အခန်း(၁၃)စွယ်စုံထူးချွန်

8K 1K 116
                                    

၁၃
ဆရာသခင် ယုယန်ဆိုတာ ကျင့်ကြံခြင်းလောက် မှာ နံပါတ်တစ်ဖြစ်သလို သူ ဒဏ်ရာရဖူးတယ်ဆိုတာလည်း အတော်ကိုကြာလှပြီ။နှစ်ထောင်ချီ အတွင်း သူ့ကို ရန်စရဲ့သူ မရှိခဲ့ဘူး။သူနဲ့တိုက်ခဲ့သူတွေဆိုတာလည်း ဒီကမ္ဘာကနေစွန့်ပြီး နတ်ဘုရားအဖြစ်ရောက်ရင်ရောက် မရောက်ရင် သူ့လက်ချက်
အရိုးအသားတစ်ခြားစီ ဖြစ်သွားတာကြာပေါ့။

ဒါပေမဲ့ မနေ့က သူရုတ်တရက် တိုက်ခိုက်ခံလိုက်ရတယ်။တိုက်ခိုက်သူကလည်း
သူ နှစိတစ်သောင်း
တောင် စောင့်နေခဲ့ရတဲ့ တပည့်ကျော်။ဖတ်ခနဲဆို သူ့ပါးကို ရိုက်လိုက်တာ။

သူမျက်နှာက ဘာမှ
မဖြစ်ပေမဲ့လို့ သူ့တပည့်လက်ကတော့ နီရဲသွားတယ်။ယုယန်နားကိုမလည်ဘူး။သူက ဒဏ်ရာကြည့်ချင်ရုံလေးကို ဘာလို့ အဲ့လိုတုံ့ပြန်ခံရလဲဆိုတာ။သူ့ကို ကြည့်ခွင့်မပေးတဲ့ အပြင် ပြန်တောင်ခံချသေးတယ်။

တစ်ကယ်တော့ သူ့တပည့်ရဲ့ ငယ်သံပါအောင်
အော်သံကြောင့် သူလည်း နည်းနည်းလန့်သွားတယ်။အဲ့တာနဲ့ ရွေးစရာမရှိတော့ဘဲ သူ့တပည့်သွေးတိတ်အောင် ဆေးတစ်ချို့ပေးထားခဲ့ပြီး ထွက်လာခဲ့ရတယ်။

သူ့တပည့်ဘာဖြစ်နေတာလဲဆိုတာ သူသေချာတွေးဖို့လိုနေပြီ။သူတပည့်က ခပ်တုံးတုံးလေးဆိုပေမဲ့ ဒီလိုပြန်လုပ်တာမျိုးက ပထမဆုံးအကြိမ်ပဲ။ပြီးတော့ သူမအော်လိုက်တဲ့ အကျင့်မကောင်းတဲ့ကောင် ဆိုကရော သူ့ကို ပြောတာလား သိချင်နေတယ်။

ငယ်ငယ်ကတည်းက ကျောက်စိမ်းသစ်တောတောင်မှာပဲ အမြဲ နေလာခဲ့တာမလို့ သူတွေ့ဖူးတဲ့သူက
သိပ်မရှိဘူးရယ်။တစ်ခါလေ လူ့လောကထဲဆင်းပြီး လုပ်စရာရှိတာတွေ ဆောင်ရွက်တတ်ပေမဲ့လို့
အဲ့တာတွေကလည်း လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက ဖြစ်တယ်။ပြီးတော့ ကျန်အချိန်တွေက သူ
တောင်ပေါ်မှာပဲ နေပြီး ဆက်ခံသူကို စောင့်နေတာ။ဒါကြောင့် လူ့လောကနဲ့ ပက်သက်တဲ့ အသိက သူ့မှာအတော်နည်းတယ်။

(TNl:😂😣ကြိုပြောပါရစေ နည်းတာ မဟုတ်ဘူး
ရှိကို မရှိတာပါ)

သူ့တပည့်ပြောတော့ အကျင့်မကောင်းတဲ့ နှာဘူး ဆိုတာ ဘာကို ပြောတာလဲ!!သူ့ဆရာကလည်း သူ့ကို အဲ့အကြောင်း မသင်ပေးသွားဘူး!!
သူ့ရဲ့ ဆရာဆိုတဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ရယ် သူတပည့်ရဲ့ ထူးဆန်းတဲ့ အပြုမှုကို သိချငိတာကြောင့်ရယ် နှစ်တစ်သောင်းတိုင် တွင်းအောင်းနေတဲ့ ယုယန် တစ်ယောက် သာမန်လူတွေထဲ ဝင်ပြီး စုံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now