အခန်း(၉၄)နောက်ကျနေတဲ့ ရှေ့ဖြစ်အိပ်မက်

7.5K 1K 96
                                    


ဇီမိုကလည်း ကျူ းယောင်ထင်သလို တစ်ကယ်ပဲ
ကျင့်သားရနေပါပြီ။ သို့ပေမဲ့ သူ အရင်ကလို
တည်တည်ငြိမ်ြငိမ် မရှိဘူး။ သူ့သမီးက ရေအာက
သဝိဉာဉ်ကြော ပိုင်ဆိုင်တာမလို့ အစကတည်းကမှ
လူတွေ စိတ်ဝင်စားနေတာ ခုလို လျင်လျင်မြန်မြန်
ကြီး.ကျင့်ကြံဆင့်တွေ မြှင့်လာတော့ လူတွေ
ပိုပြီး စိတ်ဝင်စားမလားဘူးလား။.ပိုမျက်စိကျ
လောဘ မတက်စေဘူးလား။

''ဆရာ....တပည့်ပြန်လာပါပြီ´´

သူတို့ပြောနေတုန်းမှာပဲ သူမ ရင်ဘတ်လောက်ထိ
ကိုကြီးလာပြီဖြစ်တဲ့ မုန်လာဥလေးဟာ ခုန်ပေါက်
ရင်း ပြန်ရောက်လာတယ်။ ချစ်စရာကောင်း
အရင်က ပုံစံထက်စာရင် မုန်လာဥလေး ခု
ပူံစံက ပြောင်းလဲသွားပြီ။ ပိုသွက်လက်ပြီး
ရဲတင်းတဲ့ ပုံစံ ဖြစ်လာတယ်။ အနည်းငယ်တောင်
မောက်မာသယောင်ထင်ရတယ်။

ယုလော်က သူမကို စိတ်လှုပ်ရှားစွာ.ပြန်ပြောပြ
တယ်။

'' ဆရာ..တပည့်လေ...ဒီနေ့...လက်နက်တောင်
ကို.သွားတော့လေသိလား....ချီယွမ်..ကိုတွေ့
တယ်...တပည့်သူကို မုန့်လုံးလို လုံးတဲ့အထိ..
ထုရိုက်ပြီး
ကန်ခဲ့တယ်...´´


ဘယ်လို!! ဇီမို စိတ်ထဲ.တုန်လှုပ်သွားတယ်။
ချီယွမ် ဟုတ်စ!! အဲ့ကလေးက လက်နက်တောင်
သခင် ကျီယွမ် ရဲ့ ချစ်လှစွာသော တူလေး
မဟုတ်ဘူးလား။ ကျီယွမ် မှာ ကလေးမှာမရှိပေမဲ့
သူ့ညီမှာ ရှိတယ်။ လောလောဆယ် ထိုတူလေး
က ၆ နှစ်ဖြစ်ပြီး ကျီယွမ်တို့အတွက်တော့
တစ်ကယ့် ချစ်လှစွာလေးပဲလေ။

ဘာကိစ္စ ထိုတူလေးက ဘာအကြောင်းပြချက်မှ
မရှိဘဲ သူ့သမီးလေးနဲ့.ရန်ဖြစ်တာပါလိမ့်။သူ့ဒေါ်လေးကို လှမ်းကြည့်ရင်း
ဇီမိုကတော့ တိတ်တိတ်ကလေး တြိတ်ငိုချင်လာ တယ်။ဒေါ်လေးရေ ..ဒေါ်လေးရဲ့..ကိုယ့်တပည့်ကို သေချာ သွန်သင်ပါဦး!!

ဇီမို့ရဲ့ ဟန်ပါပါအကြည့်ကို.ကျူ းယောင်သတိ
ုပြုမိပေမဲ့လည်း ယုလော်ဘက်ကို လှည့်ပြီး
ပြောလိုက်တယ်။

''.မင်း...နိုင်ခဲ့တယ်မလား´´

''သေချာပေါက်ပေါ့..´´

ယုလော်က သူ့လက်သီးသေးသေးလေးတွေ
ဝေ့ရမ်းပြရင်း ပြောတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Opowieści tętniące życiem. Odkryj je teraz