အခန်း(၂၆)​ကောင်စုတ်လေးတတိယအစ်ကို

7.6K 1K 41
                                    

၂၆

နတ်ဝိဇ္ဇာ သုံးယောက်လည်း မျက်နှာပျက်သွားကြတယ်။သူတို့ နတ်ဝိဇ္ဇာအရှိန်အဝါကို လွှတ်လိုက်တဲ့ အကြောင်းရင်းက တခြားဂိုဏ်းတွေရှေ့မှာ
သူတို့ ဂိုဏ်းရဲ့ အင်အားကို ပြသချင်ရုံပဲ။
နံပါတစ်နတ်ဝိဇ္ဇာကြီး ဒီမှာ ရှိမယ်လို့ မထင်ထားမိဘူးလေ။နောက်ဆုံးတော့ ကပြောင်းကပြန်တွေ
ဖြစ်ကုန်တယ်။

နတ်ဝိဇ္ဇာ သုံးယောက်လည်း အနည်းငယ် ရှက်သွားကြပြီး သူတို့ နတ်ဝိဇ္ဇာအရှိန်ဝါကို အမြန် ရုတ်သိမ်းလိုက်ကြတယ်။ထို့နောက် ရှေ့တိုးပြီး
နှုတ်ဆက်လိုက်ကြတယ်။
''ဦးလေးငယ်ကို နှုတ်ဆက်ပါတယ်''

ယုယန်လည်း တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး
သူရဲ့ ခပ်ထုံထုံတပည့်ကို ချီ အနည်းငယ်ဆက် သွင်းပေးနေလိုက်တယ်။သူမအဆင်ပြေသွားတာ သေချာပြီဆိုတော့မှ လက်ပြန်ရုတ်လိုက်ရင်း
'အင်း' လို့ ပြန်ဖြေတယ်။

အရှင်သခင် ရီရန်က ကျူ းယောင်ကို ပထမဆုံး တွေ့လိုက်တယ်။သူက သုံးယောက်ထဲမှာ အဖော်ရွေဆုံးလူလို့ပြောလိုက်ရတယ်။သူကပဲ အရင်စကားပြောတယ်။
''ဒါက ဦးလေးငယ် လက်ခံလိုက်တဲ့
တပည့်အသစ် ညီမငယ်လား မသိဘူး''

သူဘာလို့ အရှင်သခင် ယုယန်က သူတို့ဆီကို
ပြင်းထန်တဲ့ အရှိန်ဝါတွေ လွှတ်ပြီး တားဆီးလိုက်လဲဆိုတာ နားလည်တော့တယ်။သူ့တပည့်ကို သွားထိမိလို့လေ။

တကယ်တမ်းတော့လည်း ဒါသူတို့အပြစ်မဟုတ်ဘူးရယ်။ဒီစင်မြင့်မှာ ထိုင်နေတာက ဂိုဏိးသခင်တွေချည်းပဲ သူတို့ရဲ့အဆင့်ကလည်း အနည်းဆုံး
နတ်ဝိညဉ်အဆင့် ရောက်နေကြပြီ။သူတို့ ဦးလေးငယ်က ရုတ်တရုတ်စိတ်ပေါက်ပြီး သူ့တပည့်ကို
ဒ်ီခေါ်လာမယ်လို့ ဘယ်သူက တွေးမိမှာလဲ။

ကျူ းယောင်လည်း သူမအနေနဲ့ ဆက် နှုတ်ဆိတ်နေဖြင့် မသင့်တော်တော့တာကြောင့်မလို့ ခေါင်းငုံ့ပြီး နှုတ်ဆက်လိုက်တယ်။
''ဂိုဏ်းတူ ဆရာအကို နဲ့ အစ်မကို နှုတ်ဆက်ပါတယ်''
သူတို့ ရှေးဟောင်းတောင်တော်ဂိုဏ်းမှာ နတ်ဝိဇ္ဇာသုံးယောက်ရှိသေးတာ သိပေမဲ့ သူမအမြဲ တောင်ပေါ်မှာပဲ အကျယ်ချုပ်ခံထားရတော့ တစ်ခါမှ တွေ့ွခွင့် မရခဲ့ဘူး။
တခြား နှစ်ယောက် ပုံမှန်ပဲ ခေါင်းညိတ်ပြတယ်။
အရှင်သခင် ရီရန်ရဲ့ အပြုံးတွေက ဖော်ရွေလွန်း
နေတယ်။
''လွန်ခဲ့တဲ့ ရက်အနည်းငယ်ထဲ က ဦးလေးငယ်
တပည့်တစ်ယောက်ကို လက်ခံလိုက်တာ သိပေမဲ့လို့ တစ်ခါမှ တွေ့ဖို့ ကံမဆုံခဲ့ဘူး ခုလို ပထမဆုံး
စတွေ့ချိန်မှာတင် ညီမငယ်က အခြေတည်အဆင့်ရောက်နေပြီပဲ။တစ်ကယ်ကို ထူးချွန်လွန်းပါတယ်''

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now