အခန်း(၁၁၂)ပိုက်ဆံရှာတော်တဲ့ချန်းနင်း

3.6K 651 27
                                    

ခုတော့ သူ့နဲ့အတူ ဓားပျံပေါ်မှာ မုန်လာဉလေး
ယွဲ့ယင်းလိုက်တာကြောင့် ပျံသန်းနှုန်းကို
လျော့ချလိုက်တယ်။ တောင်ဘက်ကြယ်မင်း
ဂိုဏ်းက စီစဉ်ပေးတဲ့ လှေပျံလောက်နီးနီး
ကိုနှေးသွားတယ်။လိပ်စီးသွားသလိုပါပဲ။

မုန်လာဉလေးကို မိုးပြာပျံသန်းဂိုဏ်းမှာ
ထားခဲ့ဖို့အတွက် ကျူးယောင်လည်း ဂိုဏ်း
ဘက်ရှိရာကို ဦးတည်လိုက်တယ်။

လမ်းကြုံတယ် အတူလိုက်ပါရစေဆိုပြီး အကြောင်းပြချက်နဲ့
အရှက်မရှိတဲ့ မှော်သတ္တဝါ တစ်ကောင်ဟာလည်း
နောက်ကနေ တတန်းလန်းလန်း လိူက်လာတယ်။

မကြာခင်မှာပဲ လမ်းခုလတ်မှာ နတ်အမြူတေ
အဆင့် ကျင့်ကြံသူတစိယောက်နဲ့တိုးတော့တယ်။

ချန်းနင်းကြည့်ရတာ ထိုလူကို သိနေပုံပဲ။
အဝေးကနေ မြင်ကတည်းက မျက်မှောင်
တကြုတိကြုတ်နဲ့ ရန်လိုနေပုံတောင်ပေါက်တယ်။

''သခင် ''

ထိုကျင့်ကြံသူက တွေ့တွေချင်းပဲ ချန်းနန်း
ကို ဂါရဝပြုရင်းနှုတ်ဆက်တယ်။ဘေးက
ကပ်ပါလာတဲ့ ကျူးယောင်ကို တစ်ချက်
တောင်မကြည့်ဘူး။သူ့ပုံစံကလည်း မာန
တစ်ခွဲသားရှိသူပုံစံပဲ၊

''  မှော်ဝင်ရတနာ ပြပွဲအတွက် အကုန်
ပြင်ဆင်ပြီးပါပြီ မှော်ဝင်ရတနာကျွန်းကို
သွားပြီး သခင်ကိုယ်တိုင် ကြည့်ပါမလား''

'' မသွားဘူး ''

ချန်းနင်းက အေးစက်စွာနဲ့ ငြင်းပယ်လိုက်တယ်။

ချန်းနင်း သည်လိုပြောမယ်လို့ ထိုလူက
မမျှော်လင့်ထားပုံပဲ။ချက်ချင်းပဲ မယုံကြည်
နိုင်ပုံ ပေါ် လာတယ်။

ခဏအကြာမှသာ သတိပြန်ဝင်လာပြီး
ချန်းနင်းကို ထပ်ဆွယ်တယ်။

'' သခင်...အရင်နှစ် မှော်ဝင်ရတနာပြပွဲတွေ
အကုန်လုံးကို သခင်ပဲ ကြီးကြပ်လာတာပါ
လူပေါင်းစုံလည်း လာကြမှာပါ သခင်သာ
သည်နှစ်ပွဲကို မကြီးကြပ်ပေးရင် ပြပွဲမှာ
အကုန်ဝရုန်းသုန်းကားဖြစ်နိုင်ပါတယ်
ဆက်ပြီး ကျင်းပဖို့အခက်ခဲဖြစ်ပါလ်ိမ့်မယ်''

'' ဒါဆိုလည်း ဆက်ကျင်းပမနေနဲ့ပေါ့''

ထိုလူလည်း အံ့သြလွန်းမက အံ့သြပြီး
သူ့နားသူမယုံနိုင်ဖြစ်သွားတယ်။သူ့သခင်
ချန်းနင်းကို ကြည့်တော့လည်း စကား
လုံးကို အော်ဟစ်ပြောဆိုနေသလို ပုံ
ပေါက်နေတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now