အခန်း(၁၁၆)ဆရာ!

3.8K 655 130
                                    

နင့်မေ ငူံးဉ!!

ဘာကိစ္စ နောကိက အကောင်ဆန်းအုပ်မကြီး
မလိုက်တော့တာလဲဆိုတာ သိလိုက်ရပြီ။
​ရှေ့က ထွက်ပေါက် မဟုတ်ဘူး။

သည် အနက်ရောင်ဟင်းလင်းပြင်ကို သူ
ပထမဆူံးမြင်ဖူးတာမဟုတ်ဘူး။ ဟိုတစ်ခေါက်
တာရို့လူမှာတုန်းက ပြုတ်သွားပြီး ဗားရှင်း
အသစ်တောင် ပြောင်းသွားစေတဲ့ ပျက်သုန်းမြေပဲ။

ပြောရရင် သည်နေရာဟာ လောကရဲ့ အဆုံး
သတ်နေရာလို့ပြနေတာပဲ။

ကျူးယောင် ရင်တုန်ပန်းတုန် ဖြစ်လာတယ်။

နှမိးလေးလည်း ကြောင်တက်တက် ဖြစ်
သွားတယ်။

'' သခင်မ ကျတော်တို့ ဘာလုပ်ကြမလဲ''

ကျူးယောင်လည်း သက်ပြင်းချမိပြန်တယ်။

'ပြန်လှည့်ပြီး ထွက်ပေါက်အသစ်
ရှာကြစို့''

ကျူးယောင်လည်း ငိုချင်ရက်နဲ့ပဲ ​ေလာရာဘက်ကို
ပြန်လှည့်ပြီး ပျံသန်းလိုက်တယ်။ထိုအခိုက်မှာပဲ
ပြင်းထန်လွန်းတဲ့ ဖိအားတစ်ခုက သူတ်ို့သူံး
ကောင်လုံးကို မြေပြင်ပြုတ်ကျပြီး ပြားပြား
ဝပ်သွားစေတယ်။

'' လခွမ်းပဲ''

ကျူးယောင်လည်း တစ်ခွန်းသာ ကောင်း
ကောင်းကျိန်ဆဲနိုင်လိုက်ပြီး ဖိအားကြောင့်
မြေပေါ် ဝယ် ဝပ်ကျသွားတယ်။စောစောက
ငြိမ်သက်နေတဲ့ ပျက်သုန်းမြေဟာ ချက်ချင်း
လှုပ်ရှားလာပြီး အကောင်ကြီးတစ်ကောင်
ပါးစပ်ဟကာ ဝါးမြိုသလို  ရှေ့မှာ ရှိသမျှ
အရာအားလူံးကို အလျင်မြန် ဝါးမျိုလာ
တော့တယ်။

ရှိသမျှ အပင် တွေ ကျောက်တုံးတွေ အရာတွေသာမက လေကိုပါ ဝါးမျိုးသွားပြီး အနက်ရောင်ဟင်းလင်းပြင် သာချန်ခဲ့တယ်။

သုံးယောက်လုံးက နီးကပ်လွန်းနေတာကြောင့်
သည် ဖိအားကို မခုခံနိုင်သလို ပြန်ရုန်းဖို့လည်း
မဖြစ်နိုင်ဘူး။ ကျင့်ကြံဆင့်ရှိသူတစ်ယောက်က
ထုတ်လွှတ်တဲ့အရှိန်ဝါနဲ့ ဘာမှကို မဆိုင်ဘူး။
လောကတစ်ခုရဲ့အဆူံးမှာ ရှိတဲ့ ပျက်သုန်း
မြေမလို့ သူတို့ဟာ လောကတာအိုနိယာမ
တွေ ပါဝင်နေတယ်။ သည်ဖိအားအောက်
ကို ရောက်သွားတာနဲ့ ဘယ်သူမဆို မခွဲခြားပဲ
ဖိနှိပ်ခံရမှာပဲ။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now