အခန်း(၉၃)နာမည်ပေးခြင်းအစဉ်လာ

6.9K 1K 34
                                    

နောက်တစ်ရက် မနက်မှာတော့.ကျူ းယောင်
လည်း ဇီမို့ကို တန်းသွားရှာပြီးနောက်မှသာ
သန့်စင်
ယင် ခန္ဓာကိုယ် ဆိုတာ ဘာလဲ သေချာသိရ
တော့တယ်။

(TN: ယင် ဆိုတာ.အမဓာတ်နော်...😁)

သန့်စင် ယင် ခန္ဓာ ကိုယ်ဆိုတာက ရေဝိဉာဉ်
ကြောတစ်ခုတည်းသာ ပါတဲ့ သူတွေကို ဆိုလို
တာဖြစ်တယ်။ ရေရဲ့သဘောသဘာဝကိုက
နူးညံ့တိမ်းညွတ်လွယ်တဲ့သဘောရှိတာမလို့
ရေဝိဉာဉ်ကြော ပိုင်ဆိုင်သူတွေဟာ ဒဏ်ရာ
အနာတရ ကုတဲ့နေရာမှာ ပိုပြီး ထူးချွန်ထက်
မြက်ကြတယ်။

အွန်လိုင်းဂိမ်းသဘောတရား အရ ပြောရရင်
သူမက ဂိမ်းအဖွဲ့မှာ
ခေါင်းဆောင်လုပ်နိုင်လောက်တဲ့
အရည်ချင်းမျိုးကို ပိုင်ဆိုင်ထားတယ်။ခက်တာ
က.ကျင့်ကြံခြင်းလောကဆိုတာက အစုဖွဲ့လိုက်
ဝင်စီးတာတွေ ရန်သူ့တပ်ကို စုပေါင်းဝင်တိုက်
ရတဲ့ ဂိမ်းကစားနည်းမှ မဟုတ်တာ။ ပြီးတော့
ရေဝိဉာဉ် ကြော ပိုင်ရှင်က ကုသပေးတယ်ဆို
တာက.သူရဲ့ ရေ ချီ ကို ဒဏ်ရာရသူထဲ သွင်း
ပေးခြင်းဖြင့် ကုသပေးတာဖြစ်တယ်။
ချီ ကို သွင်းပေးခြင်းဟာ.မြန်ဆန်ပေမဲ့လည်း
ဒီ နည်းလမ်းဟာ အန္တရာယ်အတော်လည်း.များ
တယ်။ ချီ ဓာတ်ငါးမျိုး ဟာ.တစ်ခုနဲ့တစ်ခု မျိူ းမ
တူတဲ့အတွက် မှားသွင်းမိရင် ကုသပေးခံရသူ
ကိုယ်ထဲမှာ.ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ကုန်ပြီး
ကုသခံရသူကို မပျောက်ကင်းစေဘဲ မြန်မြန်
တောင် သေသွားစေနိုင်တယ်။

ဒါကြောင့် သူတို့ရဲ့ ဖန်းရီ ကယ်ဆယ်ရေးအဖွဲ့ထဲ
ကို ဖန်းရီနဲ့ ဝိဉာဉ်ကြော တူတဲ့ ကျူ းယောင်ကို
ထည့်လိုက်တဲ့အခါ ဘယ်သူကမှ မကန့်ကွက်ခဲ့တာ
ုုဖြစ်တယ်။ နှစ်ယောက်လုံးက သစ်သားဝိဉာဉ်
ကြောမလို့ အချင်းချင်းကုသပေးလို့ ရနိုင်တယ်။

သို့ပေမဲ့ ထို မျိုးမတူ လျှင် သွင်းမရဆိုတဲ့ ဥပဒေ
သက ရေ ဝိဉာဉ်ကြောအပေါ်တော့ မသက်ရောက်
ဘူး။ရေ ရဲ့ သဘောကိုက သိမ်မွေ့တာမလို့
ချီ ငါးမျိူ းထဲ အတည်ငြိမ်ဆုံး ချီ လည်းဖြစ်တယ်။
ဒါကြောင့် ရေ ချီ ကို သွင်းပြီး ကုသပေးမယ်ဆို
ရင် ကုသခံရသူက ဒဏ်ရာပျောက်ကင်းရုံတင်
မကဘဲ သွင်းပေးလိုက်တဲ့ ရေ ချီ တွေဟာ
ဒဏ်ရာရသူရဲ့ ချီ အမျိုးစားအဖြစ် ပြောင်းလဲ
သွားပြီး ထိုသူ့အတွက် ချီ တောင် ပိုတိုးပွား
လာစေတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now