အခန်း(၄၀)သမိုင်းဦးမတိုင်​ခင်​​ခေတ်​က ဘီလူး​​လေး

7.8K 1K 45
                                    

40 Dd

(ခေါင်းစဉ်က တမျိုးကြီးပဲနော်..😓
ကိုယ်လည်း သိပ်နားမလည်ဘူး..
😁 ခွဲ မရေးထားပါဘူးနော်...
ပြီးတော့..cmt တွေ reply ပြန်ဖို့ မေ့သွားရင်
Sryပါ..😰ခုတစ်လောက ကိုယ်ရေးနေတဲ့
BLထဲပဲ မျောမျောနေလို့..)

အလိုလျောက်တုံ့ပြန်မှုဆိုတာ လူတစ်ယောက်ကို သေရေးရှင်ရေး.ဖြစ်သွားစေနိုင်တယ်။ဘာကြောင့်လဲဆိုတော့ မင်းကို မပြောသင့်တာတွေ မလုပ်သင့်တာတွေ လုပ်မိစေပြီး မင်းကို မင်း အထိန်းချုပ် လွတ်သွားတတ်စေလို့။

ကျူ းယောင်ရဲ့ အမှတ်မထင် ထွက်လာတဲ့ စကားတစ်ခွန်းက သူက ကျူ းယောင်ဖြစ်ကြောင်းကို ဆရာက ဖော်ထုတ်လိုက်နိုင်တယ်။

ကျူ းယောင်လည်း ရှက်လွန်းလို့ စောင်နဲ့ မျက်နှာကို ဖုံးထားလိုက်တယ်။ဘယ်သူ့မှ မကြည့်ရဲဘူး။

''အကြောင်းပြချက်က''

စောင်ထဲပုန်းဖို့ကြိုးစားနေတဲ့ သူရဲ့ ခပ်ထုံထုံ တပည့်ကို စောင်ကနေ ဆွဲလှန်လိုက်ပြီး သေချာ
စိုက်ကြည့်နေတယ်။

မနေ့က သူ့ တပည်ကို လူမှားပစ်သွားတဲ့
ခရမ်းပြာ ကိုးမျို ုးမိုးကြိုး ကို က အရင်တုန်းက
သူ့တပည့််ရဲ့ အခြေတည်ဆင့်ညတွင်းချင်း
ရောက်စေတဲ့ ချီ မုန်တိုင်းကို သတိရစေတယ်။
ဒါကြောင့် သံသယနည်းနည်းရှိတာကြောင့်
သူ့တပည့်ရဲ့ နာမည်ကို ခေါ်ကြည့်လိုက်တာ
မထင်မှတ်ဘဲ တစ်ကယ်ပဲ သူမ ဖြစ်နေတယ်။

ကျူ းယောင်လည်း သနားစဖွယ်
အမူရာလေးလုပ်ဖို့
ကြိုးစားပေမဲ့ ရုပ်သေလေးပဲ အမြဲပြနေတာ
ကြာပြီမလို့ ရုပ်သေလေးပဲ ဆက်ပေါ်နေတယ်။
သနားစဖွယ် အမူရာက ပေါ်မလာဘူး
။ဒါကြောင့် သူမရဲ့ လက်သေးသေးလေး နှစ်ဖက်ကိုပဲ ဝေ့ယမ်းနေတယ်။

''ဆရာ...''

ယုယန်က အမူရာ မပြောင်းလဲဘဲ သူမကိုပဲ
စိုက်ကြည့်နေတယ်။

ကြည့်ရတာ ချစ်စဖွယ်ကလေးငယ် အမူရာ လုပ်တာလည်း အသုံးမဝင်ဘူးပဲ။

''တပည့် လည်း ဘာကြောင့်မှန်းမသိပါဘူး''
ကျူ းယောင်လည်း ခေါင်းလေးငုံရင်း သူ့ အမှားကို ဝန်ခံတယ်။သူ့လက်သန်းလေးတွေက လှည့်ပတ်နေရင်း

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Dove le storie prendono vita. Scoprilo ora