည်း အသက်၁၀ နှစ်ပဲ ရှိသေးတဲ့ ကောင်လေး။
''ဖက်တီးပုတ် ကျူး''
ကောင်စုတ်လေးက မြေပေါ်မှာလဲနေတဲ့ သူကို
ချက်ချင်းမှတ်မိပြီး အော်လိုက်တယ်။အဲ့ကျမှပဲ ကျူးယောင်လည်း အသိဝင်လာပြီး ကောင်စုတ်လေး မျက်လုံးတွေကို လှမ်းဖုံးလိုက်တယ်။ပထမတော့ နည်းနည်းရုန်းတယ်။နောက်တော့ သူမ ရင်ခွင်ထဲမှာ ခေါင်းဝှက်ထားပြီး ကောင်စုတ်လေးက အသံမထွက်တော့ဘူး။သူလည်း ကြည့်ရတာ လန့်သွားပုံပဲ။

သူမလည်း လန့်သွားတယ်။လဲနေတဲ့ကလေးက သူမ ကျောက်စိမ်းပြား လာယူတုန်းကတွေ့ခဲ့တဲ့ ဖက်တီးလေး။တစ်လအတွင်းမှာပဲ ဒီဖက်တီးလေး သတိလစ်သွေးထွက်ပြီး သူမရှေ့မှာလဲနေလိမ့်မယ် လို့ မထင်ထားခဲ့မိဘူး။ဆယ်လှမ်းအကွာလောက်မှာ နောက်ထပ် ကလေးတစ်ယောက်ရပ်နေတာကို တွေ့လိုက်ရတယ်။သေချာကြည့်လိုက်တော့ ရင်းနှီးနေတဲ့ မျက်နှာလေး။ဝိညဉ်ကြောနှစ်ခုနဲ့ သူတောင်းစားလေး ရှောင်ရီ။ကောင်လေး ရင်ဘတိကြီး နိမ့်လိုက်မြင့်လိုက်ဖြစ်အောင်ကို အသက်ရှူသံတွေပြင်းနေပြီး လဲနေတဲ့ ဖက်တီးလေး ကို စိုက်ကြည့်နေတယ်။
ရှောင်ရီလေးရဲ့ အကျီၤဖြူကလည်း လုံးဝကို စုတ်ပြဲနေပြီး ဒဏ်ရာတွေလည်း ပြည့်နေပြီး သွေးတွေ စိမ့်ထွက်နေတယ်။သူ့မျက်လုံးထဲမှာလည်း ရန်လိုမှုတွေ ပြည့်နေတယ်။လက်ထဲမှာလည်း သွေးစွန်းတဲ့ ဓားရှည်ကို ကိုင်ထားတုန်းပဲ။မပြောဘဲနဲ့ကို သူဘာလုပ်လိုက်လဲ သိနေပြီ။
ဆူူညံသွားပြီး တပည့်တော်တော်များများက ဘေးနားဝိုင်းလာကြတယ်။

''ရဲတင်းချက်... ဂိုဏ်းသားအချင်းချင်းကို ထိခိုက်ဒဏ်ရာရအောင်လုပ်တယ်''

တုယန်ချန်က ပထမဆုံး စပြောလိုက်တယ်။ပြီးတော့ တစ်ချက်ခုန်လိုက်ရင်း ရှောင်ရီရှေ့ရောက်သွားကာ သူ့လက်ထဲက ဓားကို ကန်ထုတ်လိုက်တယ်။ပြီးတော့ သူရဲ့ ဓားကို ဆင့်ခေါ်လိုက်ပြီး ရှောင်ရီကို ဖမ်းထားလိုက်တယ်။သူတို့ဘက် ပြေးလာနေတဲ့ တခြားတပည့်တွေကို လှည့်ပြီး ပြောလိုက်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now