အခန်း(၁၈)သုံးဖက်မြင်

7.2K 1K 15
                                    

၁၈

ခန်းမထဲက မျက်လုံးခြောက်စုံလုံးက သူမပေါ်ကျလာတယ်။ကောင်စုတ်လေးကလည်း တကယ့်ကို မယုံကြည်နိုင်တဲ့ ပုံစံနဲ့။သူမလက်က ရုန်းထွက်ပြီး သူမကို မျက်ရည်ပြည့်တဲ့ မျက်လုံးတွေ နဲ့ကြည့်နေတယ်။လူလိမ် ဆိုတဲ့ စာလုံးတွေက သူ့မျက်လုံးထဲမှာ ရေးထားတယ်။

ဟေ့ ဟေ့ ဟေ့ ကောင်စုတ်လေးက ဘယ်လို တောင် အသိမှတ်မပြုချင်တာလား!သူမပြောသားပဲ သူမက ကျောက်စိမ်းသစ်တောတောင်ကပါလို့ သူ့ဘာသူ အဲ့အဓိပါ္ပယ်ကို နားမလည်တာ။မင်းသေချာ နားမလည်တဲ့ ပစ္စည်းကို ဝယ်မိပြီး ရောင်းသူကို အပြစ်တင်လို့မရဘူးလေ သိတယ်မလား!!

''ဒေါ်လေးငယ် ကို နှုတ်ဆက်ပါတယ်''
ဒေါ်လေးငယ်က်ု နှုတ်ဆက်ပါတယ်''

ဇီယွမ်နဲ့ ယွမ်ရှမ်က သိပ် စိတ်မပါပေမဲ့လည်း
ဒီနေရာမှာ ဝါစဉ်အကြီးဆုံးက သူမ မလို့ သူတို့ သိက္ခာထိန်းဖို့ နှုတ်ဆက်ကြရတယ်။

မချိပြုံး ပြုံးပြရင်း ကျူ းယောင်တစ်ယောက်လက်ပြလိုက်တယ် သူတို့ အရိုသေပေးတာတွေ ရပ်ဖို့။
အလိုလျောက် ဘေးက ကောင်စုတ်လေးလက်ကို ဆွဲထားဖို့ ကြိုးစားပေမဲ့ ကောင်စုတ်လေးက ရှောင်လိုက်တယ်။သူ့နှုတ်ခမ်းလေးတွေက အစွမ်းကုန် ဆူပုတ်နေတယ်။သူမကို မျက်လုံးပြူ းကြီးနဲ့ ကြည့်နေတယ်။ 'ခင်ဗျား ကျတော့် ကို လိမ်တယ်'ဆိုတဲ့ အကြည့်တွေနဲ့။

အာ ကောင်စုတ်လေး ကလေးဆိုး လုပ်နေပြန်ပြီ!!

''ယန်ချန် ရှုဟိုင် မင်းတို့ နှစ်ယောက် သွားလိုက်တော့ ''

ဇီမိုက အချိန်မှီ ပြသနာကို ဖြေရှင်းလိုက်တယ်။
သူမကို အကြည့်စူးစူးတွေနဲ့ အသေသတ်မလို
ကြည့်နေတဲ့ ကောင်စုတ်လေးကို ယန်ချန်နဲ့ ထွက်သွားခိုင်းလိုက်တယ်။

ဇီမိုက ရှေ့တိုးလာတယ်။သူ့မျက်မှာက ချိုုသာစွာ ပြုံးနေတုန်းပဲ။သူမကို အဓိပ္ပါယ်ပါပါ
ကြည့်ထားပြီး
''စောစောက မြင်ကွင်းမှာ မထင်မှတ်ဘဲ ဒေါ်လေးငယ်လည်း ရှိနေတယ်ဆိုတော့ ဒီကိစ္စမှာ ဒေါ်လေးငယ်ရဲ့ အမြင်တွေက တစ်ကယ်ကို အရေးပါပါတယ်

ဒီကိစ္စကို ဘယ်လို ကိုင်တွယ်သင့်တယ်လို့
ဒေါ်လေးငယ် ထင်ပါသလဲ''

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now