အခန်း(၁၂၂)တံခါးပိတ်ကျင့်ကြံမယ်

2.4K 528 47
                                    

Unicode

ကျူးယောင်လည်း သူတို့ကို သွေးခွဲစကားပြော
ပေးတာ တော်‌ေလာက်ပြီလို့ တွေးရင်း
ယုလော်လက်ကို ဆွဲကာ ခန်းမကျယ်ထဲက
အရင်ထွက်လိုက်တယ်။
သုံးလေးလှမ်းအရောက်မှ နောက်ပြန်လှည့်
ကာ ဝူဆောင်းကို စကားတစ်ချို့ လက်ဆောင်
ပါးလိုက်တယ်။

''  အချစ်စစ်နဲ့ ဆုံစည်းနိုင်လို့ ဂုဏ်ယူပါတယ်
ဂိုဏ်းချုပ်ဝူ ....
သူ အပျိုမစစ်တော့လည်း
ဂိုဏ်းချုပ်ဝူအဖို့
ကိစ္စတော့ မရှိဘူးမလား ''

သူ့စကားလည်း ကြားရော မုမေ့ယန်မျက်နှာ
ကြီးက ချက်ချင်း ပျက်ယွင်းသွားတယ်။



ကျူးယောင်လည်း ကျောက်စိမ်းသစ်
တောတောင်ဆီကို စိတ်အေးကြည်သာစွာ
ဖြင့် ပျံသန်းလာခဲ့တယ်။မုမေ့ယန် အပျိုစင်
မဟုတ်တော့တဲ့ ကိစ္စက သူ့ ခန့်မှန်းချက်
သက်သက် ပဲ ဖြစ်တယ်။ရှေ့ဖြစ်အိပ်မက်ထဲ
ယွဲ့ဟန်ရှင်းရဲ့
အီစီကလီ အမျိုးသားတွေကို ရဖို့ မုမေ့ယန်
ဟာ ဘယ်နည်းနဲ့မဆို ရအောင်သုံး ယူခဲ့တယ်။ခုဆိုနှစ်တစ်ထောင်တောင် ရှိသွားပြီမလို့ မုမေ့ယန်
တစ်ယောက် အပျိုစင် အဖြစ်
သူ့က်ိုယ်သူ ထိန်းသိမ်းနိုင်ဦးမယ်ဆိုတာ
မဖြစ်နိုင်‌‌ေသာ ကိစ္စဖြစ်တယ်။

မုမေ့ယန် မျက်နှာသွင်ပြင် ကြည့်လိုက်ထဲက
သူထင်တာ မှားတော့ မှားပုံမရဘူး။

ကျင့်ကြံခြင်းလောကမှာ လက်တွဲဖော်ကျင့်ကြံသူ ရွေးချယ်ရတာဟာ တစ်ကယ်ကို အလေး
နက်ထားကြတဲ့ ကိစ္စဖြစ်တယ်။
ကိုယ့်အပျိုစင်ကိုလည်း  လက်တွဲဖော်ကိုသာ
ပေးအပ်လေ့ရှိတယ်။ ယောကျာ်းတကာနဲ့
ဖြစ်ချင်ရာဖြစ်သောသူတွေကိုတော့ အများစုက
ဒိဌိကျင့်ကြံသူ မီးပြင်းဖို အဖြစ်သာ သတ်မှတ်
တတ်ကြတယ်။ဒါကြောင့် ဝူဆောင်းသာ
ယုလော်နဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့မယ်ဆိုရင်
ယုလော် ဂုဏ်သိက္ခာအတွက် ကြီးကြီးမားမား
ထိခိုက်နိုင်တယ်။ ဒီအကြောင်းကြောင်းကြောင့် ယုလော်ဟာ သူ့ဆက်ခံသူတပည့် ၊သူ
သဘောမတူနိုင်ဘူးဆိုလို့သာ အခြေနေ
တစ်ခုလုံးကိုပြောင်းပြန်လှန်လိုက်နိုင်တာ။
ယုလော်က ဝူဆောင်း စေ့စပ်ခွင့်တောင်းတာကို ငြင်းပယ်သော ပုံစံချိုးသွားနိုင်ခဲ့တာ။




နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now