အခန်း(၁၀၀)ပျက်သုဉ်သွားသောဂိုဏ်း

5.9K 978 81
                                    

ကျူ းယောင်လည်း မျက်မှောင်ကြုတ်မိသွားတယ်။
ထို ဒိဌိကျင့်ကြံသူတွေနောက်လိုက်ရမယ့်အစား
မြေပေါ်ကိုဆင်းသက်လိုက်ပြီး သွေးညှီနံ့ရတဲ့
နေရာဆီကို ဦးတည်လိုက်တယ်။

ဘာတွေဖြစ်နေလဲဆိုတာ သေချာမသိပေမဲ့လည်း
တစ်ခုခုတော့ မကောင်းတာဖြစ်နေပြီဆိုတာ
နားလည်လို့ ဝူဆောင်းဟာ ဘာမှ မမေးဘဲ
ကျူ းယောင်နောက်ကနေ ကပ်လိုက်လာတယ်။

တစ်ခုခုကို မြင်လိုက်တဲ့အလား သူက လှမ်း
အော်ခေါ်တယ်။

'' နတ်ဝိဇ္ဇာ သခင်..''

ရှေ့မှာ သွေးစွန်းပြီး ပြတ်ကျနေတဲ့လက်တစ်ဖက်
ကို သူက လက်ညှိုးထိုးပြတယ်။

ကျူ းယောင် အစကတည်းက ထိုလက်တစ်ဖက်
ကို မြင်ပြီးသားဖြစ်တယ်။ သို့ပေမဲ့ လက်ဖြတ်
ခံထားရတာတဲ့နေရာက သွေးထွက်မနေဘဲ
တိတိရိရိ အဖြတ်ခံရသလိုမျိုး ဖြစ်နေတယ်။

ဒီလက်က တစ်ခုခုနဲ့ခုတ်ဖြတ်ခံထားရတာမျိူ း
မဟုတ်ဘူး။

ကျူ းယောင်လည်း ဂါထာတစ်ခုကို သုံးပြီး
ရှေ့တူရူဆီကို အလင်းတန်းတစ်ခု ပစ်လွှတ်
လိုုက်တယ်။ ရေလိုကြည်လင်နေတဲ့ အကာရံ
တစ်ခုပေါ်လာပြီး သူမ ပစ်တဲ့အလင်းတန်း
ကြောင့် ခတ္တမျှ လှုပ်ခတ်သွားကာ လိုက်ကာစ
ဆွဲဖွင့်ခံရသလို ပွင့်သွားတယ်။ပွင့်သွားတဲ့
လိုက်ကာရဲ့နောက်မှာတော့ ကုန်းမြေတစ်ခု
ရှိနေတယ်။တိမ်တွေကြားတည်ရှိနေတဲ့
တောင်တစ်လုံးဖြစ်လို့ ကျင့်ကြံသူတွေနေတဲ့
ဂိုဏ်းဆိုတာ ပြောဖို့မလိုဘူး။

ကျူ းယောင်စောစောက ဖွင့်လိုက်တဲ့ လိုက်ကာ
လို အကာရံက သူတို့ဂိုဏ်းရဲ့ တောင်အကာရံစည်း ဖြစ်ပုံရတယ်။တောင်ကို ကွယ်ပျောက်ရုံသာ လုပ်
နိူင်ပုံရတယ်။သူတို့ရှေးဟောင်းတောင်
ဂိုဏ်းရဲ့ တောင်အကာရံစည်းနဲ့ ယှဉ်လိုက်တော့
သူငယ်နှပ်စားအဆင့်ပဲ။
ကျူ းယောင်လည်း
သူ့ဆရာအတွက် ဂုဏ်ဆာမိသွားတယ်။

အကာရံစည်း ပွင့်သွားပြီးနောက်မှာတော့
လက်တစ်ဖက်မရှိတော့တဲ့ လူတစ်ယောက်ကို
သူမ တွေ့လိုက်ရတယ်။မြေပေါ်မှာလဲကျနေတဲ့
ထိုလူက မျက်လုံးတွေက ပြူ းထွက်နေတယ်။
ကြောက်မက်ဖွယ်ရာတစ်ခုခုကို မသေခင်
တွေ့မြင်လိုက်ရပုံပဲ။ ကျူ းယောင် စိတ်အာရုံနဲ့
စစ်ဆေးကြည့်လိုက်တော့ ထိုလူက အသက်
ကင်းမဲ့နေပြီ။ ထိုလူက နတ်အမြူ တေအဆင့်
ုဖြစ်ပုံရတယ်။ခုတော့ သူ့အမြူ တေက ကွဲကြေ
နေပြီ။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now