အခန်း(၁၀၁)လောကနံပါတ်တစ်ဂိုဏ်းဆိုတာ

7.6K 989 120
                                    

'' မင်းတို့အားလုံးက ဘယ်ဂိုဏ်းကလဲ...
ဘာလို့ မင်းတို့ကို ဒိဌိကျင့်ကြံသူတွေက လိုက်
သတ်တာလဲ´´

ကျူ းယောင်မေးလိုက်တယ်။

ကလေးတွေက တစ်ယောက်ကို တစ်ယောက်
ကြည့်နေကြတယ်။ထိုထဲက အသက်လည်း
အကြီးဆုံးဖြစ်ပြီး ချီ ကျင့်ကြံဆင့်လည်း အတော်
နည်းနည်းရှိနေပြီဖြစ်တဲ့ ကောင်မလေးက ရှေ့
ထွက်ရပ်တယ်။ ကျူ းယောင်ပုံစံက ဒိဌိကျင့်ကြံ
သူတွေနဲ့ မတူတာကို သိလိုက်တာမလို့
ကလေးမလေးက စနှုတ်ဆက် အရိုသေပေးတယ်။

'' ကျွန်မတို့ကို ကယ်ပေးတဲ့အတွက် အကြီးကဲ
ကို ကျေးဇူးတင်ပါတယ်...ကျတောိတို့က...
မိုးပြာဖျော့ဂိုဏ်းကပါ...ကျနော်...ဂိုဏ်းထဲ
ရောက်တာ ဆယ်နှစ်ရှိပါပြီ...ဒီနေ့တော့
ဒိဌိကျင့်ကြံသူအများပြား ဂိုဏ်းထဲကို ဝင်တိုက်
ကြပါတယ်...ဂိုဏ်းချုပ်နဲ့ ဦးလေးတွေက..
ကျတော်တို့ကို ဒီမှာ လာဖွက်ထားတာပါ...
ဘာလို့ သူတို့တွေ လာတိုက်ခိုက်လဲဆိုတာတော့
မသိပါဘူး´´

ကျူ းယောင်လည်း မျက်မှောင်ကြုတ်မိတယ်။
ကလေးတွေ အကြောင်းရင်းကိုု မသိကြဘူးဆိုတာ
နားတော့လည်နိုင်ပါတယ်။

'' မင်းတို့ကို လာတိုက်တဲ့ ဒိဌိကျင့်ကြံသူတွေက
မရှိတော့ဘူး...ဒါပေမဲ...´´

ကျူ းယောင်လည်း ပြောရင်းနဲ့ ခဏ တုံ့ဆိူင်း
သွားတယ်။နောက်ဆုံးတော့ ပြောဖို့ ဆုံးဖြတ်
လိုက်တယ်။

'' မင်းတို့ကလွဲလို့..တခြားရှင်ကျန်ရစ်သူမရှိဘူး
မင်းတို့ ဆရာလည်းပဲ သေဆုံးသွားပြီလို့
ငါထင်တယ်´´

ခဏကြာတော့ အုပ်စုထဲမှာ ငိုသံအချို့ ထွက်လာ
တယ်။

ထိုစဉ် ကလေးတစ်ယောက်က သူမလက်ထဲက
ကျောက်စိမ်းပြားကို လက်ညှိုးထိုးရင်း စိတ်
လှု့ပ်ရှားစွာ ပြောတယ်။

'' အဲ့တာ....ဂိုဏ်းချုပ်အမှတ်သားပဲမလား´´

တခြားကလေးတွေလည်း သတိထားမိသွား
ကြတယ်။စောစောက ဝမ်းနည်းနေတဲ့ မျက်လုံး
လေးတွေက တစ်ဖန်တောက်ပလာပြန်တယ်။

မကောင်းတဲ့ အရိပ်ငွေ့သက်တစ်ခုခုတော့
ရနေပြီလို့ ကျူ းယောင် ခံစားလိုက်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now